Online မှ လျှောက်ထားနိုင်သည့် e-Visa System တွင် Tourist Visa လျှောက်ထားခြင်းကို ထပ်မံတိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ မတ်လမှ စတင်ကာ ၂ နှစ်ကျော်ကြာ ရပ်ဆိုင်းထားသည့် အဆိုပါ ခရီးသွား e-Visa လျှောက်ထားခြင်းကို မေလ ၁၅ ရက်မှစတင်ကာ ပြန်လည်လျှောက်ထားခွင့်ပြုမည်ဖြစ်သည်။

နိုင်ငံတော်၏ခရီးသွားလုပ်ငန်းကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် e-Visa (Tourist) အမျိုးအစား လျှောက်ထားမှုများကို တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ မြန်မာနိုင်ငံသို့လာရောက်နိုင်ရန်အတွက် Online e-Visa (Business) လျှောက် ထားမှုလုပ်ငန်းစဉ်ကို ဧပြီ ၁ ရက်နေ့မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါနိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျှက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ခရီးသြားမ်ားအတြက္ Tourist အမ်ိဳးအစား e-Visa ေလွ်ာက္ထားမႈကို ေမ ၁၅ ရက္မွစတင္ခြင့္ျပဳမည္”

Online မွ ေလွ်ာက္ထားနိုင္သည့္ e-Visa System တြင္ Tourist Visa ေလွ်ာက္ထားျခင္းကို ထပ္မံတိုးျမႇင့္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း လူဝင္မႈႀကီၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာနမွ အသိေပးေၾကညာခ်က္ထုတ္ျပန္ထားသည္။

ကိုဗစ္-၁၉ ကပ္ေရာဂါျဖစ္ပြားမႈေၾကာင့္ ၂၀၂၀ မတ္လမွ စတင္ကာ ၂ ႏွစ္ေက်ာ္ၾကာ ရပ္ဆိုင္းထားသည့္ အဆိုပါ ခရီးသြား e-Visa ေလွ်ာက္ထားျခင္းကို ေမလ ၁၅ ရက္မွစတင္ကာ ျပန္လည္ေလွ်ာက္ထားခြင့္ျပဳမည္ျဖစ္သည္။

နိုင္ငံေတာ္၏ခရီးသြားလုပ္ငန္းက႑ဖြံၿဖိဳးတိုးတက္ေစေရးႏွင့္ ကမၻာလွည့္ခရီးသြားလုပ္ငန္းတြင္ အိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ ဟန္ခ်က္ညီေဆာင္႐ြက္သြားနိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ e-Visa (Tourist) အမ်ိဳးအစား ေလွ်ာက္ထားမႈမ်ားကို တိုးျမႇင့္ခြင့္ျပဳေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႕အင္အားဝန္ႀကီးဌာနအေနျဖင့္ နိုင္ငံျခားသားရင္းႏွီးျမဳပ္ႏွံသူမ်ား၊ လုပ္ငန္းရွင္မ်ား အဆင္ေျပေခ်ာေမြ႕စြာ ျမန္မာနိုင္ငံသို႔လာေရာက္နိုင္ရန္အတြက္ Online e-Visa (Business) ေလွ်ာက္ ထားမႈလုပ္ငန္းစဥ္ကို ဧၿပီ ၁ ရက္ေန႕မွစ၍ ျပန္လည္စတင္ေဆာင္႐ြက္ခဲ့သည့္အျပင္ နိုင္ငံေတာ္မွလည္း နိုင္ငံတကာေလေၾကာင္းလိုင္းခရီးစဥ္မ်ားကို က်န္းမာေရးဝန္ႀကီးဌာန၏ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ျပန္လည္ေျပးဆြဲခြင့္ျပဳခဲ့သျဖင့္ ယခုအခါနိုင္ငံျခားသားခရီးသြားမ်ား တိုးတက္ဝင္ေရာက္လွ်က္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

#mhtnews