
ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာမှုရှိစေရေး အစွမ်းကုန် ကြိုးစားနေပါတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ယနေ့မှာကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူးအခါသမယ နှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးက “လွတ်လပ်ရေးရဲ့ အသီးအပွင့်များ၊ ဒီမိုကရေစီ အုပ်ချုပ်ရေးရဲ့ အနှစ်သာရများ အပြည့်အဝခံစားရစေဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားကြရပါဦးမယ်။ ဒါကြောင့် ဒီနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ သတ်မှတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်း သာယာမှုရှိစေရေး အစွမ်းကုန် ကြိုးစားနေပါတယ်” လို့ ပြေကြားခဲ့တာဖြစ်ပါတယ်။
ဆက်လက်ပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးက “ကျွန်တော့်ရဲ့ အမျိုးသားရေး ရည်မှန်းချက် ၂ ခုရှိပါတယ်။
၁။ နိုင်ငံတော်ကြီး သာယာဝပြောရေး
၂။ တိုင်းပြည် စားရေရိက္ခာပေါများရေး တို့ဖြစ်ပါတယ်။
ပြည်ထောင်စုကြီး တစ်ခုလုံး အေးချမ်းသာယာစွာနဲ့ လူတိုင်း လူတိုင်း ကိုယ်စိတ်ချမ်းသာစွာနဲ့ လုပ်ကိုင်စားသောက်နိုင်ပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်း နိုင်ရပါမယ်။
မြေပေါ် မြေအောက် သဘာဝအရင်းအမြစ်များ အသုံးချပြီး တိုင်းသူ ပြည်သားအားလုံးအတွက် စားရေရိက္ခာ မပူမပင် မကြောင့်မကြ ပြည့်စုံနေအောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ ပြည်သူလူထုရဲ့ စွမ်းအားနဲ့ အကောင်းဆုံး ဖြစ်အောင် ကျွန်တော်ကြိုးစားသွားပါမယ်။ အောင်မြင်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။
ယခုလို ၁၃၈၄ ခုနှစ် ကျက်သရေမင်္ဂလာရှိတဲ့ နှစ်သစ်ဦးအချိန်ကာလသမယမှာ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ဟောင်းတွေက အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို ဆင်ခြင်သုံးသပ်မြှင့်တင်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ပေးဆပ်သယ်ပိုး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
#mhtnews
=========================
(Zawgyi)
“ဒီႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္လို႔ သတ္မွတ္ၿပီး တစ္နိုင္ငံလုံး ၿငိမ္းခ်မ္း သာယာမႈရွိေစေရး အစြမ္းကုန္ ႀကိဳးစားေနပါတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာၾကား”
ဒီႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္လို႔ သတ္မွတ္ၿပီး တစ္နိုင္ငံလုံး ၿငိမ္းခ်မ္း သာယာမႈရွိေစေရး အစြမ္းကုန္ ႀကိဳးစားေနပါတယ္လို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားခဲ့ပါတယ္။
ယေန႕မွာက်ေရာက္တဲ့ ျမန္မာသကၠရာဇ္ ၁၃၈၄ ခုႏွစ္၊ ျမန္မာႏွစ္ဆန္းတစ္ရက္ ႏွစ္သစ္ကူးအခါသမယ ႏႈတ္ခြန္းဆက္ မဂၤလာစကား ေျပာၾကားရာမွာ ထည့္သြင္း ေျပာၾကားခဲ့တာပါ။
ဗိုလ္ခ်ဳပ္မႉးႀကီးက “လြတ္လပ္ေရးရဲ႕ အသီးအပြင့္မ်ား၊ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးရဲ႕ အႏွစ္သာရမ်ား အျပည့္အဝခံစားရေစဖို႔ ကြၽန္ေတာ္တို႔အားလုံး အစြမ္းကုန္ႀကိဳးစားၾကရပါဦးမယ္။ ဒါေၾကာင့္ ဒီႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္လို႔ သတ္မွတ္ၿပီး တစ္နိုင္ငံလုံး ၿငိမ္းခ်မ္း သာယာမႈရွိေစေရး အစြမ္းကုန္ ႀကိဳးစားေနပါတယ္” လို႔ ေျပၾကားခဲ့တာျဖစ္ပါတယ္။
ဆက္လက္ၿပီးေတာ့လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက “ကြၽန္ေတာ့္ရဲ႕ အမ်ိဳးသားေရး ရည္မွန္းခ်က္ ၂ ခုရွိပါတယ္။
၁။ နိုင္ငံေတာ္ႀကီး သာယာဝေျပာေရး
၂။ တိုင္းျပည္ စားေရရိကၡာေပါမ်ားေရး တို႔ျဖစ္ပါတယ္။
ျပည္ေထာင္စုႀကီး တစ္ခုလုံး ေအးခ်မ္းသာယာစြာနဲ႕ လူတိုင္း လူတိုင္း ကိုယ္စိတ္ခ်မ္းသာစြာနဲ႕ လုပ္ကိုင္စားေသာက္နိုင္ၿပီး နိုင္ငံတကာနဲ႕ ရင္ေဘာင္တန္း နိုင္ရပါမယ္။
ေျမေပၚ ေျမေအာက္ သဘာဝအရင္းအျမစ္မ်ား အသုံးခ်ၿပီး တိုင္းသူ ျပည္သားအားလုံးအတြက္ စားေရရိကၡာ မပူမပင္ မေၾကာင့္မၾက ျပည့္စုံေနေအာင္ ေဆာင္႐ြက္ေရးပဲ ျဖစ္ပါတယ္။
တိုင္းျပည္ရဲ႕ အားဟာ ျပည္တြင္းမွာပဲ ရွိပါတယ္။ ျပည္သူလူထုရဲ႕ စြမ္းအားနဲ႕ အေကာင္းဆုံး ျဖစ္ေအာင္ ကြၽန္ေတာ္ႀကိဳးစားသြားပါမယ္။ ေအာင္ျမင္မယ္လို႔လည္း အျပည့္အဝ ယုံၾကည္ပါတယ္။
ယခုလို ၁၃၈၄ ခုႏွစ္ က်က္သေရမဂၤလာရွိတဲ့ ႏွစ္သစ္ဦးအခ်ိန္ကာလသမယမွာ ကြၽန္ေတာ္တို႔ ျဖတ္သန္းလာခဲ့ရတဲ့ ႏွစ္ေဟာင္းေတြက အားနည္းခ်က္ေတြကို ျပဳျပင္၊ အားသာခ်က္ေတြကို ဆင္ျခင္သုံးသပ္ျမႇင့္တင္ၿပီး နိုင္ငံေတာ္နဲ႕ နိုင္ငံသားတို႔အတြက္ ေပးဆပ္သယ္ပိုး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။
#mhtnews
Recent Comments