
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်တွင် ကျရောက်သည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု မြန်မာ့ရိုးရာယိမ်းအကအဖွဲ့၊ Dancer အကအဖွဲ့ပြိုင်ပွဲကို ဧပြီ ၁၂ ရက်၊ ညနေ ၆ နာရီခွဲက နေပြည်တော် ရုံးအမှတ် (၃၈) ရှိ ဝန်ကြီးဌာနရေကစားမဏ္ဍပ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်ဇနီး၊ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ဖွင့်လှစ်ပေးပြီး တပ်ဖွဲ့/ဦးစီးဌာနများမှ အမျိုးသမီး ယိမ်းအကအဖွဲ့ ၁၂ ဖွဲ့၊ အမျိုးသား Dancer အဖွဲ့ ၁၂ ဖွဲ့ စုစုပေါင်း ၂၄ ဖွဲ့တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် စိုးတင့်နိုင်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“၂၀၂၂ ခုႏွစ္ ျပည္ထဲေရးဝန္ႀကီးဌာနမိသားစု ျမန္မာ့ရိုးရာမဟာသၾကၤန္ပြဲေတာ္ယိမ္းအကအဖြဲ႕၊ Dancer အကအဖြဲ႕ ၿပိဳင္ပြဲဖြင့္ပြဲက်င္းပ”
ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္တြင္ က်ေရာက္သည့္ မဟာသၾကၤန္ပြဲေတာ္တြင္ ျပည္ထဲေရးဝန္ႀကီးဌာန မိသားစု ျမန္မာ့ရိုးရာယိမ္းအကအဖြဲ႕၊ Dancer အကအဖြဲ႕ၿပိဳင္ပြဲကို ဧၿပီ ၁၂ ရက္၊ ညေန ၆ နာရီခြဲက ေနျပည္ေတာ္ ႐ုံးအမွတ္ (၃၈) ရွိ ဝန္ႀကီးဌာနေရကစားမ႑ပ္၌ က်န္းမာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားရွိေသာ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရး စည္းကမ္းခ်က္မ်ားႏွင့္အညီ က်င္းပသည္။
အခမ္းအနားသို႔ နိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ဇနီး၊ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္စိုးတင့္နိုင္ႏွင့္ဇနီး၊ ျပည္ထဲေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ႏွင့္ဇနီး၊ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာန၊ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန၊ အက်ဥ္းဦးစီးဌာန၊ မီးသတ္ဦးစီးဌာနတို႔မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ား၊ ဝန္ထမ္းႏွင့္ ဝန္ထမ္းမိသားစုမ်ား တက္ေရာက္ၾကသည္။
ၿပိဳင္ပြဲဖြင့္ပြဲအခမ္းအနားကို ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္စိုးတင့္နိုင္က ဖြင့္လွစ္ေပးၿပီး တပ္ဖြဲ႕/ဦးစီးဌာနမ်ားမွ အမ်ိဳးသမီး ယိမ္းအကအဖြဲ႕ ၁၂ ဖြဲ႕၊ အမ်ိဳးသား Dancer အဖြဲ႕ ၁၂ ဖြဲ႕ စုစုေပါင္း ၂၄ ဖြဲ႕တို႔ ပါဝင္ယွဥ္ၿပိဳင္ ခဲ့ၾကသည္။
ဆုရရွိသူမ်ားကို ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ဇနီး၊ ဒုတိယဝန္ႀကီးဗိုလ္ခ်ဳပ္ စိုးတင့္နိုင္ႏွင့္ဇနီးႏွင့္ တာဝန္ရွိသူမ်ားက ဆုမ်ားခ်ီးျမႇင့္ခဲ့ၾကေၾကာင္း သိရသည္။
#mhtnews
Recent Comments