လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် Business Visa (e-visa) လျှောက်ထားမှုများအား ဧပြီ ၁ ရက်နေ့မှစတင်ကာ လက်ခံဆောင်ရွက်ပေးခဲ့ရာ မတ် ၁ ရက်နေ့အထိ တစ်လတာကာလအတွင်း Business Visa လျှောက်ထားသူဦးရေ နှစ်ထောင်နီးပါးရှိပြီး ထိုထဲကမှ ၁၃၆၇ ဦးကို ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသတင်းများအရ သိရသည်။

Business Visa လျှောက်ထားသူများတွင် အချက်အလက်မပြည့်စုံ၍ ပြန်လည်တောင်းခံထားသူ ၂၂၁ ဦးရှိပြီး လက်ရှိဆောင်ရွက်နေဆဲမှာ ၃၂၄ ဦးဖြစ်ကြောင်းလည်း သိရှိရသည်။

ထိုသို Business Visa လျှောက်ထားသူများထဲတွင် အဓိကအားဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် Board of directors အနေဖြင့် လာရောက်လျှောက်ထားသူများကြောင်း၊ နိုင်ငံတကာ လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲနေပြီဖြစ်သဖြင့် နောက်ပိုင်းတွင် Business Visa လျှောက်ထားသူ ပိုမိုများပြားလာနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ် ဝင်၊ ထွက် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သီဟက ပြောဆိုထားသည်။
#mhtnews

(Zawgyi)
“တစ္လအတြင္း Business Visa ေလွ်ာက္ထားသူဦးေရ ႏွစ္ေထာင္နီးပါးရွိၿပီး ထိုထဲကမွ ၁၃၆၇ ဦးကို ခြင့္ျပဳေပးထား”

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာနအေနျဖင့္ Business Visa (e-visa) ေလွ်ာက္ထားမႈမ်ားအား ဧၿပီ ၁ ရက္ေန႕မွစတင္ကာ လက္ခံေဆာင္႐ြက္ေပးခဲ့ရာ မတ္ ၁ ရက္ေန႕အထိ တစ္လတာကာလအတြင္း Business Visa ေလွ်ာက္ထားသူဦးေရ ႏွစ္ေထာင္နီးပါးရွိၿပီး ထိုထဲကမွ ၁၃၆၇ ဦးကို ခြင့္ျပဳေပးထားၿပီးျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာနသတင္းမ်ားအရ သိရသည္။

Business Visa ေလွ်ာက္ထားသူမ်ားတြင္ အခ်က္အလက္မျပည့္စုံ၍ ျပန္လည္ေတာင္းခံထားသူ ၂၂၁ ဦးရွိၿပီး လက္ရွိေဆာင္႐ြက္ေနဆဲမွာ ၃၂၄ ဦးျဖစ္ေၾကာင္းလည္း သိရွိရသည္။

ထိုသို႔ Business Visa ေလွ်ာက္ထားသူမ်ားထဲတြင္ အဓိကအားျဖင့္ ရင္းႏွီးျမႇုပ္ႏွံသူမ်ားႏွင့္ Board of directors အေနျဖင့္ လာေရာက္ေလွ်ာက္ထားသူမ်ားေၾကာင္း၊ နိုင္ငံတကာ ေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲေနၿပီျဖစ္သျဖင့္ ေနာက္ပိုင္းတြင္ Business Visa ေလွ်ာက္ထားသူ ပိုမိုမ်ားျပားလာနိုင္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ နယ္စပ္ ဝင္၊ ထြက္ ထိန္းသိမ္းေရးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေအာင္သီဟက ေျပာဆိုထားသည္။
#mhtnews