၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ခွင့်ရစာရင်း မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက “ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)”၌ ပြောကြားခဲ့သည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက ယခုနှစ် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ဝင်ခွင့်ရွေးချယ်ရာတွင် ဆရာဝန်စိတ်ဓာတ် အပြည့်အဝရှိပြီး စေတနာ၊ ဝါသနာနှင့်ပြည့်စုံသည့် ဆေးပညာရှင်နှင့် သွားဘက်ဆိုင်ရာဆေးပညာရှင်များကို မွေးထုတ်နိုင်ရန် ရည်ရွယ်၍ (၆) ဘာသာ ပေါင်းရမှတ်အပေါ် အခြေခံပြီး (၃) ဘာသာရမှတ်ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုရွေးချယ်သောစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပံ့ပိုးမှုဖြင့် ပညာသင် ကြားပို့ချပေးခြင်းဖြစ်သည့်အတွက်ကြောင့် ဘွဲ့ရရှိပြီးပါက နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဖြင့် ပြန်လည်အကျိုးပြုစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များ၏ ဘွဲ့ကြိုသင်တန်းများသည် အရေးကြီးသကဲ့သို့ ပြည်သူ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဘွဲ့လွန်သင်တန်းများဖွင့်လှစ်၍ အထူးပြု ကျွမ်းကျင်သူဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ အရည်အသွေးပြည့်မီသော လူ့စွမ်းအား အရင်းအမြစ်များကို လိုအပ်ချက်နှင့်အညီ မွေးထုတ်ပေးနိုင်ရန် အထူးလိုအပ်ကြောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ် များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိသူပေါင်း (၃,၇၂၇) ဦး၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိသူပေါင်း (၁၀,၉၃၆) ဦး၊ ပါရဂူဘွဲ့ရရှိသူပေါင်း (၁,၅၀၆) ဦး မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရာ တွင်လည်း ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအပါအဝင် ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ လိုအပ်ချက်များ၊ ပြင်ဆင်တိုးချဲ့ထားသော ဖွဲ့စည်းပုံများနှင့် ကိုက်ညီမှု ရှိစေရန် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်များတွင် တက်ရောက်လျက်ရှိသော ကျောင်းသားကျောင်းသူများနှင့် သင်ကြားရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အလုပ်သင်ဆရာဝန်များအား အထူးဂရုစိုက်ပေးရန်နှင့် ဆေးပညာလေ့လာသင်ယူနိုင်ရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းများ ရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်မီစေရန် သင်ကြားပေးရုံမျှမကဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာများကိုပါ သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

(Zawgyi)

“၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္သူမ်ားအတြက္ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးပညာႏွီးႏြယ္တကၠသိုလ္မ်ားသို႔ တက္ခြင့္ရစာရင္း မၾကာမီထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းေျပာၾကား”

၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္သူမ်ားအတြက္ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးပညာႏွီးႏြယ္တကၠသိုလ္မ်ားသို႔ တက္ခြင့္ရစာရင္း မၾကာမီထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက “ဘြဲ႕လြန္ေဆးပညာသင္ၾကားေရးအဖြဲ႕ အစည္းအေဝး (၁/၂၀၂၂)”၌ ေျပာၾကားခဲ့သည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက ယခုႏွစ္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုေအာင္ျမင္သူမ်ားအတြက္ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးပညာႏွီးႏြယ္တကၠသိုလ္မ်ားသို႔ ဝင္ခြင့္ေ႐ြးခ်ယ္ရာတြင္ ဆရာဝန္စိတ္ဓာတ္ အျပည့္အဝရွိၿပီး ေစတနာ၊ ဝါသနာႏွင့္ျပည့္စုံသည့္ ေဆးပညာရွင္ႏွင့္ သြားဘက္ဆိုင္ရာေဆးပညာရွင္မ်ားကို ေမြးထုတ္နိုင္ရန္ ရည္႐ြယ္၍ (၆) ဘာသာ ေပါင္းရမွတ္အေပၚ အေျခခံၿပီး (၃) ဘာသာရမွတ္ေပါင္းျဖင့္ စိစစ္ေ႐ြးခ်ယ္ၿပီး ဝင္ခြင့္စာေမးပြဲ ေျဖဆိုေ႐ြးခ်ယ္ေသာစနစ္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ နိုင္ငံေတာ္၏ ပံ့ပိုးမႈျဖင့္ ပညာသင္ ၾကားပို႔ခ်ေပးျခင္းျဖစ္သည့္အတြက္ေၾကာင့္ ဘြဲ႕ရရွိၿပီးပါက နိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈေပးျခင္းျဖင့္ ျပန္လည္အက်ိဳးျပဳေစလိုေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ျပင္ က်န္းမာေရးလူ႕စြမ္းအားအရင္းအျမစ္မ်ား ေမြးထုတ္ေပးရန္အတြက္ ေဆးတကၠသိုလ္ မ်ားႏွင့္ ေဆးပညာႏွီးႏြယ္တကၠသိုလ္မ်ား၏ ဘြဲ႕ႀကိဳသင္တန္းမ်ားသည္ အေရးႀကီးသကဲ့သို႔ ျပည္သူ လူထုအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေပးနိုင္ရန္ ဘြဲ႕လြန္သင္တန္းမ်ားဖြင့္လွစ္၍ အထူးျပဳ ကြၽမ္းက်င္သူဆရာဝန္မ်ားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား အရည္အေသြးျပည့္မီေသာ လူ႕စြမ္းအား အရင္းအျမစ္မ်ားကို လိုအပ္ခ်က္ႏွင့္အညီ ေမြးထုတ္ေပးနိုင္ရန္ အထူးလိုအပ္ေၾကာင္း၊ က်န္းမာေရး လူ႕စြမ္းအားအရင္းအျမစ္ဦးစီးဌာနေအာက္ရွိ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးပညာႏွီးႏြယ္တကၠသိုလ္ မ်ားတြင္ ဘြဲ႕လြန္သင္တန္းမ်ားကို ၁၉၆၄ ခုႏွစ္မွ စတင္ဖြင့္လွစ္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁) ရက္ေန႕အထိ ဖြင့္လွစ္ပို႔ခ်ခဲ့ေသာ ဘြဲ႕လြန္သင္တန္းမ်ားမွ ဒီပလိုမာဘြဲ႕ရရွိသူေပါင္း (၃,၇၂၇) ဦး၊ ေဆးပညာမဟာသိပၸံဘြဲ႕ရရွိသူေပါင္း (၁၀,၉၃၆) ဦး၊ ပါရဂူဘြဲ႕ရရွိသူေပါင္း (၁,၅၀၆) ဦး ေမြးထုတ္ ေပးနိုင္ခဲ့ေၾကာင္း၊ ယခုႏွစ္ ဘြဲ႕လြန္ေဆးပညာသင္တန္းမ်ားကို တကၠသိုလ္အလိုက္ ဝင္ခြင့္ေခၚယူရာ တြင္လည္း ကုသေရးဦးစီးဌာန၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာနအပါအဝင္ က်န္းမာေရးဝန္ႀကီးဌာန ေအာက္ရွိ ဦးစီးဌာနမ်ားမွ လိုအပ္ခ်က္မ်ား၊ ျပင္ဆင္တိုးခ်ဲ့ထားေသာ ဖြဲ႕စည္းပုံမ်ားႏွင့္ ကိုက္ညီမႈ ရွိေစရန္ ညွိႏွိုင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း၊ တကၠသိုလ္မ်ားတြင္ တက္ေရာက္လ်က္ရွိေသာ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ သင္ၾကားေရးေဆး႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ အလုပ္သင္ဆရာဝန္မ်ားအား အထူးဂ႐ုစိုက္ေပးရန္ႏွင့္ ေဆးပညာေလ့လာသင္ယူနိုင္ေရးအတြက္ လိုအပ္သည့္ သင္ေထာက္ကူပစၥည္းမ်ားႏွင့္ တကၠသိုလ္ပတ္ဝန္းက်င္ေကာင္းမ်ား ရရွိေအာင္ ေဆာင္႐ြက္ေပးေစလိုေၾကာင္း၊ ပညာရပ္ပိုင္းဆိုင္ရာ အရည္အေသြးျပည့္မီေစရန္ သင္ၾကားေပး႐ုံမွ်မကဘဲ က်င့္ဝတ္ပိုင္းဆိုင္ရာမ်ားကိုပါ သင္ၾကားေလ့က်င့္ေပးရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews