
“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ အတွင်းရေးမှူးများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းနှင့် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပထမအဆင့်အကောင်အထည်ဖော်ဆောင်မှုအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ အနှံ့အပြားသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးကြကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များသည် လက်ဝယ် ရရှိပြီးဖြစ်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ထိရောက်စွာ ပေပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ထပ်လောင်းအတည်ပြုကြသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုသည့် အချက်များအပါအဝင် ဒုတိယအဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယအဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရန်အတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများအပေါ် ဆွေးနွေးခဲ့သည်။
အစည်းအဝေး၌ ဒုတိယအဆင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင် ရန်အတွက် နည်းလမ်းများအပေါ် ဆွေးနွေးခဲ့ကြပြီး မြန်မာဖက် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အမှန်တကယ်လိုအပ်နေသူများထံသို့ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းမူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီလိုအပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာဖြန့်ဝေရန် မြန်မာနိုင်ငံ၏ ခိုင်မာသောဆန္ဒနှင့် အဆင်သင့်ဖြစ်မှုတို့ကို ထပ်လောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
#mhtnews
=============================
(Zawgyi)
“AHA Centre မွ တစ္ဆင့္ လႉဒါန္းမည့္ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီ စီမံခန႔္ခြဲေရးဆိုင္ရာ ျမန္မာလုပ္ငန္းအဖြဲ႕၊ အဖြဲ႕ဝင္မ်ားက ကေမၻာဒီးယားနိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးႏွင့္ အာဆီယံ ဥကၠ႒၏ အထူးကိုယ္စားလွယ္႐ုံးအဖြဲ႕ေခါင္းေဆာင္ H.E. Dr. KUNG Phoak ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ”
AHA Centre မွ တစ္ဆင့္ လႉဒါန္းမည့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီစီမံခန႔္ခြဲေရးဆိုင္ရာ ျမန္မာလုပ္ငန္းအဖြဲ႕ (Task Force) အဖြဲ႕ဝင္မ်ား ျဖစ္ၾကသည့္ နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္၊ က်န္းမာေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာေအးထြန္းႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထြန္းခိုင္တို႔သည္ ကေမၻာဒီးယားနိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးႏွင့္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္ ႐ုံးအဖြဲ႕ေခါင္းေဆာင္ H.E. Dr. KUNG Phoak ဦးေဆာင္သည့္ ကေမၻာဒီးယားကိုယ္စားလွယ္အဖြဲ႕ႏွင့္ ယေန႕တြင္ ေနျပည္ေတာ္ရွိ နိုင္ငံျခားေရးဝန္ႀကီးဌာန၌ ေတြ႕ဆုံေဆြးႏြေးခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးသို႔ လုပ္ငန္းအဖြဲ႕၊ အဖြဲ႕ဝင္ျဖစ္သည့္ နိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးခ်မ္းေအး၊ အတြင္းေရးမႉးမ်ားျဖစ္ၾကသည့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ေဒါက္တာ ကိုကိုနိုင္၊ က်န္းမာေရးဝန္ႀကီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိန္ဝင္းႏွင့္ လုပ္ငန္းအဖြဲ႕၊ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။
အစည္းအေဝး၌ ျမန္မာနိုင္ငံသို႔ AHA Centre မွတစ္ဆင့္ လူသားခ်င္းစာနာေထာက္ ထားမႈ အကူအညီမ်ား ပထမအဆင့္အေကာင္အထည္ေဖာ္ေဆာင္မႈအေပၚ ျပန္လည္သုံးသပ္ ေဆြးႏြေးၾကၿပီး က်န္းမာေရးဝန္ႀကီးဌာနမွ ျမန္မာနိုင္ငံ အႏွံ႕အျပားသို႔ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ား ပံ့ပိုးေပးျခင္းႏွင့္ ပတ္သက္၍ ျဖစ္ေပၚတိုးတက္မႈမ်ားကို ေဆြးႏြေးၾကေၾကာင္း သိရသည္။
ထို႔ေနာက္ လုပ္ငန္းအဖြဲ႕၊ အဖြဲ႕ဝင္မ်ားသည္ လက္ဝယ္ ရရွိၿပီးျဖစ္သည့္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီမ်ားကို အမွန္တကယ္ လိုအပ္ေနသည့္ ျပည္သူမ်ားထံသို႔ ထိေရာက္စြာ ေပပို႔နိုင္ေရး ကူညီေဆာင္႐ြက္ေပးရန္ ထပ္ေလာင္းအတည္ျပဳၾကသည္။
ထို႔ျပင္ ကေမၻာဒီးယားနိုင္ငံမွ အဆိုျပဳသည့္ အခ်က္မ်ားအပါအဝင္ ဒုတိယအဆင့္ လူသားခ်င္း စာနာေထာက္ထားမႈအကူအညီမ်ားအတြက္ ျပင္ဆင္မႈမ်ားအေပၚ ႏွစ္ဖက္အျမင္ခ်င္းဖလွယ္ ေဆြးႏြေးခဲ့ၾကၿပီး လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာနမွ ဒုတိယအဆင့္အတြက္ ျမန္မာအစိုးရ၏ အစီအစဥ္မ်ားႏွင့္ လုပ္ငန္းအေကာင္ အထည္ေဖာ္ေဆာင္ရန္အတြက္ သတ္မွတ္လုပ္ထုံး လုပ္နည္းမ်ားအေပၚ ေဆြးႏြေးခဲ့သည္။
အစည္းအေဝး၌ ဒုတိယအဆင့္ လုပ္ငန္းအေကာင္ အထည္ေဖာ္ေဆာင္ ရန္အတြက္ နည္းလမ္းမ်ားအေပၚ ေဆြးႏြေးခဲ့ၾကၿပီး ျမန္မာဖက္ လုပ္ငန္းအဖြဲ႕၊ အဖြဲ႕ဝင္မ်ားမွ လူသားခ်င္းစာနာေထာက္ထားမႈအကူအညီမ်ားကို အမွန္တကယ္လိုအပ္ေနသူမ်ားထံသို႔ ျဖန႔္ေဝရာတြင္ ျမန္မာနိုင္ငံ၏ ျပည္တြင္းမူဝါဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အကူအညီလိုအပ္ေနသူမ်ားအား ခြဲျခားမႈမရွိဘဲ မွ်တစြာျဖန႔္ေဝရန္ ျမန္မာနိုင္ငံ၏ ခိုင္မာေသာဆႏၵႏွင့္ အဆင္သင့္ျဖစ္မႈတို႔ကို ထပ္ေလာင္း ေျပာၾကားခဲ့သည္ဟု သိရွိရပါသည္။
#mhtnews
Recent Comments