ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်းက မြန်မာနိုင်ငံအတွင်းသို ရောက်ရှိနေသည့် နိုင်ငံခြားသား ၁၁၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ရန် စိစစ်ထောက်ခံမှုများပြုလုပ်ပေးခဲ့ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြေညာထားသည်။

အဆိုပါ နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တိုဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများဖြစ်ကြပြီး ကုမ္ပဏီပေါင်း ၄၆၄ ခုမှ နိုင်ငံခြားသား ၁၁၁၁ ဦးကို လာရောက်သည့် နိုင်ငံပေါင်း ၂၄ ခုသို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော မတ်လကလည်း ကုမ္ပဏီပေါင်း ၅၁၆ ခုတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှလာရောက်ကြသည့် နိုင်ငံခြားသား ၁၅၁၀ ဦးကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိရေးအတွက် အဆိုပါ ဝန်ကြီးဌာနက စိစစ်ထောက်ခံပေးခဲ့သည်ဟုလည်း သိရသည်။
#mhtnews

(Zawgyi)
“တစ်လအတွင်း ကုမ္ပဏီပေါင်း ၄၆၄ ခုမှ နိုင်ငံခြားသား ၁၁၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ရန် ထောက်ခံပေးခဲ့”

ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်းက မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသား ၁၁၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါနိုင်ရန် စိစစ်ထောက်ခံမှုများပြုလုပ်ပေးခဲ့ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြေညာထားသည်။

အဆိုပါ နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများဖြစ်ကြပြီး ကုမ္ပဏီပေါင်း ၄၆၄ ခုမှ နိုင်ငံခြားသား ၁၁၁၁ ဦးကို လာရောက်သည့် နိုင်ငံပေါင်း ၂၄ ခုသို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်ရနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

#mhtnews