မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ နှစ်စဥ်နှစ်တိုင်း ငါးရစ်တက်ချိန်မိုးဦးကျကာလ မေလကနေ ဇူလိုင်လထိကို ငါးမဖမ်းရကာလအဖြစ်သတ်မှတ်တားမြစ်ထားပေမယ့် ယခုအခါမှာတော့ ကချင်ပြည်နယ် မိုးညှင်းမြိုနယ် အင်းတော်ကြီးကန်အတွင်းမှာ ငါးဖမ်းတဲ့ စက်လှေတွေနဲ့ ငါးဖမ်းဆီးမှု မြင့်တက်လာနေတယ်လို အင်းတော်ကြီးဒေသခံတွေဆီက သိရပါတယ်။

ယခင်နှစ်တွေကဆိုရင် တာဝန်ရှိသူတွေက အင်းအတွင်းကင်းလှည့်စစ်ဆေးပြီး ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးအရေးယူတာတွေရှိခဲ့ပေမယ့် ယခုနှစ်မှာ လာရောက်ဖမ်းဆီးတာတွေမရှိတဲ့အတွက် ငါးဖမ်းစက်လှေတွေဟာ တစ်ရက်ကို အနည်းဆုံးအစီးရေ နှစ်ရာခန့်ထိရှိပြီး အင်းကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ လွဲမွန် ၊ ညောင်ပင် ၊ မမုန်ကိုင် ၊ လုံးစန့် ၊ ဟဲပု ၊ ဟဲပါး ၊ နမ့်မော်ကန် စတဲ့ကျေးရွာတွေက တံငါသည်အများဆုံးဖမ်းနေကြတာဖြစ်တယ်လို ဆိုပါတယ်။

ဒါ့အပြင် အညာဒေသကနေ အခြေချနေထိုင်တဲ့ တံငါသည်တချိုဟာ တားမြစ်ထားတဲ့ ကျဉ်စက်တွေကိုပါ အသုံးပြုဖမ်းဆီးနေကြတယ်လို သိရပါတယ်။
#mhtnews

(Zawgyi)
“ငါးရစ်တက်ချိန် ငါးဖမ်းဆီးခြင်းမပြုဖို့ နိုင်ငံတော်က တားမြစ်ထားပေမယ့် အင်းတော်ကြီးကန်အတွင်း စောင့်ကြည့်ထိန်းသိမ်းသူမရှိလို့ ငါးဖမ်းစက်လှေရာနဲ့ချီပြီး ငါးဖမ်းဆီးမူမြင့်တက်လာနေ”

မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ နှစ်စဉ်နှစ်တိုင်း ငါးရစ်တက်ချိန်မိုးဦးကျကာလ မေလကနေ ဇူလိုင်လထိကို ငါးမဖမ်းရကာလအဖြစ်သတ်မှတ်တားမြစ်ထားပေမယ့် ယခုအခါမှာတော့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးကန်အတွင်းမှာ ငါးဖမ်းတဲ့ စက်လှေတွေနဲ့ ငါးဖမ်းဆီးမှု မြင့်တက်လာနေတယ်လို့ အင်းတော်ကြီးဒေသခံတွေဆီက သိရပါတယ်။

ယခင်နှစ်တွေကဆိုရင် တာဝန်ရှိသူတွေက အင်းအတွင်းကင်းလှည့်စစ်ဆေးပြီး ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးအရေးယူတာတွေရှိခဲ့ပေမယ့် ယခုနှစ်မှာ လာရောက်ဖမ်းဆီးတာတွေမရှိတဲ့အတွက် ငါးဖမ်းစက်လှေတွေဟာ တစ်ရက်ကို အနည်းဆုံးအစီးရေ နှစ်ရာခန့်ထိရှိပြီး အင်းကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ လွဲမွန် ၊ ညောင်ပင် ၊ မမုန်ကိုင် ၊ လုံးစန့် ၊ ဟဲပု ၊ ဟဲပါး ၊ နမ့်မော်ကန် စတဲ့ကျေးရွာတွေက တံငါသည်အများဆုံးဖမ်းနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အညာဒေသကနေ အခြေချနေထိုင်တဲ့ တံငါသည်တချိ့ဟာ တားမြစ်ထားတဲ့ ကျဉ်စက်တွေကိုပါ အသုံးပြုဖမ်းဆီးနေကြတယ်လို့ သိရပါတယ်။
#mhtnews