(၈) ကြိမ်မြောက် အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအစုအဖွဲ့ အစည်း အဝေး (8th SOMRI Working Group on Content and Production Meeting (8th SOMRI WG-CP)) ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းနိုင်ငံမှ Video Conferencing စနစ်ဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင် ဦးဆောင်သည့်အဖွဲ့သည် နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်တို့မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးအဆင့်ရှိ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ၊ ဘရူနိုင်းနိုင်ငံမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်ဟုဆိုသည်။

အစည်းအဝေးတွင် ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်းသည့် အာဆီယံ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများ၊ သတင်းအချက်အလက်နှင့် မီဒီယာ ကဏ္ဍဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၅) ဆိုင်ရာများ၊ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်း ဆိုင်ရာများ နှင့်စပ်လျဉ်းပြီး အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ စီမံကိန်း အသစ်များအား ဆွေးနွေးညှိနှိုင်းခြင်းများအပါအဝင် (9th WG-CP) ထပ်မံ၍ အလှည့်ကျကျင်းပမည့် နိုင်ငံရွေးချယ်အတည်ပြုခြင်းတို့ကို ဝိုင်းဝန်းဆွေးနွေးကြသည်။

အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းအစုအဖွဲ့ အစည်းအဝေး (Working Group on Content and Production (8th SOMRI WG-CP) ) သည် အာဆီယံ ပြန်ကြားရေးအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (Senior Officials’ Meeting Responsible for Information-SOMRI) မှ ဆုံးဖြတ်ခဲ့သည့် စီမံကိန်းများနှင့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းစွာအထောက်အပံ့ပြု နိုင်ရေး၊ သတင်းမီဒီယာ ကဏ္ဍဆိုင်ရာ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ၊ စီမံကိန်းများအား သုံးသပ် တင်ပြနိုင်ရေး၊ သတင်း မီဒီယာကဏ္ဍ၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များ စည်းမျဉ်းချမှတ်ခြင်း၊ နည်းပညာစံသတ်မှတ်ခြင်းနှင့် မူဘောင်သတ်မှတ်ခြင်းများကို အသေးစိတ်လေ့လာ သုံးသပ်ပြီး အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့တင်ပြနိုင်ရေးနှင့် SOMRI မှ သဘောတူ ထားသည့် ပြန်ကြားရေးဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အဓိက ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

SOMRI Working Group on Content and Production အစည်းအဝေးများအား ဆန္ဒအလျောက် အဆိုပြုသည့်နိုင်ငံမှ ဦးဆောင် ကျင်းပသည့်စနစ်ဖြင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် လာအိုနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။

#mhtnews

==========================

(Zawgyi)

“(၈) ႀကိမ္ေျမာက္ အာဆီယံ ႐ုပ္သံက႑အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္းဆိုင္ရာ လုပ္ငန္းအစုအဖြဲ႕အစည္းအေဝးသို႔ ျမန္မာနိုင္ငံမွ ကိုယ္စားလွယ္မ်ား ပါဝင္တက္ေရာက္”

(၈) ႀကိမ္ေျမာက္ အာဆီယံ ႐ုပ္သံက႑အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္းဆိုင္ရာ လုပ္ငန္းအစုအဖြဲ႕ အစည္း အေဝး (8thSOMRIWorking Group on Content and Production Meeting (8thSOMRIWG-CP)) ကို ယမန္ေန႕နံနက္ ၈ နာရီခြဲတြင္ ဘ႐ူနိုင္းနိုင္ငံမွ Video Conferencing စနစ္ျဖင့္ျပဳလုပ္ရာ ျမန္မာနိုင္ငံမွ ကိုယ္စားလွယ္မ်ားအျဖစ္ ျပန္ၾကားေရးဝန္ႀကီးဌာန ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ ၫႊန္ၾကားေရးမႉး ေဒၚမိုးသူဇာေအာင္ ဦးေဆာင္သည့္အဖြဲ႕သည္ ေနျပည္ေတာ္-တပ္ကုန္းႏွင့္ ရန္ကုန္တို႔မွ ပါဝင္တက္ေရာက္ေဆြးႏြေးခဲ့ၾကေၾကာင္း သိရသည္။

အစည္းအေဝးသို႔ အာဆီယံအဖြဲ႕ဝင္နိုင္ငံမ်ားမွ ၫႊန္ၾကားေရးမႉးအဆင့္ရွိ ကိုယ္စားလွယ္မ်ားႏွင့္ အဖြဲ႕ဝင္မ်ား၊ ဘ႐ူနိုင္းနိုင္ငံမွ ဌာနဆိုင္ရာ အႀကီးအကဲမ်ား၊ တာဝန္ရွိသူမ်ားႏွင့္ အာဆီယံအတြင္း ေရးမႉးခ်ဳပ္႐ုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္ဟုဆိုသည္။

အစည္းအေဝးတြင္ ႐ုပ္သံက႑အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္းဆိုင္ရာမ်ားႏွင့္ စပ္လ်ဥ္းသည့္ အာဆီယံ အစည္းအေဝးမ်ား၏ ဆုံးျဖတ္ခ်က္မ်ား၊ ႐ုပ္သံက႑အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္းဆိုင္ရာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည့္ စီမံကိန္းမ်ား၊ သတင္းအခ်က္အလက္ႏွင့္ မီဒီယာ က႑ဆိုင္ရာ မဟာဗ်ဴဟာ စီမံကိန္း (၂၀၁၆-၂၀၂၅) ဆိုင္ရာမ်ား၊ ႐ုပ္သံက႑အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္း ဆိုင္ရာမ်ား ႏွင့္စပ္လ်ဥ္းၿပီး အာဆီယံေဆြးႏြေးဖက္နိုင္ငံမ်ားႏွင့္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ စီမံကိန္းမ်ား၊ အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္းဆိုင္ရာ စီမံကိန္း အသစ္မ်ားအား ေဆြးႏြေးညွိႏွိုင္းျခင္းမ်ားအပါအဝင္ (9th WG-CP) ထပ္မံ၍ အလွည့္က်က်င္းပမည့္ နိုင္ငံေ႐ြးခ်ယ္အတည္ျပဳျခင္းတို႔ကို ဝိုင္းဝန္းေဆြးႏြေးၾကသည္။

အာဆီယံ ႐ုပ္သံက႑အစီအစဥ္ႏွင့္ ထုတ္လုပ္ျခင္းဆိုင္ရာလုပ္ငန္းအစုအဖြဲ႕ အစည္းအေဝး (Working Group on Content and Production (8thSOMRIWG-CP)) သည္ အာဆီယံ ျပန္ၾကားေရးအဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေဝး (Senior Officials Meeting Responsible for Information-SOMRI) မွ ဆုံးျဖတ္ခဲ့သည့္ စီမံကိန္းမ်ားႏွင့္ ဆုံးျဖတ္ခ်က္မ်ားအား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္ ေကာင္းစြာအေထာက္အပံ့ျပဳ နိုင္ေရး၊ သတင္းမီဒီယာ က႑ဆိုင္ရာ ႐ုပ္သံထုတ္လႊင့္မႈ အစီအစဥ္မ်ားႏွင့္ လုပ္ငန္းစဥ္မ်ား၊ စီမံကိန္းမ်ားအား သုံးသပ္ တင္ျပနိုင္ေရး၊ သတင္း မီဒီယာက႑၏ မူဝါဒပိုင္းဆိုင္ရာ လမ္းၫႊန္ခ်က္မ်ား စည္းမ်ဥ္းခ်မွတ္ျခင္း၊ နည္းပညာစံသတ္မွတ္ျခင္းႏွင့္ မူေဘာင္သတ္မွတ္ျခင္းမ်ားကို အေသးစိတ္ေလ့လာ သုံးသပ္ၿပီး အာဆီယံအဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေဝးသို႔တင္ျပနိုင္ေရးႏွင့္ SOMRI မွ သေဘာတူ ထားသည့္ ျပန္ၾကားေရးဆိုင္ရာစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ရာတြင္ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္နိုင္ေရးတို႔အတြက္ အဓိက ရည္႐ြယ္က်င္းပျခင္းျဖစ္သည္။

SOMRI Working Group on Content and Production အစည္းအေဝးမ်ားအား ဆႏၵအေလ်ာက္ အဆိုျပဳသည့္နိုင္ငံမွ ဦးေဆာင္ က်င္းပသည့္စနစ္ျဖင့္ အနည္းဆုံး တစ္ႏွစ္တစ္ႀကိမ္ က်င္းပလ်က္ရွိရာ ၂၀၂၃ ခုႏွစ္တြင္ လာအိုနိုင္ငံမွအိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

#mhtnews