
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ခြောက်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့မှုမှ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၃၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ်လ ၃၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတန်ချိန် ၁၀၂၈၀၀၀ ကျော် ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၇၈၀.၁၅၆) သန်းတန်ဖိုး တင်ပို့ခဲ့ပြီး နယ်စပ်မှ တန်ချိန် ၆၂၀၀၀ နီးပါး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅၀.၄၆၉) သန်း၊ စုစုပေါင်း (၁၀၉၀၁၁၁.၇၄၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၃၀.၆၂၅)သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ယခင်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကလည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် စုစုပေါင်း တန်ချိန် နှစ်သန်းကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ကျော်ဖိုး ရရှိခဲ့သည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အဓိကဝယ်ယူနေသည့် အိန္ဒိယနိုင်ငံအနေဖြင့် မတ်ပဲ၊ ပဲစင်းငုံတင်သွင်းခွင့်ကို ၂ဝ၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ သက်တမ်းတစ်နှစ်ထပ်တိုးပေးထားကြောင်း သိရသည်။
#mhtnews

(Zawgyi)
“Mini Budget ကာလ ေျခာက္လအတြင္း ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈမွ တန္ဖိုး အေမရိကန္ေဒၚလာ သန္း ၈၃၀ ေက်ာ္ရွိခဲ့”
၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္(Mini Budget) ေျခာက္လတာကာလအတြင္း ျပည္ပနိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတင္ပို႔မႈမွ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ သန္းေပါင္း ၈၃၀ ေက်ာ္ ရရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။
၂၀၂၁-၂၀၂၂ဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္မွ မတ္လ ၃၁ ရက္အထိ ပင္လယ္ေရေၾကာင္းမွ ပဲမ်ိဳးစုံတန္ခ်ိန္ ၁၀၂၈၀၀၀ ေက်ာ္ ၊ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၇၈၀.၁၅၆) သန္းတန္ဖိုး တင္ပို႔ခဲ့ၿပီး နယ္စပ္မွ တန္ခ်ိန္ ၆၂၀၀၀ နီးပါး၊ တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၅၀.၄၆၉) သန္း၊ စုစုေပါင္း (၁၀၉၀၁၁၁.၇၄၁) တန္၊ တန္ဖိုး အေမရိကန္ေဒၚလာ (၈၃၀.၆၂၅)သန္း တင္ပို႔နိုင္ခဲ့ျခင္းျဖစ္သည္။
ယခင္ဘ႑ာႏွစ္ျဖစ္သည့္ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ကလည္း ျမန္မာနိုင္ငံမွ ျပည္ပသို႔ ပဲမ်ိဳးစုံတင္ပို႔မႈအေနျဖင့္ စုစုေပါင္း တန္ခ်ိန္ ႏွစ္သန္းေက်ာ္တင္ပို႔ခဲ့ၿပီး အေမရိကန္ေဒၚလာ သန္း ၁၅၀၀ေက်ာ္ဖိုး ရရွိခဲ့သည္။
ျမန္မာနိုင္ငံမွ ပဲမ်ိဳးစုံကို အဓိကဝယ္ယူေနသည့္ အိႏၵိယနိုင္ငံအေနျဖင့္ မတ္ပဲ၊ ပဲစင္းငုံတင္သြင္းခြင့္ကို ၂ဝ၂၃ ခုႏွစ္ မတ္လ ၃၁ ရက္အထိ သက္တမ္းတစ္ႏွစ္ထပ္တိုးေပးထားေၾကာင္း သိရသည္။
#mhtnews
Recent Comments