နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ထိုသို့ အမှာစကားပြောကြားရာ၌ ကိုကိုးကျွန်းသည် နိုင်ငံအတွက် ပထဝီအနေအထားအရ၊ လုံခြုံရေးအရ အရေးပါသော ကျွန်းပေါင်း ၁၂ ကျွန်းနှင့်ဖွဲ့စည်းထားသည့် ကျွန်းကြီးတစ်ကျွန်းဖြစ်ကြောင်း၊ ကိုကိုးကျွန်းတွင် နေထိုင်သူများအနေဖြင့်လည်း ကျွန်း၏တန်ဖိုးကို သိရှိနားလည်ထားရန်လိုကြောင်း၊ အလားတူ ကိုကိုးကျွန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် ရေခြားမြေခြားလျက် တည်နေရာအရ နိုင်ငံ၏ ရှေ့တန်းအကျဆုံးနေရာတွင် သည်းခံစိတ်ရှည်စွာဖြင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ အသိအ မှတ်ပြု အားပေးပါကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ်ထားသည့်အတိုင်း တိုင်းပြည်သာယာဝပြောရေး စားရေရိက္ခာဖူလုံရေး မူဝါဒကို အကောင်အထည်ဖော်နိုင်ရန် တစ်ဦးချင်းဝင်ငွေ ရရှိနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို တာဝန်ပေး၍ SME လုပ်ငန်းအဖြစ် အုန်းဆံကြိုး စက်ရုံနှင့် အုန်းနှင့်ဆက်စပ်သည့် လူသုံးကုန်ထုတ်ပစ္စည်း လက်မှု လုပ်ငန်းများ လုပ်ဆောင်ရန် သင်တန်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူသုံးကုန်ပစ္စည်း လက်မှုလုပ်ငန်းအတွက် သင်တန်းပေးရာတွင် ပြောင်းလဲလာသော လူနေမှုစနစ်အရ ခေတ်နှင့်လျော်ညီ၍ အမှန်တကယ်သုံးစွဲသည့် ပစ္စည်းထုတ်လုပ်နိုင်ရန် သင်တန်းပို့ချရန်လိုကြောင်း၊ သို့မှသာ ဈေးကွက် ရရှိပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း အသုံးမတည့်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် လုပ်အားနှင့်အရင်းအနှီး ဆုံးရှုံးခြင်းသာ အဖတ်တင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေသမှထွက်ရှိသည့် ထုတ်ကုန်များကို ဈေးကွက် ရရှိအောင်လည်း မြို့နယ်မှတဆင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြကာ စီမံဖန်တီးပေးရန်လိုကြောင်း၊ အလားတူ ဒေသ၏ အားသာချက်ဖြစ်သော အုန်းသီးကြွယ်ဝစွာထွက်ရှိမှုကို အခြေခံ၍ နည်းပညာဖြင့် လူသုံးကုန်သစ်များ ထုတ်လုပ်နိုင်ရေး နည်းလမ်းရှာကြံ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေး နှင့်ပတ်သက်၍ တိုးတက်လာသော IT ခေတ်တွင် ကျေးလက် နှင့်မြို့ ပြသင် ယူနိုင်သည့် အခြေအနေမှာ များစွာကွာခြားမှုမရှိဘဲ ဆရာ၊ ဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာသုံးနာဖြင့် သင်ကြားပေးမှု၊ ကျောင်းသား /ကျောင်းသူ များ၏ တက်မြောက်လိုမှု၊ မိဘနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ အားပေးဆောင်ရွက်မှုဖြင့် အောင်ချက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်း သူများစိတ်လက် အေးချမ်းတက်ကြွစွာ ကျောင်းတက်နိုင်ရေး ကျောင်းတွင်း/ ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်၍ ဥပတိရုပ်ကောင်းမွန်အောင် ဝိုင်းဝန်းပြင်ဆင်ဆောင် ရွက်သွား ကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ အခြေအဆောက်အဦ လိုအပ်ချက်များ စတင်ဖြည့်ဆည်းလာခဲ့ကြောင်း၊ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် နှစ်ပါတ်တစ်ကြိမ် တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ တစ်လတစ်ကြိမ် တပ်မတော်ရေယာဉ်များဖြင့့်လည်းကောင်း၊ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်းလုပ်ဆောင်သွား ကြရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

#mhtnews

(Zawgyi)

“ကိုကိုးကျွန်းဒေသမှထွက်ရှိသည့် ထုတ်ကုန်များကို ဈေးကွက်ရရှိအောင် မြို့နယ်မှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြကာ စီမံဖန်တီးပေးရန်လိုကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြောကြား”




ထို့နောက်ပညာရေး နှင့်ပတ်သက်၍ တိုးတက်လာသော IT ခေတ်တွင် ကျေးလက် နှင့်မြို့ ပြသင် ယူနိုင်သည့် အခြေအနေမှာ များစွာကွာခြားမှုမရှိဘဲ ဆရာ၊ ဆရာမများ၏ စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာသုံးနာဖြင့် သင်ကြားပေးမှု၊ ကျောင်းသား /ကျောင်းသူ များ၏ တက်မြောက်လိုမှု၊ မိဘနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏ အားပေးဆောင်ရွက်မှုဖြင့် အောင်ချက်မြင့်မားလာမည်ဖြစ်ကြောင်း၊ ကျောင်းသား /ကျောင်း သူများစိတ်လက် အေးချမ်းတက်ကြွစွာ ကျောင်းတက်နိုင်ရေး ကျောင်းတွင်း/ ကျောင်းပြင် သန့်ရှင်းရေးဆောင်ရွက်၍ ဥပတိရုပ်ကောင်းမွန်အောင် ဝိုင်းဝန်းပြင်ဆင်ဆောင် ရွက်သွား ကြရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှ စတင်၍ အခြေအဆောက်အဦ လိုအပ်ချက်များ စတင်ဖြည့်ဆည်းလာခဲ့ကြောင်း၊ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေစေရေးအတွက် နှစ်ပါတ်တစ်ကြိမ် တပ်မတော်လေယာဉ်ဖြင့်လည်းကောင်း၊ တစ်လတစ်ကြိမ် တပ်မတော်ရေယာဉ်များဖြင့်လည်းကောင်း၊ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း၍ ဝိုင်းဝန်းလုပ်ဆောင်သွား ကြရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

#mhtnews