စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို၌ ယနေ့ (မေ ၇ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် NUG လက်ပါးစေ PDF အကြမ်းဖက်အဖွဲဝင်တစ်ဦး၏နေအိမ်မှ ဖောက်ခွဲရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အကြမ်းဖက်အဖွဲဝင် ဟိန်းကိုကိုအောင်၏ နေအိမ်များဖြစ်သည့် ကြိုသုံးပင်ရပ်ကွက်၊ နယ်မြေ (၅) ရှိနေအိမ်နှင့် တောင်ဖီလာရပ်ကွက်၊ နယ်မြေ (၄)၊ အိမ်အမှတ် (၁၂၆) နေအိမ်များကို သတင်းအရ လုံခြုံရေးပူးပေါင်းတပ်ဖွဲမှ သွားရောက်ရှာဖွေခဲ့ရာ တရားခံအကြမ်းဖက်သမားများကို မတွေ့ရှိရဘဲ ၎င်းနေအိမ်များမှ ဖောက်ခွဲရေးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိပစ္စည်းများမှာ ဘာဂျယ်ယမ်းပျော့ ၁၃၈၀ ချောင်း ၁၇၂.၅ ကီလို၊ ယမ်းစိမ်း ၉ ထုပ် ၂၀ ကီလို၊ မိုင်းမျိုးစုံ ၄၀ လုံး၊ ဗိုအားမြှင့်ခလုတ် ၄ ခု၊ ကီးပတ်ဖုန်း ၁၂ လုံး၊ ဝါယာကြိုး(၅၀ မီတာ) ၄ ခွေ၊ ဂက်စ်သေနတ် ၂ လက်၊ ဂက်စ်အိုး(အကြီး) ၁ လုံး၊ ဂက်စ်အိုး(အသေး) ၁ လုံး၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ Phantom အမျိုးအစား Drone ၂ စီး၊ CCTV ကင်မရာ ၁၀ လုံး၊ ပြောက်ကျားဂျာစီ ၈၀၀ ထည်၊ ၁၂ ဗိုကျည် ၉ တောင့်၊ စတီးဘောစေ့ ၃၀၀၀ လုံးတိုဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“ကလေးမြို့၌ NUG လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး၏ နေအိမ်များမှ ဖောက်ခွဲရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ”

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ယနေ့ (မေ ၇ ရက်) မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် NUG လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး၏နေအိမ်မှ ဖောက်ခွဲရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအများအပြားကို ဖမ်းဆီးရမိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အကြမ်းဖက်အဖွဲ့ဝင် ဟိန်းကိုကိုအောင်၏ နေအိမ်များဖြစ်သည့် ကြို့သုံးပင်ရပ်ကွက်၊ နယ်မြေ (၅) ရှိနေအိမ်နှင့် တောင်ဖီလာရပ်ကွက်၊ နယ်မြေ (၄)၊ အိမ်အမှတ် (၁၂၆) နေအိမ်များကို သတင်းအရ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်ရှာဖွေခဲ့ရာ တရားခံအကြမ်းဖက်သမားများကို မတွေ့ရှိရဘဲ ၎င်းနေအိမ်များမှ ဖောက်ခွဲရေးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိပစ္စည်းများမှာ ဘာဂျယ်ယမ်းပျော့ ၁၃၈၀ ချောင်း ၁၇၂.၅ ကီလို၊ ယမ်းစိမ်း ၉ ထုပ် ၂၀ ကီလို၊ မိုင်းမျိးစုံ ၄၀ လုံး၊ ဗို့အားမြှင့်ခလုတ် ၄ ခု၊ ကီးပတ်ဖုန်း ၁၂ လုံး၊ ဝါယာကြိုး(၅၀ မီတာ) ၄ ခွေ၊ ဂက်စ်သေနတ် ၂ လက်၊ ဂက်စ်အိုး(အကြီး) ၁ လုံး၊ ဂက်စ်အိုး(အသေး) ၁ လုံး၊ မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ Phantom အမျိးအစား Drone ၂ စီး၊ CCTV ကင်မရာ ၁၀ လုံး၊ ပြောက်ကျားဂျာစီ ၈၀၀ ထည်၊ ၁၂ ဗို့ကျည် ၉ တောင့်၊ စတီးဘောစေ့ ၃၀၀၀ လုံးတို့ဖြစ်ကြောင်း သိရသည်။
#mhtnews