ဆေးပညာဘွဲ့ရအောင်စာရင်း ထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ထားသည်။

ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလများတွင် ဆေးပညာဘွဲ့ရအောင်စာရင်း ထုတ်ပြန်ပြီးသူ စုစုပေါင်း (၁၂၂၂)ဦးရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အောင်စာရင်း ထုတ်ပြန်ပြီးသူများသည် သက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပထမနှစ်သင်တန်းသို့ စတင်တက်ရောက်စဉ်ကတည်းက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းမျဉ်း စည်းကမ်းများအတိုင်း “ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်”ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးထားပြီးဖြစ်သည်ဟုဆိုသည်။

ယခုအခါ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့် အဆိုပါ (၁၂၂၂)ဦးသည် သင်တန်းတက်ရောက်စဉ်က ချုပ်ဆိုခဲ့သည့် ကတိခံဝန်ချက်အတိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။

#mhtnews

(Zawgyi)

“ေဆးပညာဘြဲ႕ရေအာင္စာရင္း ထုတ္ျပန္ၿပီးသူမ်ား နိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ရန္ က်န္းမာေရးဝန္ႀကီးဌာနမွ ေၾကညာခ်က္ထုတ္ျပန္”

ေဆးပညာဘြဲ႕ရေအာင္စာရင္း ထုတ္ျပန္ၿပီးသူမ်ားအား နိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ရန္ က်န္းမာေရးဝန္ႀကီးဌာနမွ ေၾကညာခ်က္ထုတ္ျပန္ထားသည္။

ေဆးတကၠသိုလ္မ်ား၏ သင္ၾကားေရးေဆး႐ုံႀကီးမ်ားတြင္ အလုပ္သင္ဆရာဝန္အျဖစ္ တာဝန္ထမ္းေဆာင္ၿပီး၍ ၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလႏွင့္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမ်ားတြင္ ေဆးပညာဘြဲ႕ရေအာင္စာရင္း ထုတ္ျပန္ၿပီးသူ စုစုေပါင္း (၁၂၂၂)ဦးရွိေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ေအာင္စာရင္း ထုတ္ျပန္ၿပီးသူမ်ားသည္ သက္ဆိုင္ရာ ေဆးတကၠသိုလ္မ်ားတြင္ ပထမႏွစ္သင္တန္းသို႔ စတင္တက္ေရာက္စဥ္ကတည္းက တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္ပါ စည္းမ်ဥ္း စည္းကမ္းမ်ားအတိုင္း ဘြဲ႕ရရွိၿပီးေနာက္ နိုင္ငံေတာ္မွ လိုအပ္သည့္အခ်ိန္တြင္ နိုင္ငံ့ဝန္ထမ္းအျဖစ္ သုံးႏွစ္ၾကာ မပ်က္မကြက္ တာဝန္ထမ္းေဆာင္ပါမည္ဟု ကတိခံဝန္ခ်က္ လက္မွတ္ေရးထိုးထားၿပီးျဖစ္သည္ဟုဆိုသည္။

ယခုအခါ နိုင္ငံေတာ္တြင္ ျပည္သူလူထုအား က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္ ဆရာဝန္မ်ား လိုအပ္လ်က္ရွိျခင္းေၾကာင့္ အဆိုပါ (၁၂၂၂)ဦးသည္ သင္တန္းတက္ေရာက္စဥ္က ခ်ဳပ္ဆိုခဲ့သည့္ ကတိခံဝန္ခ်က္အတိုင္း နိုင္ငံ့ဝန္ထမ္းအျဖစ္ သုံးႏွစ္မပ်က္မကြက္ တာဝန္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားျခင္းျဖစ္သည္။

#mhtnews