ကလေးတွေဟာ မိမိနိုင်ငံအတွက် မိမိလူမျိုးအတွက် ဂုဏ်ယူစွာနဲ့ အားသွန်ခွန်စိုက် ပြိုင်ပွဲနောက်ဆုံးအချိန်အထိ ကြိုးစားကြလို့ ဒီလိုအောင်ပွဲတွေရရှိတာပါ လို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောပါတယ်။

၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကနေ မေ ၂၂ ရက်နေ့မှာ ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မီဒီယာများနဲ့တွေ့ဆုံစဥ်မှာ ပြောကြားခဲ့တာပါ။

ပြည်ထောင်စုဝန်ကြီးက “ ကျွန်တော့်နိုင်ငံအတွက် ကျွန်တော်တအားဂုဏ်ယူတယ်။ အဓိကနှစ်ချက်ပေါ့။ ပထမတစ်ချက်က နိုင်ငံတော်အစိုးရအနေနဲ့ ယခင်နှစ်ကထက်ပိုပြီး အများကြီးအားပေးမှုတွေ ဆောင်ရွက်ပေးပါတယ်။ ဒုတိယတစ်ချက်ကတော့ ကလေးတွေဟာ မိမိနိုင်ငံအတွက် မိမိလူမျိုးအတွက် ဂုဏ်ယူစွာနဲ့ အားသွန်ခွန်စိုက် ပြိုင်ပွဲနောက်ဆုံးအချိန်အထိ ကြိုးစားကြလို့ ဒီလိုအောင်ပွဲတွေရရှိတာပါ။ ဒီလိုမျိုးဖြစ်လာတာကလည်း နိုင်ငံတော်ရဲ့ ပံ့ပိုးမှုပါ။ ကလေးတွေရဲ့ အင်မတန် နိုင်ငံတော်အပေါ် ချစ်တဲ့စိတ်၊ လူမျိုးအပေါ် ချစ်တဲ့စိတ်နဲ့ ဆောင်ရွက်ကြလို့ စည်းလုံးညီညွတ်မှုရှိလို့ ထိုက်သင့်တဲ့အောင်မြင်မှုတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးက “ကျွန်တော့်အတွေ့အကြုံအရပြောရရင် နိုင်ငံတော်ကချီးမြှင့်ခဲ့တာ တစ်ခါမှဒီလောက်မများခဲ့ဘူးလို့ သိရတယ်။ ဒီနေ့ဒီအချိန်ခါမှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေနဲ့ အားကစားဟာ နိုင်ငံတစ်ခုရဲ့ ပုံရိပ်ဖြစ်တယ်။ အာဆီယံ ၁၁ နိုင်ငံမှာ ကစားကြတဲ့အခါမှာ တို့ပုံရိပ်ကို မညှိုးနွမ်းအောင် ကြိုးစားကြရမယ်လို့ နိုင်ငံတော်အကြီးအကဲက အောင်နိုင်ရေးအလံ ပေးအပ်ပွဲမှာ မှာကြားပါတယ်။ ကလေးတွေကလည်း အဲဒီကတည်းကပဲ အလွန်အားတက်သရော အားသွန်ခွန်စိုက် မိမိနိုင်ငံအတွက်၊ မိမိလူမျိုးအတွက် ကြိုးစားဆောင်ရွက်ကြမယ်ဆိုတဲ့ စိတ်ဓာတ်လေးတွေလည်း အားလုံးလန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ သွားရောက်ယှဉ်ပြိုင်ကြတာပါ။ အောင်ပွဲရအားကစားသမားတွေကို ပထမဆု ငွေကျပ်သိန်း ၃၀၀၊ ဒုတိယဆု ငွေကျပ်သိန်း ၂၀၀၊ တတိယဆု ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်တဲ့အပြင် အသင်းအဖွဲ့ချုပ်တွေရဲ့ နည်းပြတွေကိုလည်း ရွှေ၊ ငွေ၊ ကြေးအလိုက် ဆုကြေးတွေသတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။ ဒါတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ ဆောင်ရွက်ပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါသေးတယ်။

အဲဒီ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၂၀ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မေ ၂၂ ရက်အထိ စုစုပေါင်း ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု ရရှိထားတယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“ကေလးေတြဟာ မိမိနိုင္ငံအတြက္ မိမိလူမ်ိဳးအတြက္ ဂုဏ္ယူစြာနဲ႕ အားသြန္ခြန္စိုက္ ၿပိဳင္ပြဲေနာက္ဆုံးအခ်ိန္အထိ ႀကိဳးစားၾကလို႔ ဒီလိုေအာင္ပြဲေတြရရွိတာပါ လို႔ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံ ေျပာ”

ကေလးေတြဟာ မိမိနိုင္ငံအတြက္ မိမိလူမ်ိဳးအတြက္ ဂုဏ္ယူစြာနဲ႕ အားသြန္ခြန္စိုက္ ၿပိဳင္ပြဲေနာက္ဆုံးအခ်ိန္အထိ ႀကိဳးစားၾကလို႔ ဒီလိုေအာင္ပြဲေတြရရွိတာပါ လို႔ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံက ေျပာပါတယ္။

၂၀၂၂ ခုႏွစ္ ေမ ၁၂ ရက္မွ ၂၃ ရက္အထိ က်င္းပခဲ့တဲ့ (၃၁) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲကေန ေမ ၂၂ ရက္ေန႕မွာ ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ ျပန္လည္ေရာက္ရွိလာခဲ့တဲ့ အားကစားႏွင့္ လူငယ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံက မီဒီယာမ်ားနဲ႕ေတြ႕ဆုံစဥ္မွာ ေျပာၾကားခဲ့တာပါ။

ျပည္ေထာင္စုဝန္ႀကီးက ကြၽန္ေတာ့္နိုင္ငံအတြက္ ကြၽန္ေတာ္တအားဂုဏ္ယူတယ္။ အဓိကႏွစ္ခ်က္ေပါ့။ ပထမတစ္ခ်က္က နိုင္ငံေတာ္အစိုးရအေနနဲ႕ ယခင္ႏွစ္ကထက္ပိုၿပီး အမ်ားႀကီးအားေပးမႈေတြ ေဆာင္႐ြက္ေပးပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ ကေလးေတြဟာ မိမိနိုင္ငံအတြက္ မိမိလူမ်ိဳးအတြက္ ဂုဏ္ယူစြာနဲ႕ အားသြန္ခြန္စိုက္ ၿပိဳင္ပြဲေနာက္ဆုံးအခ်ိန္အထိ ႀကိဳးစားၾကလို႔ ဒီလိုေအာင္ပြဲေတြရရွိတာပါ။ ဒီလိုမ်ိဳးျဖစ္လာတာကလည္း နိုင္ငံေတာ္ရဲ႕ ပံ့ပိုးမႈပါ။ ကေလးေတြရဲ႕ အင္မတန္ နိုင္ငံေတာ္အေပၚ ခ်စ္တဲ့စိတ္၊ လူမ်ိဳးအေပၚ ခ်စ္တဲ့စိတ္နဲ႕ ေဆာင္႐ြက္ၾကလို႔ စည္းလုံးညီၫြတ္မႈရွိလို႔ ထိုက္သင့္တဲ့ေအာင္ျမင္မႈတစ္ခု ရရွိခဲ့တာျဖစ္ပါတယ္ လို႔ ေျပာၾကားခဲ့တာပါ။

ဆက္လက္ၿပီးေတာ့လည္း ျပည္ေထာင္စုဝန္ႀကီးက ကြၽန္ေတာ့္အေတြ႕အႀကဳံအရေျပာရရင္ နိုင္ငံေတာ္ကခ်ီးျမႇင့္ခဲ့တာ တစ္ခါမွဒီေလာက္မမ်ားခဲ့ဘူးလို႔ သိရတယ္။ ဒီေန႕ဒီအခ်ိန္ခါမွာေတာ့ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က နိုင္ငံေတာ္အစိုးရအေနနဲ႕ အားကစားဟာ နိုင္ငံတစ္ခုရဲ႕ ပုံရိပ္ျဖစ္တယ္။ အာဆီယံ ၁၁ နိုင္ငံမွာ ကစားၾကတဲ့အခါမွာ တို႔ပုံရိပ္ကို မညွိုးႏြမ္းေအာင္ ႀကိဳးစားၾကရမယ္လို႔ နိုင္ငံေတာ္အႀကီးအကဲက ေအာင္နိုင္ေရးအလံ ေပးအပ္ပြဲမွာ မွာၾကားပါတယ္။ ကေလးေတြကလည္း အဲဒီကတည္းကပဲ အလြန္အားတက္သေရာ အားသြန္ခြန္စိုက္ မိမိနိုင္ငံအတြက္၊ မိမိလူမ်ိဳးအတြက္ ႀကိဳးစားေဆာင္႐ြက္ၾကမယ္ဆိုတဲ့ စိတ္ဓာတ္ေလးေတြလည္း အားလုံးလန္းလန္းဆန္းဆန္း တက္တက္ႂကြႂကြနဲ႕ သြားေရာက္ယွဥ္ၿပိဳင္ၾကတာပါ။ ေအာင္ပြဲရအားကစားသမားေတြကို ပထမဆု ေငြက်ပ္သိန္း ၃၀၀၊ ဒုတိယဆု ေငြက်ပ္သိန္း ၂၀၀၊ တတိယဆု ေငြက်ပ္သိန္း ၁၀၀ ခ်ီးျမႇင့္တဲ့အျပင္ အသင္းအဖြဲ႕ခ်ဳပ္ေတြရဲ႕ နည္းျပေတြကိုလည္း ေ႐ႊ၊ ေငြ၊ ေၾကးအလိုက္ ဆုေၾကးေတြသတ္မွတ္ေပးၿပီးသား ျဖစ္ပါတယ္။ ဒါေတြကို ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္းနားနားနဲ႕ ေဆာင္႐ြက္ေပးသြားမွာပါလို႔ ေျပာၾကားခဲ့ပါေသးတယ္။

အဲဒီ (၃၁)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲမွာ ျမန္မာနိုင္ငံအေနနဲ႕ အားကစားနည္း ၂၀ မ်ိဳး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ေမ ၂၂ ရက္အထိ စုစုေပါင္း ေ႐ႊတံဆိပ္ ကိုးခု၊ ေငြတံဆိပ္ ၁၈ ခု၊ ေၾကးတံဆိပ္ ၃၅ ခု ရရွိထားတယ္လို႔ သိရပါတယ္။

#mhtnews