ငြိမ်းချမ်းရေးဆွေးနွေးပဲဲပုလုပ်မယ့်အချိန်ကာလကို ဆွေးနွေးပွဲတက်ရောက်ဖို့စာရင်းပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အဆင်ပြေမယ့်အချိန်မှာ စတင်ဆွေးနွေးဖို့ ဦးစားပေးထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

” ဆွေးနွေးပွဲကတော့ ဆွေးနွေးဖို့စာရင်းပေးထားတဲ့ ဒီ EAO အဖွဲ့တွေ သူတို့အဆင်ပြေနိုင်တဲ့ အချိန်ကိုပဲ ကျွန်တော်တို့က ဦးစားပေးပြီး စဉ်းစားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ အမြန်ဆုံးဆွေးနွေးသွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ သို့သော် ဒီအဖွဲ့တွေရဲ့ အဖွဲ့တစ်ဖွဲ့ အတွင်းမှာလည်း မတူညီတဲ့အကြောင်းအရာတွေရှိတဲ့အတွက် ဆွေးနွေးပွဲကို ကျွန်တော်တို့က ဘယ်အချိန်လုပ်မယ်ဆိုတာကို သတ်မှတ်ပေးတာထက် သူတို့ဆီကနေ တုံ့ပြန်ချက်တွေရလာတဲ့ အချိန်၊ ဒီအပေါ်မှာ ဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ပြောဆိုထားတာပါ။

တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်မယ့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးရာမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်သွားဖို့ ခိုင်ခိုင်မာမာ အာမခံထားကြောင်း၊ EAO တွေရဲ့ လိုလားချက်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်ဖို့ အလေးထားဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မရေးထိုးထားသည့် အဖွဲ့ ၃ဖွဲ့၊ စုစုပေါင်း (၁၀)ဖွဲ့တက်ရောက်ကြမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့အထဲက DKBA၊ KNU – KNLA/PC ၊ PNLO ၊ NMSP ၊ ALP နဲ့ RCSS(SSA) ၊ LDU အဖွဲ့တို့ဖြစ်ပြီး၊ လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ အဖွဲ့ထဲက UWSA၊ NDAA၊ SSPP(SSA) အဖွဲ့ ၃ ဖွဲ့တို့ဖြစ်ကြပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့က ဒီ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပြီးဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ကလည်း ကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့တာရှိပါတယ်။ အဲဒီ အပေါ်မှာတော့ သဘောထားအမြင်အမျိုးမျိုးရှိကြတာပေါ့။ ဒီလိုသဘောထားအမြင် အမျိုးမျိုးရှိ ကြတဲ့အထဲမှာ တချို့လည်း ထုတ်ပြန်ချက်တွေ ထုတ်ပြန်တာပေါ့။ ကျွန်တော်ပြောချင်တာ ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ EAO တွေထက်ပိုပြီး ပတ်သက်တဲ့သူဘယ်သူတွေရှိဦးမှာလဲ။ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူအားလုံးဆိုတဲ့ နေရာမှာ EAO တွေထက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ ဘယ်သူများရှိဦးမှာလဲ။ ကျွန်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောနေသလိုပါပဲ ပုဂ္ဂိုလ်ရေးရာထက် ဒီအချိန်ဟာအချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းပဲဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေ ဒါတွေကတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်မှာ ထားရှိတဲ့သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုပေါ်မှာထား ရှိတဲ့သဘောထား ပေါ်လွင်လာ တယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။” လို့ ထပ်မံပြောကြားထားကြောင်း သိရှိရပါတယ်။

#mhtnews

(Zawgyi)

“ၿငိမ္းခ်မ္းေရးေဆြးႏြေပြဲလုပ္မယ့္အခ်ိန္ကို တက္ေရာက္ဖို႔စာရင္းေပးတဲ့အဖြဲ႕ေတြ အဆင္ေျပမယ့္အခ်ိန္မွာျပဳလုပ္ဖို႔ ဦးစားေပးထားေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာဆို”

ၿငိမ္းခ်မ္းေရးေဆြးႏြေးပဲဲပုလုပ္မယ့္အခ်ိန္ကာလကို ေဆြးႏြေးပြဲတက္ေရာက္ဖို႔စာရင္းေပးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ အဆင္ေျပမယ့္အခ်ိန္မွာ စတင္ေဆြးႏြေးဖို႔ ဦးစားေပးထားေၾကာင္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားပါတယ္။

” ေဆြးႏြေးပြဲကေတာ့ ေဆြးႏြေးဖို႔စာရင္းေပးထားတဲ့ ဒီ EAO အဖြဲ႕ေတြ သူတို႔အဆင္ေျပနိုင္တဲ့ အခ်ိန္ကိုပဲ ကြၽန္ေတာ္တို႔က ဦးစားေပးၿပီး စဥ္းစားမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ အျမန္ဆုံးေဆြးႏြေးသြားဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။ သို႔ေသာ္ ဒီအဖြဲ႕ေတြရဲ႕ အဖြဲ႕တစ္ဖြဲ႕ အတြင္းမွာလည္း မတူညီတဲ့အေၾကာင္းအရာေတြရွိတဲ့အတြက္ ေဆြးႏြေးပြဲကို ကြၽန္ေတာ္တို႔က ဘယ္အခ်ိန္လုပ္မယ္ဆိုတာကို သတ္မွတ္ေပးတာထက္ သူတို႔ဆီကေန တုံ႕ျပန္ခ်က္ေတြရလာတဲ့ အခ်ိန္၊ ဒီအေပၚမွာ ဦးစားေပးၿပီး ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။” လို႔ ေျပာဆိုထားတာပါ။

ေတြ႕ဆုံေဆြးႏြေးပြဲကိုတက္ေရာက္မယ့္ တိုင္းရင္သားလက္နက္ကိုင္အဖြဲ႕ေတြနဲ႕ေဆြးႏြေးရာမွာ ဒီမိုကေရစီနဲ႕ ဖက္ဒရယ္ကိုအေျခခံတဲ့ ျပည္ေထာင္စုစနစ္သြားဖို႔ ခိုင္ခိုင္မာမာ အာမခံထားေၾကာင္း၊ EAO ေတြရဲ႕ လိုလားခ်က္ေတြကို ရင္းႏွီးပြင့္လင္းစြာ ေဆြးႏြေးသြားမွာျဖစ္ေၾကာင္းနဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ တိုးတက္ေအာင္ျမင္ဖို႔ အေလးထားဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

လက္ရွိအခ်ိန္အထိ ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲတက္ေရာက္ဖို႔ NCA လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ ၇ ဖြဲ႕နဲ႕ လက္မွတ္မေရးထိုးထားသည့္ အဖြဲ႕ ၃ဖြဲ႕၊ စုစုေပါင္း (၁၀)ဖြဲ႕တက္ေရာက္ၾကမွာျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲကို တက္ေရာက္မယ့္ တိုင္ရင္းသားလက္နက္ကိုင္အဖြဲ႕(၁၀)ဖြဲ႕ကေတာ့ NCA လက္မွတ္ေရးထိုးထားတဲ့အထဲက DKBA၊ KNU – KNLA/PC ၊ PNLO ၊ NMSP ၊ ALP နဲ႕ RCSS(SSA) ၊ LDU အဖြဲ႕တို႔ျဖစ္ၿပီး၊ လက္မွတ္ေရးထိုးထားျခင္းမရွိေသးတဲ့ အဖြဲ႕ထဲက UWSA၊ NDAA၊ SSPP(SSA) အဖြဲ႕ ၃ ဖြဲ႕တို႔ျဖစ္ၾကပါတယ္။

ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲနဲ႕ပတ္သက္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက “ကြၽန္ေတာ္တို႔က ဒီ ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္သတ္မွတ္ထားၿပီးျဖစ္တယ္။ ဒါေၾကာင့္ နိုင္ငံေတာ္အႀကီးအကဲ ကိုယ္တိုင္ကလည္း ကိုယ္တိုင္ေတြ႕ဆုံမယ္ဆိုၿပီး ၿငိမ္းခ်မ္းေရးဖိတ္ေခၚခဲ့တာရွိပါတယ္။ အဲဒီ အေပၚမွာေတာ့ သေဘာထားအျမင္အမ်ိဳးမ်ိဳးရွိၾကတာေပါ့။ ဒီလိုသေဘာထားအျမင္ အမ်ိဳးမ်ိဳးရွိ ၾကတဲ့အထဲမွာ တခ်ိဳ႕လည္း ထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္တာေပါ့။ ကြၽန္ေတာ္ေျပာခ်င္တာ ကေတာ့ ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲမွာ EAO ေတြထက္ပိုၿပီး ပတ္သက္တဲ့သူဘယ္သူေတြရွိဦးမွာလဲ။ ပါဝင္သင့္ပါဝင္ထိုက္တဲ့သူအားလုံးဆိုတဲ့ ေနရာမွာ EAO ေတြထက္ ပါဝင္သင့္ပါဝင္ထိုက္တဲ့သူ ဘယ္သူမ်ားရွိဦးမွာလဲ။ ကြၽန္ေတာ္သတင္းစာရွင္းလင္းပြဲမွာ ေျပာေနသလိုပါပဲ ပုဂၢိုလ္ေရးရာထက္ ဒီအခ်ိန္ဟာအခ်ိန္ေကာင္းပဲျဖစ္တယ္။ အခ်ိန္ေကာင္းပဲျဖစ္တဲ့အတြက္ေၾကာင့္ ၿငိမ္းခ်မ္းေရးနဲ႕ပတ္သက္ၿပီးေတာ့ မလာဘူးဆိုတဲ့အဖြဲ႕ေတြ ဒါေတြကေတာ့ သူတို႔ရဲ႕ ၿငိမ္းခ်မ္းေရးေပၚမွာ ထားရွိတဲ့သေဘာထား၊ ျပည္သူလူထုနဲ႕ ေဒသခံလူထုေပၚမွာထား ရွိတဲ့သေဘာထား ေပၚလြင္လာ တယ္လို႔ပဲ ကြၽန္ေတာ္ေျပာလိုပါတယ္။” လို႔ ထပ္မံေျပာၾကားထားေၾကာင္း သိရွိရပါတယ္။

#mhtnews