စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြိုနယ် ၊ ရိုးလာဒေသမှာ ယမန်နေ့ (မေ ၁၅ ရက်) နေ့ခင်းပိုင်းက ကုန်တင်ကားပိုင်ရှင်တစ်ယောက် အသတ်ခံရတယ်လို ကားသမားတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့သူဟာ တိန်းသာကျေးရွာက ကားပိုင်ရှင် ဦးမိုးကျော်ဆိုသူဖြစ်ပြီး သူပိုင်တဲ့ ၆ ဘီးကားကို ကိုမောင်ရ ဆိုသူက မောင်းနှင်လျှက်ရှိရာ ယမန်နေ့မှာတော့ အကြမ်းဖက်သမားတွေက ကိုမောင်ရကို ဖမ်းထားပြီး ကားပိုင်ရှင်ကို ဖုန်းဆက်ခေါ်ခိုင်းတဲ့အတွက် ဦးမိုးကျော်လည်း ကားဆီလိုက်သွားစဥ်မှာ အကြမ်းဖက်သမားတွေက ဆက်ကြေးတောင်းတာကို ဦးမိုးကျော်က မပေးနိုင်သေးဘူးပြောဆိုတာကြောင့် သတ်ဖြတ်လိုက်တာဖြစ်တယ်လို ဆိုပါတယ်။

ဒါ့အပြင် ဆက်ကြေးမပေးသေးတာကြောင့် ကားနဲ့ ကားသမား ကိုမောင်ရ ကိုလည်း ယခုထိ ဖမ်းဆီးထားဆဲဖြစ်လို အဆိုပါကိစ္စကို အရေးယူနိုင်ဖိုအတွက် မော်လိုက်မြိုနယ် လုံခြုံရေးတပ်ဖွဲက ရိုးလာဒေသဘက်ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ဆက်ကြေးကောက်တာ မပေးနိုင်လို့ ကားနဲ့ ကားသမားကို ပြန်ပေးဆွဲထားပြီး ကားပိုင်ရှင်ကို အကြမ်းဖက်အုပ်စုက ခေါ်ယူ သတ်ဖြတ်”

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ၊ ရိုးလာဒေသမှာ ယမန်နေ့ (မေ ၁၅ ရက်) နေ့ခင်းပိုင်းက ကုန်တင်ကားပိုင်ရှင်တစ်ယောက် အသတ်ခံရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့သူဟာ တိန်းသာကျေးရွာက ကားပိုင်ရှင် ဦးမိုးကျော်ဆိုသူဖြစ်ပြီး သူပိုင်တဲ့ ၆ ဘီးကားကို ကိုမောင်ရ ဆိုသူက မောင်းနှင်လျှက်ရှိရာ ယမန်နေ့မှာတော့ အကြမ်းဖက်သမားတွေက ကိုမောင်ရကို ဖမ်းထားပြီး ကားပိုင်ရှင်ကို ဖုန်းဆက်ခေါ်ခိုင်းတဲ့အတွက် ဦးမိုးကျော်လည်း ကားဆီလိုက်သွားစဉ်မှာ အကြမ်းဖက်သမားတွေက ဆက်ကြေးတောင်းတာကို ဦးမိုးကျော်က မပေးနိုင်သေးဘူးပြောဆိုတာကြောင့် သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်ကြေးမပေးသေးတာကြောင့် ကားနဲ့ ကားသမား ကိုမောင်ရ ကိုလည်း ယခုထိ ဖမ်းဆီးထားဆဲဖြစ်လို့ အဆိုပါကိစ္စကို အရေးယူနိုင်ဖို့အတွက် မော်လိုက်မြို့နယ် လုံခြုံရေးတပ်ဖွဲ့က ရိုးလာဒေသဘက်ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#mhtnews