မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့တွင် ညောင်ဦးမြို့ရှိ အကျဉ်းထောင်၊ ညောင်ဦးမြို့မနှင့် ပုဂံနယ်မြေရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ပြီး ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂို‌ဒေါင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် ၃၀၀ နှင့် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၂၀၀ တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံက လက်ခံရယူခဲ့သည်။

ကော်မရှင်အဖွဲ့၏ ခရီးစဉ်အတွင်း ရရှိခဲ့သည့် စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ေညာင္ဦးၿမိဳ႕ရွိ အက်ဥ္းေထာင္၊ ေညာင္ဦးၿမိဳ႕မႏွင့္ ပုဂံနယ္ေျမရဲစခန္း အခ်ဳပ္ခန္းတို႔ကို ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္မွ သြားေရာက္ ၾကည့္ရႈစစ္ေဆး၍ ခရီးစဥ္အတြင္း ရရွိခဲ့သည့္ စစ္ေဆးေတြ႕ရွိခ်က္ႏွင့္ အႀကံျပဳခ်က္မ်ားကို လိုအပ္သလို အေရးယူေဆာင္႐ြက္ေပးနိုင္ေရးအတြက္ သက္ဆိုင္ရာသို႔ ေပးပို႔ေဆာင္႐ြက္ သြားမည္”

ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္မွ အဖြဲ႕ဝင္ ဦးေက်ာ္စိုးႏွင့္ ဦးတင္ေအာင္တို႔ ဦးေဆာင္ေသာအဖြဲ႕သည္ ယမန္ေန႕တြင္ ေညာင္ဦးၿမိဳ႕ရွိ အက်ဥ္းေထာင္၊ ေညာင္ဦးၿမိဳ႕မႏွင့္ ပုဂံနယ္ေျမရဲစခန္း အခ်ဳပ္ခန္းတို႔ကို သြားေရာက္၍ ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

အက်ဥ္းေထာင္ႏွင့္ ရဲစခန္းအခ်ဳပ္ခန္းတို႔ကို ၾကည့္ရႈစစ္ေဆးစဥ္ ေကာ္မရွင္ဥပေဒ ျပ႒ာန္းခ်က္မ်ား၊ ေကာ္မရွင္ဥပေဒ လုပ္ထုံးလုပ္နည္း ထုတ္ျပန္ခ်က္မ်ားႏွင့္အညီ အက်ဥ္းသား၊ အက်ဥ္းသူ၊ အခ်ဳပ္သား၊ အခ်ဳပ္သူမ်ားကို အုပ္စုလိုက္ခြဲ၍ ေတြ႕ဆုံကာ အက်ဥ္းသား၊ အခ်ဳပ္သားတစ္ဦး၏ အနိမ့္ဆုံးရရွိမည့္ အခြင့္အေရးျဖစ္ေသာ ေနထိုင္စားေသာက္မႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈ ရွိ မရွိ၊ ေထာင္ဝင္စာပစၥည္းမ်ား စုံလင္စြာရရွိျခင္း ရွိ မရွိ၊ ရသင့္ရထိုက္ေသာ အသုံးအေဆာင္ပစၥည္းမ်ား ရရွိျခင္း ရွိ မရွိႏွင့္ ညွဥ္းပန္းႏွိပ္စက္မႈ ရွိ မရွိ စသည္တို႔ကို ေမးျမန္းမွတ္တမ္းတင္ၿပီး ယခင္က ၾကည့္ရႈစစ္ေဆးခဲ့သည့္ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ထားမႈတို႔ကို ၾကည့္ရႈစစ္ေဆးသည္။

အက်ဥ္းေထာင္အား ဝင္ေရာက္ၾကည့္ရႈစစ္ေဆးစဥ္ အက်ဥ္းသား၊ အက်ဥ္းသူ၊ အခ်ဳပ္သား၊ အခ်ဳပ္သူမ်ား၏ အိပ္ေဆာင္မ်ား၊ ေထာင္တြင္းေဆးခန္း၊ တိုက္ခန္းမ်ား၊ စာၾကည့္တိုက္၊ စားဖိုႀကီး၊ ရိကၡာဂိုေဒါင္၊ ေရသန႔္စက္၊ ေသာက္ေရႏွင့္ သုံးေရကန္မ်ား၊ မိလႅာမ်ား သန႔္ရွင္းမႈ ရွိ မရွိကိုလည္းေကာင္း၊ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးႏွင့္ စပ္လ်ဥ္း၍ ေဆာင္႐ြက္ထားရွိမႈတို႔ကို လည္းေကာင္း ၾကည့္ရႈစစ္ေဆးသည္။

အက်ဥ္းေထာင္ရွိ အက်ဥ္းသား၊ အက်ဥ္းသူ၊ အခ်ဳပ္သား၊ အခ်ဳပ္သူမ်ားအတြက္ ကမၻာ့လူ႕အခြင့္အေရး ေၾကညာစာတမ္း ျမန္မာျပန္စာသားမ်ားပါရွိေသာ မွတ္စုစာအုပ္ ၃၀၀ ႏွင့္ ဗဟုသုတရဖြယ္ရာ စာအုပ္စာေပ ၂၀၀ တို႔ကို ေကာ္မရွင္မွ လႉဒါန္းခဲ့ရာ အက်ဥ္းေထာင္တာဝန္ခံက လက္ခံရယူခဲ့သည္။

ေကာ္မရွင္အဖြဲ႕၏ ခရီးစဥ္အတြင္း ရရွိခဲ့သည့္ စစ္ေဆးေတြ႕ရွိခ်က္ႏွင့္ အႀကံျပဳခ်က္မ်ားကို လိုအပ္သလို အေရးယူေဆာင္႐ြက္ေပးနိုင္ေရးအတြက္ သက္ဆိုင္ရာသို႔ ေပးပို႔ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

#mhtnews