ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ပြင်းထန်သည့် အပူလှိုင်းနှင့် ရင်ဆိုင်နေရပြီး ပါကစ္စတန်နိုင်ငံ၏ ဒေသများစွာတွင် အပူချိန် ၄၇ ဒီဂရီဆဲစီးယပ်စ်အထိ ရှိနေခဲ့ကြောင်း နိုင်ငံတကာသတင်းဖော်ပြမှုများအရ သိရသည်။

ပါကစ္စတန်နိုင်ငံသည် ၆၁ နှစ်အတွင်း အပူဆုံးမတ်လကို ရင်ဆိုင်ခဲ့ရအပြီးတွင် အပူဒဏ်သတိပေးချက်များ ထုတ်ပြန်ထားရသလို အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဒေသများတွင်လည်း ဧပြီ ၂၉ ရက်နေက ပြင်းထန်သည့် အပူလှိုင်းကြောင့် စာသင်ကျောင်းများ ပိတ်ခဲ့ရပြီး လမ်းများပေါ်တွင်လည်း လူသူအသွားအလာကင်းမဲ့နေခဲ့ကြောင်း သတင်းများကဖော်ပြသည်။

ထိုသို့ ပြင်းထန်သည့် အပူလှိုင်းအတွက် ကြိုတင်အစီအမံများ လုပ်ထားကြရန် ပါကစ္စတန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ရှာရီရာမန် က ဗဟိုနှင့် ပြည်နယ်အစိုးရများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နှင့် အိန္ဒိယတို့တွင် ဧပြီလအစောပိုင်းကတည်းက စတင်ခဲ့သည့် စံချိန်တင် အပူလှိုင်းတစ်ခုနှင့် ရင်ဆိုင်နေခဲ့ရကာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အပူဆုံး မတ်လအဖြစ် မှတ်တမ်းဝင်ခဲ့ပြီးနောက် လက်ရှိအပူချိန်သည် ပျှမ်းမျှအပူချိန်ထက် ၆ မှ ၈ ဒီဂရီဆဲစီးယပ်စ် ပိုမြင့်လာမည်ဟု ခန့်မှန်းထားကြောင်းနှင့် ပါကစ္စတန်နိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နွေဦးရာသီမပေါ်ပေါက်ဘဲ ဆောင်းရာသီမှ နွေရာသီသို့ ကူးပြောင်းခဲ့ကြောင်း ရှာရီရာမန်က ပြောဆိုခဲ့သည်။

ထို့အပြင် လျင်မြန်သည့် ရေခဲမြစ်အရည်ပျော်မှုများကြောင့် နိုင်ငံမြောက်ပိုင်း တောင်ပေါ်ပြည်နယ်များတွင် ရေလွှမ်းမိုးမှုအန္တရာယ်အတွက် အရေးတကြီးပြင်ဆင်ထားကြရန်လည်း အစိုးရက ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲရေး အာဏာပိုင်များကို ညွှန်ကြားထားကြောင်း ရာမန်က ပြောဆိုသည်။

ဟိမဝန္တာ၊ ဟင်ဒူကပ်ရှ်နဲ့ ကာကိုရမ်တောင်တန်းများရှိ ရေခဲမြစ်များ အလျင်အမြန် အရည်ပျော်နေပြီး ပါကစ္စတန်မြောက်ပိုင်းတွင် ရေခဲကန်ထောင်ချီ ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် ယင်းတို့အထဲမှ ၃၀. ခန့်သည် ရုတ်တရက် ရေကြီးမှုများဖြစ်စေနိုင်သည့် အန္တရာယ်ရှိနေကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောဆိုခဲ့ပြီး ယင်း ရေကြီးမှုအန္တရာယ်အတွင်း လူဦးရေ ၇ သန်းခန့် ထိခိုက်လွယ်သည့် အနေအထားတွင် ရှိနေကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

သိပ္ပံပညာရှင်များကလည်း ရာသီဥတု ဖောက်ပြန်ခြင်းနှင့် ဆက်စပ်သည့် ပြင်းထန်သောနွေရာသီအစောပိုင်းအစတွင် ဒေသတွင်း အပူဒဏ်နှင့် သက်ရောက်မှုများကို လူဦးရေ ၁ ဘီလီယံကျော်အထိ ခံစားရနိုင်ကြောင်း သတိပေးထားသည်ဟု သိရှိရပါငည်။

#mhtnews

(Zawgyi)

“ပါကစၥတန္ႏွင့္ အိႏၵိယနိုင္ငံတို႔တြင္ ျပင္းထန္သည့္ အပူလွိုင္းႏွင့္ ရင္ဆိုင္ေနရ”

ပါကစၥတန္ႏွင့္ အိႏၵိယနိုင္ငံတို႔တြင္ ျပင္းထန္သည့္ အပူလွိုင္းႏွင့္ ရင္ဆိုင္ေနရၿပီး ပါကစၥတန္နိုင္ငံ၏ ေဒသမ်ားစြာတြင္ အပူခ်ိန္ ၄၇ ဒီဂရီဆဲစီးယပ္စ္အထိ ရွိေနခဲ့ေၾကာင္း နိုင္ငံတကာသတင္းေဖာ္ျပမႈမ်ားအရ သိရသည္။

ပါကစၥတန္နိုင္ငံသည္ ၆၁ ႏွစ္အတြင္း အပူဆုံးမတ္လကို ရင္ဆိုင္ခဲ့ရအၿပီးတြင္ အပူဒဏ္သတိေပးခ်က္မ်ား ထုတ္ျပန္ထားရသလို အိမ္နီးခ်င္း အိႏၵိယနိုင္ငံ ေဒသမ်ားတြင္လည္း ဧၿပီ ၂၉ ရက္ေနက ျပင္းထန္သည့္ အပူလွိုင္းေၾကာင့္ စာသင္ေက်ာင္းမ်ား ပိတ္ခဲ့ရၿပီး လမ္းမ်ားေပၚတြင္လည္း လူသူအသြားအလာကင္းမဲ့ေနခဲ့ေၾကာင္း သတင္းမ်ားကေဖာ္ျပသည္။

ထိုသို႔ ျပင္းထန္သည့္ အပူလွိုင္းအတြက္ ႀကိဳတင္အစီအမံမ်ား လုပ္ထားၾကရန္ ပါကစၥတန္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီး ရွာရီရာမန္ က ဗဟိုႏွင့္ ျပည္နယ္အစိုးရမ်ားကို တိုက္တြန္းခဲ့ေၾကာင္း သိရသည္။

ပါကစၥတန္ႏွင့္ အိႏၵိယတို႔တြင္ ဧၿပီလအေစာပိုင္းကတည္းက စတင္ခဲ့သည့္ စံခ်ိန္တင္ အပူလွိုင္းတစ္ခုႏွင့္ ရင္ဆိုင္ေနခဲ့ရကာ ၁၉၆၁ ခုႏွစ္ေနာက္ပိုင္း အပူဆုံး မတ္လအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီးေနာက္ လက္ရွိအပူခ်ိန္သည္ ပွ်မ္းမွ်အပူခ်ိန္ထက္ ၆ မွ ၈ ဒီဂရီဆဲစီးယပ္စ္ ပိုျမင့္လာမည္ဟု ခန့္မွန္းထားေၾကာင္းႏွင့္ ပါကစၥတန္နိုင္ငံတြင္ ဆယ္စုႏွစ္မ်ားစြာအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ႏြေဦးရာသီမေပၚေပါက္ဘဲ ေဆာင္းရာသီမွ ႏြေရာသီသို႔ ကူးေျပာင္းခဲ့ေၾကာင္း ရွာရီရာမန္က ေျပာဆိုခဲ့သည္။

ထို႔အျပင္ လ်င္ျမန္သည့္ ေရခဲျမစ္အရည္ေပ်ာ္မႈမ်ားေၾကာင့္ နိုင္ငံေျမာက္ပိုင္း ေတာင္ေပၚျပည္နယ္မ်ားတြင္ ေရလႊမ္းမိုးမႈအႏၱရာယ္အတြက္ အေရးတႀကီးျပင္ဆင္ထားၾကရန္လည္း အစိုးရက ျပည္နယ္ သဘာဝေဘးစီမံခန့္ခြဲေရး အာဏာပိုင္မ်ားကို ၫႊန္ၾကားထားေၾကာင္း ရာမန္က ေျပာဆိုသည္။

ဟိမဝႏၱာ၊ ဟင္ဒူကပ္ရွ္နဲ႕ ကာကိုရမ္ေတာင္တန္းမ်ားရွိ ေရခဲျမစ္မ်ား အလ်င္အျမန္ အရည္ေပ်ာ္ေနၿပီး ပါကစၥတန္ေျမာက္ပိုင္းတြင္ ေရခဲကန္ေထာင္ခ်ီ ျဖစ္ေပၚေစခဲ့ေၾကာင္းႏွင့္ ယင္းတို႔အထဲမွ ၃၀. ခန့္သည္ ႐ုတ္တရက္ ေရႀကီးမႈမ်ားျဖစ္ေစနိုင္သည့္ အႏၱရာယ္ရွိေနေၾကာင္း ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ဝန္ႀကီးဌာနက ေျပာဆိုခဲ့ၿပီး ယင္း ေရႀကီးမႈအႏၱရာယ္အတြင္း လူဦးေရ ၇ သန္းခန့္ ထိခိုက္လြယ္သည့္ အေနအထားတြင္ ရွိေနေၾကာင္းလည္း ၎က ေျပာဆိုခဲ့သည္။

သိပၸံပညာရွင္မ်ားကလည္း ရာသီဥတု ေဖာက္ျပန္ျခင္းႏွင့္ ဆက္စပ္သည့္ ျပင္းထန္ေသာႏြေရာသီအေစာပိုင္းအစတြင္ ေဒသတြင္း အပူဒဏ္ႏွင့္ သက္ေရာက္မႈမ်ားကို လူဦးေရ ၁ ဘီလီယံေက်ာ္အထိ ခံစားရနိုင္ေၾကာင္း သတိေပးထားသည္ဟု သိရွိရပါငည္။

#mhtnews