
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေဟာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုသူတွေဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်ကလည်း ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကို အာမခံထားပြီးဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ကြားရတာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“EAO တွေနဲ့ ကျွန်တော်တို့ အစိုးရအဆက်ဆက် တပ်မတော်နဲ့ ပဋိပက္ခအသွင် ရပ်တည်လာခဲ့တာကြာပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အဓိကထားပြီး တောင်းဆိုခဲ့တာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးလည်း တပ်မတော်ရော နိုင်ငံတော်အစိုးရရော အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာ အာမခံပြီးသား ဖြစ်တယ်။ ဒါတွေကို ကျွန်တော်တို့က ကြေကြေလည်လည် ဆွေးနွေးဖို့ပဲ လိုတယ်”လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်ပသတင်းဌာနတစ်ခုကို ပြောဆိုခဲ့တာပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ မိမိကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ဖိတ်ခေါ်ထားပါတယ်။
#mhtnews
=====================
(Zawgyi)
“EAO ေတြဟာ တိုင္းရင္းသားအခြင့္အေရးေတာင္းဆိုသူေတြျဖစ္ၿပီး အစိုးရနဲ႕ တပ္မေတာ္ဘက္ကလည္း ဖက္ဒရယ္စနစ္ကို အာမခံထားၿပီးျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲဖိတ္ၾကားတာလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ”
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ EAO ေတြဟာ တိုင္းရင္းသားအခြင့္အေရးေတာင္းဆိုသူေတြျဖစ္ၿပီး အစိုးရနဲ႕ တပ္မေတာ္ဘက္ကလည္း ဒီမိုကေရစီနဲ႕ ဖက္ဒရယ္အေျခခံတဲ့ ျပည္ေထာင္စုကို အာမခံထားၿပီးျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးႏြေးပြဲဖိတ္ၾကားရတာလို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
EAO ေတြနဲ႕ ကြၽန္ေတာ္တို႔ အစိုးရအဆက္ဆက္ တပ္မေတာ္နဲ႕ ပဋိပကၡအသြင္ ရပ္တည္လာခဲ့တာၾကာၿပီ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ေတာင္းဆိုခ်က္ကေတာ့ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးကို အဓိကထားၿပီး ေတာင္းဆိုခဲ့တာျဖစ္တယ္။ ဒါနဲ႕ပတ္သက္ၿပီးလည္း တပ္မေတာ္ေရာ နိုင္ငံေတာ္အစိုးရေရာ အေနနဲ႕ ဒီမိုကေရစီနဲ႕ ဖက္ဒရယ္ အေျခခံတဲ့ ျပည္ေထာင္စုစနစ္ကို ခိုင္ခိုင္မာမာ အာမခံၿပီးသား ျဖစ္တယ္။ ဒါေတြကို ကြၽန္ေတာ္တို႔က ေၾကေၾကလည္လည္ ေဆြးႏြေးဖို႔ပဲ လိုတယ္လို႔ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပည္ပသတင္းဌာနတစ္ခုကို ေျပာဆိုခဲ့တာပါ။
နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ၿပီးခဲ့တဲ့ ဧၿပီ ၂၂ ရက္မွာ ၿငိမ္းခ်မ္းေရးနဲ႕ပတ္သက္ၿပီး မိန့္ခြန္းေျပာၾကားရာမွာ မိမိကိုယ္တိုင္ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႕ ေတြ႕ဆုံၿပီး ၿငိမ္းခ်မ္းေရးေဆြးႏြေးမယ္လို႔ ဖိတ္ေခၚထားပါတယ္။
#mhtnews
Recent Comments