ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသွားတက်မယ့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် လူငယ်အဖွဲ ၂၄ ဖွဲက ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်တဲ့အဖွဲစာရင်းမှာတော့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပြင် သက်လူငယ်ဖွံဖြိုးတိုးတက်ရေးအသင်း၊ ကမန် ကျောင်းသားလူငယ်အဖွဲ၊ မြို တက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်းနဲ့ မဟာရက္ခိတအဖွဲတို ပါဝင်တာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို MHT အနေနဲ့ ALP ပါတီတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်ကြည့်ရာမှာတော့ “ကန့်ကွက်တာနဲ့ပတ်သက်လို ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တိုပါတီအနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဆိုတဲ့ မူဝါဒနဲ့သွားတာပေါ့နော်။ တိုက်နေခိုက်နေလိုလည်း ဘာမှဖြစ်လာတာမှမဟုတ်ဘဲ။ အဲ့တော့ စားပွဲဝိုင်းမှာအဖြေရှာဖို ကျွန်တော်တို ဒီလမ်းကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။” လို ရခိုင်လွတ်မြောက်ရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။

ယခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကန့်ကွက်နေသူတွေဟာ ကိုယ့်တိုင်းပြည်ကို ပြန်ဖျက်ဆီးနေကြသူတွေဖြစ်တယ်လို အာဆီအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က မှတ်ချက်ပြုထားပါတယ်။
#mhtnews

(Zawgyi)

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ့် ALP ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် အဖွဲ့ ၂၀ ကျော် ကန့်ကွက်၊ ပါတီခံယူချက်အရ ဆက်လက်လျှောက်လှမ်းမည်ဟု ALP ပြော”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုသွားတက်မယ့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် လူငယ်အဖွဲ့ ၂၄ ဖွဲ့က ကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်တဲ့အဖွဲ့စာရင်းမှာတော့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပြင် သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကမန် ကျောင်းသားလူငယ်အဖွဲ့၊ မြို တက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်းနဲ့ မဟာရက္ခိတအဖွဲ့တို့ ပါဝင်တာ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ MHT အနေနဲ့ ALP ပါတီတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်ကြည့်ရာမှာတော့ “ကန့်ကွက်တာနဲ့ပတ်သက်လို့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီအနေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဆိုတဲ့ မူဝါဒနဲ့သွားတာပေါ့နော်။ တိုက်နေခိုက်နေလို့လည်း ဘာမှဖြစ်လာတာမှမဟုတ်ဘဲ။ အဲ့တော့ စားပွဲဝိုင်းမှာအဖြေရှာဖို့ ကျွန်တော်တို့ ဒီလမ်းကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။” လို့ ရခိုင်လွတ်မြောက်ရေးပါတီ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးခိုင်အောင်စိုးသန်းက ပြောပါတယ်။

ယခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကန့်ကွက်နေသူတွေဟာ ကိုယ့်တိုင်းပြည်ကို ပြန်ဖျက်ဆီးနေကြသူတွေဖြစ်တယ်လို့ အာဆီအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က မှတ်ချက်ပြုထားပါတယ်။
#mhtnews