ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ May Yu Shopping Complex တည်ဆောက်မှုမှာ လက်ရှိတွင် ၉၀ ရာနှုန်းပြီးစီးနေပြီဖြစ်သဖြင့် လာမည့်သီတင်းကျွတ်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါ May Yu Shopping Complex သည် ယခင် မေယုစျေးအဟောင်းကို ဖြိုဖျက်ပြီး ၂ဝ၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် စတင်ပန္နက်ရိုက်ကာ ကျပ်သိန်းပေါင်း ၇ သောင်းခန့် အကုန်အကျခံ၍ ၃ ထပ် အဆောက်အဦး အဖြစ် တည်ဆောက် နေခြင်းဖြစ်သည်။

မြေညီထပ်တွင် စျေးဆိုင်ခန်းများ၊ Super Market များပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် ရုပ်ရှင်ရုံများနှင့် အပေါ်ဆုံးအထပ်တွင် အလှပြင်ဆိုင်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အပန်းဖြေနိုင်မည့် ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များပါဝင်မည်ဟုလည်း သိရသည်။

ယခင်မေယုစျေးဟောင်းတွင် ရောင်းချခဲ့သည့် ဆိုင်ခန်းပေါင်း ၁၄၄ ခန်း ကိုလည်း မူလအကျယ်အဝန်း အတိုင်း အခကြေးငွေမယူဘဲ ပေးအပ်ရန် ဆိုင်ခန်းပိုင်ရှင်များနှင့် ကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရပြီး လက်ရှိတွင် အဆိုပါဆိုင်ခန်းများမှာ လောကာနန္ဒာစေတီအနီးရှိ ယာယီစျေးတွင် ပြောင်းရွှေ့ ရောင်းချနေရသည်ဟုဆိုသည်။

အဆိုပါ May Yu Shopping Complex အတွင်း ဓာတ်လှေကား ၂ စင်းနှင့် စက်လှေကား ၄ စင်းကိုလည်း တပ်ဆင်ထားပြီးဖြစ်ကာ ကုန်တိုက်၏ ရှေ့မျက်နှာစာ ဆိုင်ခန်းအများအပြားမှာလည်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“စစ်တွေမြို့မှ May Yu Shopping Complex တည်ဆောက်မှု ၉၀ ရာနှုန်းပြီးစီးနေပြီဖြစ်သဖြင့် လာမည့်သီတင်းကျွတ်တွင် ဖွင့်လှစ်နိုင်မည်”


အဆိုပါ May Yu Shopping Complex သည် ယခင် မေယုဈေးအဟောင်းကို ဖြိုဖျက်ပြီး ၂ဝ၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် စတင်ပန္နက်ရိုက်ကာ ကျပ်သိန်းပေါင်း ၇ သောင်းခန့် အကုန်အကျခံ၍ ၃ ထပ် အဆောက်အဦး အဖြစ် တည်ဆောက် နေခြင်းဖြစ်သည်။

မြေညီထပ်တွင် ဈေးဆိုင်ခန်းများ၊ Super Market များပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် ရုပ်ရှင်ရုံများနှင့် အပေါ်ဆုံးအထပ်တွင် အလှပြင်ဆိုင်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အပန်းဖြေနိုင်မည့် ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များပါဝင်မည်ဟုလည်း သိရသည်။

ယခင်မေယုဈေးဟောင်းတွင် ရောင်းချခဲ့သည့် ဆိုင်ခန်းပေါင်း ၁၄၄ ခန်း ကိုလည်း မူလအကျယ်အဝန်း အတိုင်း အခကြေးငွေမယူဘဲ ပေးအပ်ရန် ဆိုင်ခန်းပိုင်ရှင်များနှင့် ကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရပြီး လက်ရှိတွင် အဆိုပါဆိုင်ခန်းများမှာ လောကာနန္ဒာစေတီအနီးရှိ ယာယီဈေးတွင် ပြောင်းရွှေ့ ရောင်းချနေရသည်ဟုဆိုသည်။


#mhtnews