မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ “တိုးချဲ့မြို့ပြ စီမံကိန်းများ၊ စီးပွားရေးအထူးဇုန်များ၊ စက်မှုဇုန်များကို စိုက်ပျိုးမြေများတွင် ဆောင်ရွက်ခြင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးမြေများအား အခြားနည်းလမ်းများဖြင့် အသုံးမပြုနိုင်စေရန် ကြပ်မတ်ဆောင်ရွက်ရန်” ဟူသည့် လမ်းညွှန်ချက်နှင့် မြို့ပြစီမံကိန်းနှင့် အိုးအိမ်စီမံကိန်းများဖော်ဆောင်ရန် ရယူထားသော စီမံကိန်းမြေများအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်ပါက မြေကိုအကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်သွားရန်” လမ်းညွှန်ချက်များနှင့်အညီ မြေယာစီမံခန့်ခွဲမှုလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။

အလားတူ ဒေသဝမ်းစာ ဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက်ကိုလည်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဖော်ထုတ်အသုံးပြုနိုင်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေမတိုင်မီကာလအထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့် ဧရိယာ ဧက(၂၂)သိန်းကျော် ချထားပေးခဲ့သော်လည်း လက်တွေ့အသုံးချလုပ်ကိုင်နိုင်မှုမှာ(၂၉)ရာခိုင်နှုန်းခန့်သာ ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၆ခုနှစ်တွင် စစ်ဆေးမှုများပြုလုပ်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့်မြေများကို နိုင်ငံတော်က ပြန်လည်သိမ်းဆည်းမှုများ ဆောင်ရွက်နေကြောင်း၊ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့်ပေးထားခဲ့သည့် ဧရိယာ ဧက(၃ ဒသမ ၉)သိန်းခန့် အပေါ်ရှိ လုပ်ငန်းအကောင်အထည်ဖော်ရန် ခွင့်ပြုထားသည့် သတ်မှတ်ကာလပြည့်မြောက်ပြီဖြစ်သည့် ဧရိယာများကိုလည်း မူလလျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းများကို စည်းကမ်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မှု ရှိ/ မရှိ စိစစ်အရေးယူဆောင်ရွက်ရန် တည်ဆဲဥပဒေစည်းမျဉ်းစဉ်းကမ်းများအတိုင်း အထူးအဖွဲ့များ ဖွဲ့စည်းပြီး တိကျစွာစစ်ဆေးဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ၂၀၁၇-၁၈ခုနှစ်မှ ၂၀၂၁-၂၂ ခုနှစ်အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများ ပေးသွင်းရန် ကျန်ရှိနေသည့် မြေခွန်များကို မြန်မာ့ စီးပွားရေးဘဏ်သို့ ပေးသွင်းနိုင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံး ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews

==========================

(Zawgyi)

“၂၀၁၇-၁၈ခုႏွစ္မွ ၂၀၂၁-၂၂ ခုႏွစ္အထိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားလုပ္ပိုင္ခြင့္ အသုံးျပဳခြင့္ရရွိထားသူမ်ား ေပးသြင္းရန္ က်န္ရွိေနသည့္ ေျမခြန္မ်ားကို ျမန္မာ့စီးပြားေရးဘဏ္သို႔ ေပးသြင္းနိုင္ေရး အျမန္ဆုံးေဆာင္႐ြက္ၾကရန္လိုေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးေျပာ”

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားစီမံခန့္ခြဲေရးဗဟိုေကာ္မတီ၏ ပၪၥမအႀကိမ္ လုပ္ငန္း ညွိႏွိုင္းအစည္းအေဝးကို ယေန႕နံနက္ပိုင္းက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံး အစည္းအေဝးခန္းမ၌ က်င္းပသည္။

အစည္းအေဝးတြင္ ဗဟိုေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ထြဋ္ဦးက နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ၏ တိုးခ်ဲ့ၿမိဳ႕ျပ စီမံကိန္းမ်ား၊ စီးပြားေရးအထူးဇုန္မ်ား၊ စက္မႈဇုန္မ်ားကို စိုက္ပ်ိဳးေျမမ်ားတြင္ ေဆာင္႐ြက္ျခင္းမရွိေအာင္ ထိန္းသိမ္းေဆာင္႐ြက္ရန္ႏွင့္ စိုက္ပ်ိဳးေျမမ်ားအား အျခားနည္းလမ္းမ်ားျဖင့္ အသုံးမျပဳနိုင္ေစရန္ ၾကပ္မတ္ေဆာင္႐ြက္ရန္ ဟူသည့္ လမ္းၫႊန္ခ်က္ႏွင့္ ၿမိဳ႕ျပစီမံကိန္းႏွင့္ အိုးအိမ္စီမံကိန္းမ်ားေဖာ္ေဆာင္ရန္ ရယူထားေသာ စီမံကိန္းေျမမ်ားအား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းမျပဳနိုင္ပါက ေျမကိုအက်ိဳးရွိစြာ အသုံးခ်၍ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ား လုပ္ေဆာင္သြားရန္ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ ေျမယာစီမံခန႔္ခြဲမႈလုပ္ငန္းမ်ားကို စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္းေျပာၾကားသည္။

အလားတူ ေဒသဝမ္းစာ ဖူလုံေရး၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးကို အေျခခံသည့္ ကုန္ထုတ္လုပ္မႈကို ေခတ္မီနည္းစနစ္မ်ားျဖင့္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္ၿပီး အျခားစီးပြားေရးက႑မ်ား ကိုလည္း ဘက္စုံဖြံ႕ၿဖိဳးတိုးတက္ေအာင္ တည္ေဆာက္ေရးအတြက္ကိုလည္း ေျမလြတ္၊ ေျမလပ္ႏွင့္ေျမရိုင္းမ်ား ေဖာ္ထုတ္အသုံးျပဳနိုင္ေရးအတြက္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား စီမံခန႔္ခြဲေရးဥပေဒႏွင့္အညီ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ၂၀၁၂ ခုႏွစ္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ား စီမံခန႔္ခြဲေရးဥပေဒမတိုင္မီကာလအထိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းလုပ္ပိုင္ခြင့္ ဧရိယာ ဧက(၂၂)သိန္းေက်ာ္ ခ်ထားေပးခဲ့ေသာ္လည္း လက္ေတြ႕အသုံးခ်လဳပ္ကိုင္နိုင္မႈမွာ(၂၉)ရာခိုင္ႏႈန္းခန႔္သာ ေဆာင္႐ြက္ခဲ့သျဖင့္ ၂၀၁၆ခုႏွစ္တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး လုပ္ငန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း မရွိသည့္ေျမမ်ားကို နိုင္ငံေတာ္က ျပန္လည္သိမ္းဆည္းမႈမ်ား ေဆာင္႐ြက္ေနေၾကာင္း၊ ၂၀၁၂ ခုႏွစ္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားစီမံခန႔္ခြဲေရးဥပေဒ ျပဌာန္းၿပီးေနာက္ပိုင္း လုပ္ပိုင္ခြင့္အသုံးျပဳခြင့္ေပးထားခဲ့သည့္ ဧရိယာ ဧက(၃ ဒသမ ၉)သိန္းခန႔္ အေပၚရွိ လုပ္ငန္းအေကာင္အထည္ေဖာ္ရန္ ခြင့္ျပဳထားသည့္ သတ္မွတ္ကာလျပည့္ေျမာက္ၿပီျဖစ္သည့္ ဧရိယာမ်ားကိုလည္း မူလေလွ်ာက္ထားစဥ္က တင္ျပထားသည့္ လုပ္ငန္းမ်ားကို စည္းကမ္းခ်က္မ်ားႏွင့္အညီ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈ ရွိ/ မရွိ စိစစ္အေရးယူေဆာင္႐ြက္ရန္ တည္ဆဲဥပေဒစည္းမ်ဥ္းစဥ္းကမ္းမ်ားအတိုင္း အထူးအဖြဲ႕မ်ား ဖြဲ႕စည္းၿပီး တိက်စြာစစ္ေဆးေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ အလားတူ ၂၀၁၇-၁၈ခုႏွစ္မွ ၂၀၂၁-၂၂ ခုႏွစ္အထိ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရိုင္းမ်ားလုပ္ပိုင္ခြင့္ အသုံးျပဳခြင့္ရရွိထားသူမ်ား ေပးသြင္းရန္ က်န္ရွိေနသည့္ ေျမခြန္မ်ားကို ျမန္မာ့ စီးပြားေရးဘဏ္သို႔ ေပးသြင္းနိုင္ေရး ကိစၥရပ္မ်ားကိုလည္း အျမန္ဆုံး ေဆာင္႐ြက္ၾကရန္လိုေၾကာင္းျဖင့္ ေဆြးႏြေးေျပာၾကားခဲ့သည္ဟု သိရသည္။

#mhtnews