Master Card/ VISA နဲ့ UPI စတဲ့ Prepaid Card တွေရဲ့ တစ်လမှာ အများဆုံး အသုံးပြုနိုင်တဲ့ ပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထက်ဝက် လျှော့ချလိုက်ပြီး နှုန်းထားအသစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

အရင်က Prepaid Card ထုတ်ဝေခွင့်ကို တစ်လမှာ ကစ်တစ်ကတ်ရဲ့ အများဆုံး အသုံးပြုနိုင်တဲ့ ပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ သတ်မှတ်ခဲ့ပေမယ့် ယခုအခါ ထက်ဝက်လျှော့ချလိုက်ပြီး ဒေါ်လာ ၂၅၀၀ အဖြစ် ပြင်ဆင်လိုက်တာပါ။

ဒါ့အပြင် Credit Card ရဲ့ အသုံးပြုနိုင်တဲ့ ပမာဏသတ်မှတ်ခြင်းကိုလည်း ကတ်အသုံးပြုသူရဲ့ ဝင်ငွေအပေါ် မူတည်ပြီး တစ်လမှာ အများဆုံးအသုံးပြုနိုင်တဲ့ပမာဏ ကျပ်သိန်း ၅၀ ကနေ အခုတော့ ကျပ် ၂၅ သိန်းအထိ လျှော့ချလိုက်ပြီး International Co-Brand Card တွေဖြစ်ကြတဲ့ MPU-UPI၊ MPU-JCB ကတ်တွေလည်း အများဆုံး ကျပ် ၂၅ သိန်းပဲ အသုံးပြုနိုင်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Prepaid Card ၊ Credit Card ၊ Co-Brand Card များ ထုတ်ဝေခြင်း၊ ကတ်လက်ခံသုံးစွဲခြင်းနဲ့ ပတ်သက်ပြီး အခြေအနေ၊ အချက်အလက်တွေကို ဗဟိုဘဏ်၊ စာရင်းအင်းဌာနဆီ ပေးပို့ရမှာဖြစ်ပြီး အပတ်စဥ် သောကြာနေ့က ကတ်လုပ်ငန်း Position ကို နောက်တစ်ပတ် တနင်္လာနေ့ မနက် ၉. နာရီခွဲအချိန် နောက်ဆုံးထားပေးပို့ရမှာလည်း ဖြစ်ပါတယ်။

#mhtnews

==============================

(Zawgyi)

“Master Card ႏွင့္ VISA တို႔ အပါအဝင္ နိုင္ငံတကာကတ္မ်ား၏ အမ်ားဆုံးအသုံးျပဳနိုင္သည့္ ပမာဏကို ဗဟိုဘဏ္က ထက္ဝက္ေလွ်ာ့ခ်သတ္မွတ္”

Master Card/ VISA နဲ႕ UPI စတဲ့ Prepaid Card ေတြရဲ႕ တစ္လမွာ အမ်ားဆုံး အသုံးျပဳနိုင္တဲ့ ပမာဏကို ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္က ထက္ဝက္ ေလွ်ာ့ခ်လိဳက္ၿပီး ႏႈန္းထားအသစ္ ေျပာင္းလဲသတ္မွတ္လိုက္ပါတယ္။

အရင္က Prepaid Card ထုတ္ေဝခြင့္ကို တစ္လမွာ ကစ္တစ္ကတ္ရဲ႕ အမ်ားဆုံး အသုံးျပဳနိုင္တဲ့ ပမာဏအျဖစ္ အေမရိကန္ေဒၚလာ ၅၀၀၀ သတ္မွတ္ခဲ့ေပမယ့္ ယခုအခါ ထက္ဝက္ေလွ်ာ့ခ်လိဳက္ၿပီး ေဒၚလာ ၂၅၀၀ အျဖစ္ ျပင္ဆင္လိုက္တာပါ။

ဒါ့အျပင္ Credit Card ရဲ႕ အသုံးျပဳနိုင္တဲ့ ပမာဏသတ္မွတ္ျခင္းကိုလည္း ကတ္အသုံးျပဳသူရဲ႕ ဝင္ေငြအေပၚ မူတည္ၿပီး တစ္လမွာ အမ်ားဆုံးအသုံးျပဳနိုင္တဲ့ပမာဏ က်ပ္သိန္း ၅၀ ကေန အခုေတာ့ က်ပ္ ၂၅ သိန္းအထိ ေလွ်ာ့ခ်လိဳက္ၿပီး International Co-Brand Card ေတြျဖစ္ၾကတဲ့ MPU-UPI၊ MPU-JCB ကတ္ေတြလည္း အမ်ားဆုံး က်ပ္ ၂၅ သိန္းပဲ အသုံးျပဳနိုင္မယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Prepaid Card ၊ Credit Card ၊ Co-Brand Card မ်ား ထုတ္ေဝျခင္း၊ ကတ္လက္ခံသုံးစြဲျခင္းနဲ႕ ပတ္သက္ၿပီး အေျခအေန၊ အခ်က္အလက္ေတြကို ဗဟိုဘဏ္၊ စာရင္းအင္းဌာနဆီ ေပးပို႔ရမွာျဖစ္ၿပီး အပတ္စဥ္ ေသာၾကာေန႕က ကတ္လုပ္ငန္း Position ကို ေနာက္တစ္ပတ္ တနလၤာေန႕ မနက္ ၉. နာရီခြဲအခ်ိန္ ေနာက္ဆုံးထားေပးပို႔ရမွာလည္း ျဖစ္ပါတယ္။

#mhtnews