ကြက်ခြေနီအခြေခံမူ (၇)ချက်မှ လူသားချင်းစာနာထောက်ထားခြင်းဆိုသည့်အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိရန် လိုအပ်နေသည့် အချိန်ကာလဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ပြောကြားသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်မှာ ‘Be Human Kind- ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်း အပေါ် ကူညီသွား’ ဖြစ်ကြောင်း၊ ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ယနေ့ကမ္ဘာပေါ်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ ရာသီဥတုပြောင်းလဲမှုများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေများ၊ ပဋိပက္ခများ ပြည့်နှက်နေသည့် အချိန်ကာလတွင် ကြက်ခြေနီအခြေခံမူ (၇)ချက်မှ လူသားချင်းစာနာထောက်ထားခြင်းဆိုသည့်အချက်ကို ရပ်ရွာလူထုအားလုံးထံ ပျံ့နှံ့ရောက်ရှိရန် လိုအပ်နေသည့် အချိန်ကာလဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကျွန်ုပ်တို့၏ အကြင်နာမေတ္တာများဖြင့် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတိုင်း၏ဘဝတွင် ကြီးမားသော ပြောင်းလဲမှုဖြစ်စေနိုင်သည့် ကြင်နာမှုများဖြင့် အကူအညီလိုအပ်နေသူများကို ဆက်လက်ကူညီပေးသွားကြရန်အတွက် ဤဆောင်ပုဒ်ဖြင့် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း

ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr.Stephan Pierrre Sakalianနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khouryတို့က အထိမ်းအမှတ်စကားများ ပြောကြားကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော ကြက်ခြေနီတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးမြှင့်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ် ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးခဲ့ကြသည့် အလှူရှင်များဖြစ်ကြသည့် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းနှင့် TTO Pharm Co,Ltd မှ ဦးထွန်းထွန်းဦး မိသားစုတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ များ ချီးမြှင့်ကြသည်။

ကြက်ခြေနီကို စတင်တည်ထောင်ခဲ့သူ ဟင်နရီ ဒူးနန့်၏ မွေးနေ့ဖြစ်သည့် မေ ၈ ရက်တွင် ကမ္ဘာ့ ကြက်ခြေနီနေ့အခမ်းအနားများကို ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသားကြက်ခြေနီ လခြမ်းနီအသင်း များက ကျင်းပပေးလျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုနှစ်ကမ္ဘာ့ကြက်ခြေနီနေ့ကို အသက်ပေါင်းများစွာ ကယ်တင်ရန်နှင့်ပိုမိုကျန်းမာကောင်းမွန်သောဘဝများ ပြောင်းလဲရေး အတွက် လူမှုကရုဏာဆိုင်ရာ ဝန်ဆောင်မှုများဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ၏ရဲစွမ်းသတ္တိနှင့် အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews

<<<Zawgyi>>>

“ၾကက္ေျခနီအေျခခံမူ (၇)ခ်က္မွ လူသားခ်င္းစာနာေထာက္ထားျခင္းဆိုသည့္အခ်က္ကို ရပ္႐ြာလူထုအားလုံးထံ ပ်ံ့ႏွံ႕ေရာက္ရွိရန္ လိုအပ္ေနသည့္ အခ်ိန္ကာလျဖစ္ေၾကာင္း ျမန္မာနိုင္ငံၾကက္ေျခနီအသင္းဥကၠ႒ေျပာၾကား”

ၾကက္ေျခနီအေျခခံမူ (၇)ခ်က္မွ လူသားခ်င္းစာနာေထာက္ထားျခင္းဆိုသည့္အခ်က္ကို ရပ္႐ြာလူထုအားလုံးထံ ပ်ံ့ႏွံ႕ေရာက္ရွိရန္ လိုအပ္ေနသည့္ အခ်ိန္ကာလျဖစ္ေၾကာင္း ျမန္မာနိုင္ငံၾကက္ေျခနီအသင္းဥကၠ႒ ေဒါက္တာေမာင္ေမာင္ျမင့္က ေျပာၾကားသည္။

ယမန္ေန႕က ရန္ကုန္ၿမိဳ႕ရွိ ဆူးေလရွန္ဂရီလာဟိုတယ္၌ က်င္းပခဲ့သည့္ ကမၻာ့ၾကက္ေျခနီေန႕ အထိမ္းအမွတ္အခမ္းအနား၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ ျမန္မာနိုင္ငံၾကက္ေျခနီအသင္းဥကၠ႒ ေဒါက္တာေမာင္ေမာင္ျမင့္က ယခုႏွစ္ ကမၻာ့ၾကက္ေျခနီေန႕ေဆာင္ပုဒ္မွာ Be Human Kind- ၾကင္နာစိတ္ထား ၾကက္ေျခနီမ်ား လူတိုင္း အေပၚ ကူညီသြား ျဖစ္ေၾကာင္း၊ ေဆာင္ပုဒ္၏ ရည္႐ြယ္ခ်က္မွာ ယေန႕ကမၻာေပၚတြင္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္ ကိုဗစ္-၁၉ ကူးစက္ေရာဂါ၊ ရာသီဥတုေျပာင္းလဲမႈမ်ား၊ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အေရးေပၚအေျခအေနမ်ား၊ ပဋိပကၡမ်ား ျပည့္ႏွက္ေနသည့္ အခ်ိန္ကာလတြင္ ၾကက္ေျခနီအေျခခံမူ (၇)ခ်က္မွ လူသားခ်င္းစာနာေထာက္ထားျခင္းဆိုသည့္အခ်က္ကို ရပ္႐ြာလူထုအားလုံးထံ ပ်ံ့ႏွံ႕ေရာက္ရွိရန္ လိုအပ္ေနသည့္ အခ်ိန္ကာလျဖစ္ေၾကာင္း၊ ယခုႏွစ္ ကမၻာ့ၾကက္ေျခနီေန႕တြင္ ကျွန်ုပ်တို့၏ အၾကင္နာေမတၱာမ်ားျဖင့္ ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ လူတိုင္း၏ဘဝတြင္ ႀကီးမားေသာ ေျပာင္းလဲမႈျဖစ္ေစနိုင္သည့္ ၾကင္နာမႈမ်ားျဖင့္ အကူအညီလိုအပ္ေနသူမ်ားကို ဆက္လက္ကူညီေပးသြားၾကရန္အတြက္ ဤေဆာင္ပုဒ္ျဖင့္ ဂုဏ္ျပဳျခင္းျဖစ္ပါေၾကာင္း

ေျပာၾကားသည္။

ထို႔ေနာက္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ(ICRC) ျမန္မာနိုင္ငံဆိုင္ရာဌာေန ကိုယ္စားလွယ္ Mr.Stephan Pierrre Sakalianႏွင့္ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီႏွင့္လျခမ္းနီအသင္းမ်ား ဖက္ဒေရးရွင္း(IFRC) ျမန္မာနိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ Ms. Nadia Khouryတို႔က အထိမ္းအမွတ္စကားမ်ား ေျပာၾကားၾကသည္။

ဆက္လက္၍ ျမန္မာနိုင္ငံၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕တြင္ အသက္ ၆၅ ႏွစ္ ျပည့္သည္အထိ တာဝန္ထမ္းေဆာင္ခဲ့ေသာ ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားကို ဂုဏ္ျပဳခ်ီးျမႇင့္ၿပီး ျမန္မာနိုင္ငံၾကက္ေျခနီအသင္းဥကၠ႒က ၿမိဳ႕နယ္ၾကက္ေျခနီအသင္းခြဲမ်ား၏ လိုအပ္ ခ်က္မ်ားကို အစဥ္တစိုက္ ျဖည့္ဆည္းေပးခဲ့ၾကသည့္ အလႉရွင္မ်ားျဖစ္ၾကသည့္ အဂၢမဟာသီရိသုဓမၼမဏိေဇာတဓရ ဦးလွထြန္းႏွင့္ TTO Pharm Co,Ltd မွ ဦးထြန္းထြန္းဦး မိသားစုတို႔ကို ဂုဏ္ျပဳမွတ္တမ္းလႊာ မ်ား ခ်ီးျမႇင့္ၾကသည္။

ၾကက္ေျခနီကို စတင္တည္ေထာင္ခဲ့သူ ဟင္နရီ ဒူးနန႔္၏ ေမြးေန႕ျဖစ္သည့္ ေမ ၈ ရက္တြင္ ကမၻာ့ ၾကက္ေျခနီေန႕အခမ္းအနားမ်ားကို ကမၻာတစ္ဝန္းလုံးရွိ အမ်ိဳးသားၾကက္ေျခနီ လျခမ္းနီအသင္း မ်ားက က်င္းပေပးလ်က္ရွိၿပီး ျမန္မာနိုင္ငံၾကက္ေျခနီအသင္းအေနျဖင့္ ယခုႏွစ္ကမၻာ့ၾကက္ေျခနီေန႕ကို အသက္ေပါင္းမ်ားစြာ ကယ္တင္ရန္ႏွင့္ပိုမိုက်န္းမာေကာင္းမြန္ေသာဘဝမ်ား ေျပာင္းလဲေရး အတြက္ လူမႈက႐ုဏာဆိုင္ရာ ဝန္ေဆာင္မႈမ်ားေဆာင္႐ြက္ရန္ ကတိကဝတ္ျပဳထားၾကသည့္ ၾကက္ေျခနီေစတနာလုပ္အားရွင္မ်ားႏွင့္ ဝန္ထမ္းမ်ား၏ရဲစြမ္းသတၱိႏွင့္ ေအာင္ျမင္မႈမ်ားကို ခ်ီးက်ဴးဂုဏ္ျပဳသည့္အေနျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

#mhtnews