ငါးသလောက်ငါးသယံဇာတရေရှည်တည်တံ့စေရေးအတွက် စစ်တောင်းမြစ်ဝထိပ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ထိစပ်နေသော မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်တွင် ငါးသလောက် ငါးမျိုးထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီး ငါးသလောက်ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပုဒ်မ ၂၃ တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ငါးသလောက်ငါးသယံဇာတရေရှည်တည်တံ့စေရေးအတွက် စစ်တောင်းမြစ်ဝထိပ် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး ထိစပ်နေသော မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်ရှိ ဧရိယာ ၆၁၄၉၅၁ ဒသမ ၆ ဧကကို ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ပြီး နှစ်စဉ် ဧပြီ ၁ ရက် မေ ၃၁ ရက်အထိ ငါးသလောက်ငါးမျိုးများ ဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည်။

အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်မှ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၃၀ မိနစ်အထိနှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၃၀ မိနစ်မှ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၃၀ မိ နစ်အထိ (ကမ်းနီးငါးလုပ်ငန်းရေပြင်အပါအဝင် ငါးဖမ်းကွက်အမှတ် D2 နှင့် D3) အတွင်းရှိ ငါးလုပ်ငန်းရေပြင်တွင် ငါးသလောက် ငါးမျိုးများထိန်းသိမ်းရေးအတွက် မည်သည့်ငါးဖမ်းရေယာဉ်မျှ နှစ်စဉ် ဧပြီ ၁ ရက်မှ မေ ၃၁ ရက်အထိကာလအတွင်း ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားကြောင်းလည်း သိရသည်။

#mhtnews

(Zawgyi)

“ငါးသေလာက္ငါးသယံဇာတေရရွည္တည္တံ့ေစေရးအတြက္ စစ္ေတာင္းျမစ္ဝထိပ္ မြန္ျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး ထိစပ္ေနေသာ ျမန္မာ့ပင္လယ္ငါးလုပ္ငန္းေရျပင္တြင္ ငါးသေလာက္ဖမ္းဆီးျခင္းမျပဳရန္ တာျမစ္”

ငါးသေလာက္ငါးသယံဇာတေရရွည္တည္တံ့ေစေရးအတြက္ စစ္ေတာင္းျမစ္ဝထိပ္ မြန္ျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး ထိစပ္ေနေသာ ျမန္မာ့ပင္လယ္ငါးလုပ္ငန္းေရျပင္တြင္ ငါးသေလာက္ ငါးမ်ိဳးထိန္းသိမ္းေရးဧရိယာအျဖစ္သတ္မွတ္ၿပီး ငါးသေလာက္ဖမ္းဆီးျခင္းမျပဳရန္ တားျမစ္ထားေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။

ျမန္မာ့ပင္လယ္ငါးလုပ္ငန္းဥပေဒပုဒ္မ ၂၃ တြင္ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္ကိုက်င့္သုံး၍ ငါးသေလာက္ငါးသယံဇာတေရရွည္တည္တံ့ေစေရးအတြက္ စစ္ေတာင္းျမစ္ဝထိပ္ မြန္ျပည္နယ္ႏွင့္ ပဲခူးတိုင္းေဒသႀကီး ထိစပ္ေနေသာ ျမန္မာ့ပင္လယ္ငါးလုပ္ငန္း ေရျပင္ရွိ ဧရိယာ ၆၁၄၉၅၁ ဒသမ ၆ ဧကကို ငါးသေလာက္ငါးမ်ိဳးမ်ား ထိန္းသိမ္းေရးဧရိယာအျဖစ္သတ္မွတ္ၿပီး ႏွစ္စဥ္ ဧၿပီ ၁ ရက္ ေမ ၃၁ ရက္အထိ ငါးသေလာက္ငါးမ်ိဳးမ်ား ဖမ္းဆီးျခင္းမျပဳလုပ္ရန္ တားျမစ္ထားျခင္းျဖစ္သည္။

အလားတူ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ခရိုင္အတြင္းရွိ ေျမာက္လတၱီတြဒ္ ၁၆ ဒီဂရီ ၀၀ မိနစ္မွ ေျမာက္လတၱီတြဒ္ ၁၆ ဒီဂရီ ၃၀ မိနစ္အထိႏွင့္ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၆ ဒီဂရီ ၃၀ မိနစ္မွ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၇ ဒီဂရီ ၃၀ မိ နစ္အထိ (ကမ္းနီးငါးလုပ္ငန္းေရျပင္အပါအဝင္ ငါးဖမ္းကြက္အမွတ္ D2 ႏွင့္ D3) အတြင္းရွိ ငါးလုပ္ငန္းေရျပင္တြင္ ငါးသေလာက္ ငါးမ်ိဳးမ်ားထိန္းသိမ္းေရးအတြက္ မည္သည့္ငါးဖမ္းေရယာဥ္မွ် ႏွစ္စဥ္ ဧၿပီ ၁ ရက္မွ ေမ ၃၁ ရက္အထိကာလအတြင္း ငါးဖမ္းဆီးျခင္း မျပဳလုပ္ရန္ ငါးလုပ္ငန္းဦးစီးဌာနက တားျမစ္ထားေၾကာင္းလည္း သိရသည္။

#mhtnews