ောက်လုပ်ရေးဝန်ကြီးဌာန၊ မြိုပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကို ယမန်နေ့(မေ ၁၉ ရက်) တွင် နစကမှဖမ်းဆီးစစ်ဆေးနေကြောင်း ထွက်ပေါ်လာသော သတင်းများအရ သိရသည်။

ထိုသို ဖမ်းဆီးခြင်းမှာ ဦးမြင့်နိုင်အနေဖြင့် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံပိုင်မြေများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ အခြားမြေအဖြစ်အသုံးပြုခွင့်ချပေးခဲ့သည့် နိုင်ငံပိုင်မြေ ၃၇ ဧကကျော်အတွက် စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုထားကြသည်။

NLD အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရတိုအကြား သဘောတူညီမှုရှိခဲ့သည့် မြေအသုံးချရေးဆိုင်ရာကိစ္စရပ်များတွင် ဦမြင့်နိုင်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိဘဲ မြေအသုံးပြုခွင့်ပေးခဲ့သည့်ကိစ္စရပ်များ ရှိခဲ့သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကို ဖမ်းဆီးစစ်ဆေးနေဟုဆို”

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ကို ယမန်နေ့(မေ ၁၉ ရက်) တွင် နစကမှဖမ်းဆီးစစ်ဆေးနေကြောင်း ထွက်ပေါ်လာသော သတင်းများအရ သိရသည်။

ထိုသို့ ဖမ်းဆီးခြင်းမှာ ဦးမြင့်နိုင်အနေဖြင့် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံပိုင်မြေများကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံ အခြားမြေအဖြစ်အသုံးပြုခွင့်ချပေးခဲ့သည့် နိုင်ငံပိုင်မြေ ၃၇ ဧကကျော်အတွက် စစ်ဆေးခြင်းဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုထားကြသည်။

NLD အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရတို့အကြား သဘောတူညီမှုရှိခဲ့သည့် မြေအသုံးချရေးဆိုင်ရာကိစ္စရပ်များတွင် ဦမြင့်နိုင်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိဘဲ မြေအသုံးပြုခွင့်ပေးခဲ့သည့်ကိစ္စရပ်များ ရှိခဲ့သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
#mhtnews