Yoma Bank နှင့် UAB Bank အပါအဝင် ဘဏ်ခွဲအချို့၌ ဧပြီလ ၄ ရက် မှစတင်ကာ မိမိအကောင့် မှငွေသားထုတ်ယူမည့်ကိစ္စအတွက် ဖုန်းဆက် တိုကင်ယူရန်မလိုဘဲ တစ်ပတ်လျှင် ငွေကျပ် ၅ သိန်း အထိ ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာထားသည်။

Yoma Bank (ရိုးမဘဏ်) အနေဖြင့် ဧပြီလ ၄ ရက် မှစတင်၍ ရိုးမဘဏ်ခွဲများတွင် မိမိအကောင့် မှငွေသားထုတ်ယူရာတွင် ဖုန်းဆက် တိုကင်ယူရန်မလိုဘဲ တစ်ပတ် ကျပ် ၅ သိန်း အထိ ငွေသားထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားကာ Account Transfer ပြုလုပ်ပြီး ငွေထုတ်ယူလိုပါက ယခင်သတ်မှတ်ချက်အတိုင်း တစ်လစောင့်ဆိုင်းပြီးမှသာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့်

Flexi Account မှ အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ကြောင်း ကြေညာထားသည်။

အလားတူ CB Bank ကလည်း “CB Bank Customer များအနေနဲ့ မိမိတို့ရဲ့ Individual Old Account တွေကနေ ငွေသားထုတ်ယူနိုင်ဖို့အတွက် တိုကင်ကြိုတင်ရယူဖို့ မလိုအပ်ဘဲ ငွေသားထုတ်ယူနိုင်မယ့် ဘဏ်ခွဲတွေကို CB Bank က အပတ်စဉ်ဆက်လက်တိုးချဲ့နေပါပြီ” ဟု ကြေညာထားပြီး တိုးချဲ့ထားဝည့် ဘဏ်ခွဲများစာရင်းကို ထုတ်ပြန်ထားသည်။

ထို့နောက် UAB Bank ကလည်း ဘဏ်ခွဲများအားလုံးတွင် ငွေထုတ်ယူမှုပမာဏအား တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ကြေညာထားပြီး တစ်ဦးချင်း အကောင့် (individual old account) ဖွင့်ထားသော customer များအနေဖြင့် မိမိဖွင့်ထားသော ဘဏ်ခွဲ၌ တစ်ပတ်အတွင်း ကျပ် ၅ သိန်းနှင့် တစ်လအတွင်း အများဆုံး ကျပ်သိန်း ၂၀ အထိ

Token ယူရန်မလိုပဲ ငွေသားထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

#mhtnews

(Zawgyi)

“Yoma Bank ႏွင့္ UAB Bank အပါအဝင္ ဘဏ္ခြဲအခ်ိဳ႕၌ တိုကင္ယူစရာမလိုဘဲ တစ္ပါတ္လွ်င္ေငြ(၅)သိန္း ထုတ္ယူနိုင္ေၾကာင္း ေၾကညာ”

Yoma Bank ႏွင့္ UAB Bank အပါအဝင္ ဘဏ္ခြဲအခ်ိဳ႕၌ ဧၿပီလ ၄ ရက္ မွစတင္ကာ မိမိအေကာင့္ မွေငြသားထုတ္ယူမည့္ကိစၥအတြက္ ဖုန္းဆက္ တိုကင္ယူရန္မလိုဘဲ တစ္ပတ္လွ်င္ ေငြက်ပ္ ၅ သိန္း အထိ ေငြသားထုတ္ယူနိုင္ၿပီျဖစ္ေၾကာင္း ေၾကညာထားသည္။

Yoma Bank (ရိုးမဘဏ္) အေနျဖင့္ ဧၿပီလ ၄ ရက္ မွစတင္၍ ရိုးမဘဏ္ခြဲမ်ားတြင္ မိမိအေကာင့္ မွေငြသားထုတ္ယူရာတြင္ ဖုန္းဆက္ တိုကင္ယူရန္မလိုဘဲ တစ္ပတ္ က်ပ္ ၅ သိန္း အထိ ေငြသားထုတ္ယူနိုင္ၿပီျဖစ္ေၾကာင္း အသိေပးေၾကညာထားကာ Account Transfer ျပဳလုပ္ၿပီး ေငြထုတ္ယူလိုပါက ယခင္သတ္မွတ္ခ်က္အတိုင္း တစ္လေစာင့္ဆိုင္းၿပီးမွသာ ထုတ္ယူနိုင္မည္ျဖစ္ေၾကာင္းႏွင့္

Flexi Account မွ အကန႔္အသတ္မရွိ ေငြသြင္းေငြထုတ္ျပဳလုပ္နိုင္ေၾကာင္း ေၾကညာထားသည္။

အလားတူ CB Bank ကလည္း “CB Bank Customer မ်ားအေနနဲ႕ မိမိတို႔ရဲ႕ Individual Old Account ေတြကေန ေငြသားထုတ္ယူနိုင္ဖို႔အတြက္ တိုကင္ႀကိဳတင္ရယူဖို႔ မလိုအပ္ဘဲ ေငြသားထုတ္ယူနိုင္မယ့္ ဘဏ္ခြဲေတြကို CB Bank က အပတ္စဥ္ဆက္လက္တိုးခ်ဲ့ေနပါၿပီ” ဟု ေၾကညာထားၿပီး တိုးခ်ဲ့ထားဝည့္ ဘဏ္ခြဲမ်ားစာရင္းကို ထုတ္ျပန္ထားသည္။

ထို႔ေနာက္ UAB Bank ကလည္း ဘဏ္ခြဲမ်ားအားလုံးတြင္ ေငြထုတ္ယူမႈပမာဏအား တိုးျမႇင့္လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာထားၿပီး တစ္ဦးခ်င္း အေကာင့္ (individual old account) ဖြင့္ထားေသာ customer မ်ားအေနျဖင့္ မိမိဖြင့္ထားေသာ ဘဏ္ခြဲ၌ တစ္ပတ္အတြင္း က်ပ္ ၅ သိန္းႏွင့္ တစ္လအတြင္း အမ်ားဆုံး က်ပ္သိန္း ၂၀ အထိ

Token ယူရန္မလိုပဲ ေငြသားထုတ္ယူနိုင္ၿပီ ျဖစ္ေၾကာင္း အသိေပးေၾကညာထားသည္။

#mhtnews