ြိတ်မြိုနယ်အတွင်းယခုနှစ်မိုး စပါးရာသီတွင် တောင်သူလယ်သမားများအနေဖြင့်စပါးစိုက်ပျိုးစားရိတ်ကြီးမြှင့်ခြင်း၊လယ်ယာများတွင်ရေငန်ဝင်ရောက်နေခြင်းများကြောင့်အခက်အခဲဖြစ်နေသည့် တောင်သူများထံမှ ထွက်ရှိလာသောစပါးများကို အနည်းဆုံး ကျပ် ၇ သိန်းမှစတင်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဆန်ကုန်သည်များအသင်းမှ တာ ဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်ဟု EMG သတင်းက ဖော်ပြသည်။

အဆိုပါဒေသတွင် လောင်စာဆီကြီးမြှင့်ခြင်းအပြင် မျိုးစပါးစိုက်ထုတ်ရန်ခက်ခဲနေခြင်းများလည်းကြုံတွေ့နေရသဖြင့် လယ်ယာလုပ်ငန်းခွင်တစ်ချိုမှာရပ်နားထားရမည့်အနေထားဖြစ်နေခဲ့ကြောင်းသိရ သည်။

ထိုသို လယ်သမားများ ကြုံတွေ့နေရသည့်အခက်အခဲများပြေလည်စေရန်စပါးပေါက်စျေးနှုန်း ထက်ပိုမိုတိုးပေးကာဝယ်ယူပေးရန် စီစဉ်ခဲ့သဖြင့် တောင်သူအချိုစပါးပြန်လည်စိုက်ပျိုးလာကြသည်ဟုဆိုသည်။

မြတ်ခရိုင် ဆန်ကုန်သည်အသင်းအနေဖြင့် အစိုးရသတ်မှတ်ဈေး ၅ သိန်း ၄ သောင်း သတ်မှတ်ထားသော်လည်း စပါးအရည်အသွေးအပေါ်မူတည်ကာ အနည်းဆုံး ကျပ် ၇ သိန်းမှ စတင်ဝယ်ယူပေးမည်ဖြစ်ကာ ပြင်ပပေါက်ဈေး ထိုထက်ကျဆင်းခဲ့လျှင်လည်း ကျပ် ၇ သိန်းမှ စတင်ဝယ်ယူပေးမည်ဖြစ်သလို အကယ်၍ ကျပ် ၇ သိန်းထက် ဈေးတက်လာလျှင်လည်း တက်ဈေးအတိုင်း ဝယ်ယူပေးမည့်အပြင် ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက်လည်း အကူအညီများ ပေးသွားမည်ဟု သိရသည်။
#mhtnews

(Zawgyi)
“စိုက်ပျိးစရိတ်ကြီးမြင့်ခြင်းအပါအဝင် အခက်အခဲဖြစ်ပေါ်နေသည့် မြိတ်ဒေသရှိတောင်သူများထံမှ စပါးများကို အနည်းဆုံး ကျပ် ၇ သိန်းမှစ၍ ခရိုင်ဆန်ကုန်သည်အသင်းက ဝယ်ယူပေးမည်”

မြိတ်မြို့နယ်အတွင်းယခုနှစ်မိုး စပါးရာသီတွင် တောင်သူလယ်သမားများအနေဖြင့်စပါးစိုက်ပျိးစားရိတ်ကြီးမြှင့်ခြင်း၊လယ်ယာများတွင်ရေငန်ဝင်ရောက်နေခြင်းများကြောင့်အခက်အခဲဖြစ်နေသည့် တောင်သူများထံမှ ထွက်ရှိလာသောစပါးများကိုအနည်းဆုံး ကျပ် ၇ သိန်းမှစတင်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်းခရိုင်ဆန်ကုန်သည်များအသင်းမှ တာ ဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်ဟု EMG သတင်းက ဖော်ပြသည်။

အဆိုပါဒေသတွင် လောင်စာဆီကြီးမြှင့်ခြင်းအပြင် မျိးစပါးစိုက်ထုတ်ရန်ခက်ခဲနေခြင်းများလည်းကြုံတွေ့နေရသဖြင့် လယ်ယာလုပ်ငန်းခွင်တစ်ချိ့မှာရပ်နားထားရမည့်အနေထားဖြစ်နေခဲ့ကြောင်းသိရ သည်။

ထိုသို့ လယ်သမားများ ကြုံတွေ့နေရသည့်အခက်အခဲများပြေလည်စေရန်စပါးပေါက်ဈေးနှုန်း ထက်ပိုမိုတိုးပေးကာဝယ်ယူပေးရန် စီစဉ်ခဲ့သဖြင့် တောင်သူအချိ့စပါးပြန်လည်စိုက်ပျိးလာကြသည်ဟုဆိုသည်။

မြတ်ခရိုင် ဆန်ကုန်သည်အသင်းအနေဖြင့် အစိုးရသတ်မှတ်ဈေး ၅ သိန်း ၄ သောင်း သတ်မှတ်ထားသော်လည်း စပါးအရည်အသွေးအပေါ်မူတည်ကာ အနည်းဆုံး ကျပ် ၇ သိန်းမှ စတင်ဝယ်ယူပေးမည်ဖြစ်ကာ ပြင်ပပေါက်ဈေး ထို့ထက်ကျဆင်းခဲ့လျှင်လည်း ကျပ် ၇ သိန်းမှ စတင်ဝယ်ယူပေးမည်ဖြစ်သလို အကယ်၍ ကျပ် ၇ သိန်းထက် ဈေးတက်လာလျှင်လည်း တက်ဈေးအတိုင်း ဝယ်ယူပေးမည့်အပြင် ထွန်ယက်စိုက်ပျိးနိုင်ရေးအတွက်လည်း အကူအညီများ ပေးသွားမည်ဟု သိရသည်။
#mhtnews