(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ထိုသို့ အမှာစကားပြောကြားရာ၌ “မဟာဗောဓိပင်ဆိုတာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဘက်တော်ခုနစ်ပါးထဲမှ တစ်ပါးဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန်ကိုလည်း များစွာအထောက်အကူပြုခဲ့သည့်အတွက် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါကြောင်း၊ မြေဓာတ်မှာ ရေပြတ်သည့် ကဆုန်လကဲ့သို့သော နွေကာလ တွင် မဟာဗောဓိပင်တော်များကို ကဆုန်ညောင်ရေ သွန်းလောင်းခြင်းသည် မဟာဗောဓိပင်များကို စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ဝေဆာစေခြင်း၊ သက်တမ်းရှည်စေခြင်း၊ သက်တော်ထင်ရှားရှိသော ဘုရားရှင်အား ပူဇော်ရာရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံတော် ကြီးအဖြစ် တည်ရှိစေရုံသာမက နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကိုလည်း နှလုံးစိတ်ဝမ်းအေးချမ်းစေ လျက် တူညီသောအကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယဗိုလ်ချုပ်မှူးကြီးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ‘နိယတဗျာဒိတ်ပန်း’ ဆင်မြန်းခဲ့သောနေ့၊ သိဒ္ဓတ္ထမင်းသား ‘ဖွားမြင်’ ခဲ့သည့်နေ့၊ မြတ်စွာဘုရားရှင် ‘ဗောဓိ’ ဆိုသည့် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့်နေ့နှင့် ‘ပရိနိဗ္ဗာန်ဝင်စံ’ တော်မူခဲ့သည့်နေ့များသည် ယခုကဆုန်လပြည့်နေ့ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာသမိုင်းတွင် အလွန်ပင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံကြီး” က “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံတကာ ဝိသာခါအခါတော်နေ့ (International Vesak day or Visākha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား ကျင်းပသွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၁၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းမိန့်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံးက ဧပြီ ၂၄ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၂ ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်သကဲ့သို့ လုပ်ငန်းကော်မတီဖြစ်သည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဧပြီ ၂၅ ရက်တွင်လည်း ဆပ်ကော်မတီ ၈ ခု ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“ကဆုန္ေညာင္ေရ သြန္းေလာင္းျခင္းသည္ သက္ေတာ္ထင္ရွား ဘုရားရွင္အား ပူေဇာ္ရာေရာက္ျခင္းေၾကာင့္ တည္ၿငိမ္ေအးခ်မ္း၍ သာယာဝေျပာေသာ နိုင္ငံေတာ္ႀကီးအျဖစ္ တည္ရွိေစ႐ုံသာမက နိုင္ငံသူ၊ နိုင္ငံသားမ်ားအားလုံးကိုလည္း ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစလ်က္ တူညီေသာအက်ိဳးတရားမ်ားကို ျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠ႒ ေျပာၾကား”

(၁၄)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနားက်င္းပေရးဦးစီးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီ ညွိႏွိုင္းအစည္းအေဝးကို ယမန္ေန႕မြန္းလြဲ ၂ နာရီတြင္ ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန စုေပါင္းအစည္းအေဝးခန္းမ၌ က်င္းပရာ (၁၄) ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနားက်င္းပေရးဦးစီးေကာ္မတီဥကၠ႒၊ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း တက္ေရာက္အမွာစကားေျပာၾကားသည္။

ထိုသို႔ အမွာစကားေျပာၾကားရာ၌ “မဟာေဗာဓိပင္ဆိုတာ ဘုရားအေလာင္းေတာ္ သိဒၶတၳမင္းသားဖြားျမင္ေတာ္မူေသာေန႕တြင္ အတူတကြ ျဖစ္ထြန္းေပၚေပါက္ခဲ့သည့္ ဖြားဘက္ေတာ္ခုနစ္ပါးထဲမွ တစ္ပါးျဖစ္သကဲ့သို႔ သမၼာသမၺဳဒၶဘုရားအျဖစ္သို႔ ေရာက္ရွိေစရန္ကိုလည္း မ်ားစြာအေထာက္အကူျပဳခဲ့သည့္အတြက္ ပရိေဘာဂေစတီထိုက္ေသာ ေစတီေတာ္တစ္ဆူလည္းျဖစ္ပါေၾကာင္း၊ ေျမဓာတ္မွာ ေရျပတ္သည့္ ကဆုန္လကဲ့သို႔ေသာ ႏြေကာလ တြင္ မဟာေဗာဓိပင္ေတာ္မ်ားကို ကဆုန္ေညာင္ေရ သြန္းေလာင္းျခင္းသည္ မဟာေဗာဓိပင္မ်ားကို စိမ္းလန္းစိုျပည္၍ အခက္အလက္တို႔ေဝဆာေစျခင္း၊ သက္တမ္းရွည္ေစျခင္း၊ သက္ေတာ္ထင္ရွားရွိေသာ ဘုရားရွင္အား ပူေဇာ္ရာေရာက္ျခင္းတို႔ေၾကာင့္ တည္ၿငိမ္ေအးခ်မ္း၍ သာယာဝေျပာေသာ နိုင္ငံေတာ္ ႀကီးအျဖစ္ တည္ရွိေစ႐ုံသာမက နိုင္ငံသူ၊ နိုင္ငံသားမ်ားအားလုံးကိုလည္း ႏွလုံးစိတ္ဝမ္းေအးခ်မ္းေစ လ်က္ တူညီေသာအက်ိဳးတရားမ်ားကို ျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ျပင္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးက ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲက်င္းပမည့္ ကဆုန္လျပည့္ေန႕သည္ ဘုရားအေလာင္းေတာ္ သုေမဓာရွင္ရေသ့ဘဝတြင္ ဒီပကၤရာျမတ္စြာဘုရား ေျခေတာ္ရင္း၌ နိယတဗ်ာဒိတ္ပန္း ဆင္ျမန္းခဲ့ေသာေန႕၊ သိဒၶတၳမင္းသား ဖြားျမင္ ခဲ့သည့္ေန႕၊ ျမတ္စြာဘုရားရွင္ ေဗာဓိ ဆိုသည့္ သဗၺၫုတဉာဏ္ေတာ္ကိုရရွိၿပီး ဘုရားအျဖစ္သို႔ ေရာက္ရွိေတာ္မူခဲ့သည့္ေန႕ႏွင့္ ပရိနိဗၺာန္ဝင္စံ ေတာ္မူခဲ့သည့္ေန႕မ်ားသည္ ယခုကဆုန္လျပည့္ေန႕ျဖစ္သည့္အတြက္ ဗုဒၶဘာသာသမိုင္းတြင္ အလြန္ပင္ ထူးျခားမြန္ျမတ္သည့္ ေန႕ထူးေန႕ျမတ္ျဖစ္သကဲ့သို႔ ကမၻာ့ကုလသမဂၢအဖြဲ႕ႀကီး၏ ၁၉၉၉ ခုႏွစ္၊ ဒီဇင္ဘာ ၁၃ ရက္တြင္ က်င္းပခဲ့သည့္ အေထြေထြညီလာခံႀကီး က ကဆုန္လျပည့္ဗုဒၶေန႕ ကို နိုင္ငံတကာ ဝိသာခါအခါေတာ္ေန႕ (International Vesak day or Viskha day) ဟု ဆုံးျဖတ္ခ်က္အမွတ္ ၅၄/၁၁၅ ျဖင့္ ထုတ္ျပန္ခဲ့ေၾကာင္း ဆက္လက္ေျပာၾကားသည္။

ေနျပည္ေတာ္၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ္အတြင္း ကဆုန္ေညာင္ေရ သြန္းေလာင္း ပူေဇာ္ပြဲ မဟာမဂၤလာအခမ္းအနား က်င္းပသြားမည္ျဖစ္ရာ အဆိုပါအခမ္းအနားမ်ား ေအာင္ျမင္စြာ က်င္းပနိုင္ေရးအတြက္ (၁၄) ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ပြဲ မဟာမဂၤလာ အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီဖြဲ႕စည္းမိန႔္ကို နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ႐ုံးက ဧၿပီ ၂၄ ရက္တြင္ အမိန႔္ေၾကာ္ျငာစာအမွတ္ ၆၉/၂၀၂၂ ျဖင့္ ဖြဲ႕စည္းခဲ့ၿပီးျဖစ္သကဲ့သို႔ လုပ္ငန္းေကာ္မတီျဖစ္သည့္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနအေနျဖင့္လည္း လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕စြာ ေဆာင္႐ြက္နိုင္ရန္ ဧၿပီ ၂၅ ရက္တြင္လည္း ဆပ္ေကာ္မတီ ၈ ခု ဖြဲ႕စည္းကာ လုပ္ငန္းတာဝန္မ်ား ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

#mhtnews