(၉၄) ကြိမ်မြောက်အဖြစ်ကျင်းပမည့် မြောက်ဦးမြို့ သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) နှင့် ရိုးရာကျင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အဆိုပါပွဲတော်ကို ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်နေ့မှ စတင်ကာ မေလ ၁၆ ရက်နေ့ထိ (ကဆုန်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၂ ရက်ထိ) (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဟု ဘုရားဂေါပအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပွဲတော်အတွင်း အစဥ်အလာအရ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရီ (ရေ) သွန်းလောင်းပွဲကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်သလို ပျော်ပွဲရွှင်ပွဲများအပြင် ယခင်နှစ်များနည်းတူ ဘောလုံးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

ပြိုင်လောင်း (လှေ)ပြိုင်ပွဲတွင် လက်တောင်အရှည် ၁၂ လံ အရှည်လှေ၊ ၈ လံ အရှည်လှေနှင့် ၆ လံ အရှည်လှေများဖြင့် အတန်း(၃) တန်းသတ်မှတ်ကာ ပြိုင်သွားမည်ဖြစ်သလို ရိုးရာကျင်ပွဲတွင်လည်း ရခိုင်တစ်ပြည်လုံးမှ ကျင်သန်ကြီးများကို ဖိတ်ကြားထားသည်ဟုဆိုသည်။

ပြိုင်လောင်း (လှေ) ပြိုင်ပွဲတွင် ၁၂ လံ လှေပြိုင်ပွဲ ပထမဆုံကို ကျပ် ၂၅ သိန်း၊ ဒုတိယဆု ၂၃ သိန်း၊ ၈ လံအရှည် လှေပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်းနှင့် ၆ လံအတန်းတွင် ပထမဆု ၂၀ သိန်းနှင့် ဒုတိယဆု ၁၈ သိန်း ချီးမြှင့်သွားမည်ဟု သိရသည်။

အလားတူ ရခိုင်ရိုးရာကျင်ပွဲတွင် အကြီးတန်း ပထမဆု ကျပ် ၁၄ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယ ဆု ၆ သိန်းနှင့် စတုတ္ထဆု ၄ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။ ကျင်ပွဲအလတ်တန်းတွင် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယ ဆု ၅ သိန်းနှင့် စတုတ္ထဆု ၃ စီချီးမြှင့်ကာ တတိယတန်းတွင် ပထမဆု ကျပ် ၈ သိန်း၊ ဒုတိယဆု ၆ သိန်း၊ တတိယ ဆု ၄ သိန်းနှင့် စတုတ္ထဆု ၃ သိန်းစီ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

မြောက်ဦး ဘုရားများပွဲတော်သည် မိုးမကျမီ ပြုလုပ်သည့် ရခိုင်ပြည်က နောက်ဆုံး ဘုရားပွဲတော်တစ်ခုဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးသူများ လာရောက်ကြသဖြင့် အလွန်စည်ကားကာ ပွဲတော်ရက်အတွင်း သင်္ဂနဒီမြစ် (လက်ရှိ မြောက်ဦးချောင်း) အတွင်း ပြုလုပ်သည့် လှေပြိုင်ပွဲတွင် ရေပက်ကစားကြသည်ဟုလည်း သိရသည်။

#mhtnews

(Zawgyi)

“(၉၄) ႀကိမ္ေျမာက္အျဖစ္က်င္းပမည့္ ေျမာက္ဦးဘုရားမ်ားဗုဒၶပူဇနိယပြဲေတာ္တြင္ ရိုးရာၿပိဳင္ေလာင္းပြဲႏွင့္ က်င္ပြဲမ်ားထည့္သြင္းက်င္းပမည္ဟုဆို”

(၉၄) ႀကိမ္ေျမာက္အျဖစ္က်င္းပမည့္ ေျမာက္ဦးၿမိဳ႕ သွ်စ္ေသာင္း၊ ထုကၠန္၊ အံေတာ္သိမ္ဘုရားမ်ား၏ ဗုဒၶပူဇနိယပြဲေတာ္တြင္ ၿပိဳင္ေလာင္းပြဲ (ေလွၿပိဳင္ပြဲ) ႏွင့္ ရိုးရာက်င္ပြဲမ်ားကို ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း ေဒသတြင္းသတင္းမ်ားအရ သိရသည္။

အဆိုပါပြဲေတာ္ကို ၂၀၂၂ ခုႏွစ္ ေမလ ၁၃ ရက္ေန႕မွ စတင္ကာ ေမလ ၁၆ ရက္ေန႕ထိ (ကဆုန္လဆန္း ၁၄ ရက္မွ လျပည့္ေက်ာ္ ၂ ရက္ထိ) (၄) ရက္တိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ဟု ဘုရားေဂါပအဖြဲ႕မွ ထုတ္ျပန္ထားသည္။

ပြဲေတာ္အတြင္း အစဥ္အလာအရ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ပြဲႏွင့္ ကဆုန္ေညာင္ရီ (ေရ) သြန္းေလာင္းပြဲကိုပါ ထည့္သြင္းက်င္းပမည္ျဖစ္သလို ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားအျပင္ ယခင္ႏွစ္မ်ားနည္းတူ ေဘာလုံးၿပိဳင္ပြဲကိုလည္း ထည့္သြင္းက်င္းပသြားမည္ဟု သိရသည္။

ၿပိဳင္ေလာင္း (ေလွ)ၿပိဳင္ပြဲတြင္ လက္ေတာင္အရွည္ ၁၂ လံ အရွည္ေလွ၊ ၈ လံ အရွည္ေလွႏွင့္ ၆ လံ အရွည္ေလွမ်ားျဖင့္ အတန္း(၃) တန္းသတ္မွတ္ကာ ၿပိဳင္သြားမည္ျဖစ္သလို ရိုးရာက်င္ပြဲတြင္လည္း ရခိုင္တစ္ျပည္လုံးမွ က်င္သန္ႀကီးမ်ားကို ဖိတ္ၾကားထားသည္ဟုဆိုသည္။

ၿပိဳင္ေလာင္း (ေလွ) ၿပိဳင္ပြဲတြင္ ၁၂ လံ ေလွၿပိဳင္ပြဲ ပထမဆုံကို က်ပ္ ၂၅ သိန္း၊ ဒုတိယဆု ၂၃ သိန္း၊ ၈ လံအရွည္ ေလွၿပိဳင္ပြဲတြင္ ပထမဆု ၂၂ သိန္း၊ ဒုတိယဆု ၂၀ သိန္းႏွင့္ ၆ လံအတန္းတြင္ ပထမဆု ၂၀ သိန္းႏွင့္ ဒုတိယဆု ၁၈ သိန္း ခ်ီးျမႇင့္သြားမည္ဟု သိရသည္။

အလားတူ ရခိုင္ရိုးရာက်င္ပြဲတြင္ အႀကီးတန္း ပထမဆု က်ပ္ ၁၄ သိန္း၊ ဒုတိယဆု ၁၀ သိန္း၊ တတိယ ဆု ၆ သိန္းႏွင့္ စတုတၳဆု ၄ သိန္းစီ ခ်ီးျမႇင့္သြားမည္ျဖစ္သည္။ က်င္ပြဲအလတ္တန္းတြင္ ပထမဆု က်ပ္ ၁၀ သိန္း၊ ဒုတိယဆု ၈ သိန္း၊ တတိယ ဆု ၅ သိန္းႏွင့္ စတုတၳဆု ၃ စီခ်ီးျမႇင့္ကာ တတိယတန္းတြင္ ပထမဆု က်ပ္ ၈ သိန္း၊ ဒုတိယဆု ၆ သိန္း၊ တတိယ ဆု ၄ သိန္းႏွင့္ စတုတၳဆု ၃ သိန္းစီ အသီးသီး ခ်ီးျမႇင့္ေပးသြားမည္ျဖစ္သည္။

ေျမာက္ဦး ဘုရားမ်ားပြဲေတာ္သည္ မိုးမက်မီ ျပဳလုပ္သည့္ ရခိုင္ျပည္က ေနာက္ဆုံး ဘုရားပြဲေတာ္တစ္ခုျဖစ္ၿပီး အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးသူမ်ား လာေရာက္ၾကသျဖင့္ အလြန္စည္ကားကာ ပြဲေတာ္ရက္အတြင္း သဂၤနဒီျမစ္ (လက္ရွိ ေျမာက္ဦးေခ်ာင္း) အတြင္း ျပဳလုပ္သည့္ ေလွၿပိဳင္ပြဲတြင္ ေရပက္ကစားၾကသည္ဟုလည္း သိရသည္။

#mhtnews