
နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight များ စတင်ပြေးဆွဲခဲ့သည့် ဧပြီ ၁၇ ရက်နေ့ ၂၆ ရက် နေ့အထိ ဝင်ရောက်လာသူ ခရီးသည် (၄,၄၁၂) ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရသူ (၁၅) ဦး၊ ပိုးတွေ့ရာခိုင်နှုန်း (၀.၃၄) ရာခိုင်နှုန်းရှိကြောင်းနှင့် အဆိုပါ ကာလအတွင်း ကယ်ဆယ်ရေးလေယာဉ် Relief flight ဖြင့် ဝင်ရောက်လာသူ ခရီးသည် (၉၉၀) ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသူ (၆) ဦး၊ ပိုးတွေ့ရာခိုင်နှုန်း (၀.၆၁) ရာခိုင်နှုန်းရှိကြောင်းတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု နည်းပါးလာသည်ကိုတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ပြည်ပမှ လေကြောင်းခရီးစဉ်များဖြင့်ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်း ကမ်းချက်များနှင့်အညီ စနစ်တကျထပ်မံ၍ဖြေလျော့ပေးနိုင်ရေးအတွက် “နိုင်ငံတကာ ပုံမှန်လေကြောင်း ခရီးစဉ်များ ပြေးဆွဲရာတွင် RDT ဖြင့်ပြောင်းလဲစစ်ဆေးဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ်များ Commercial flight များပြေးဆွဲခွင့်ပြုရာတွင် တွေ့ရှိခဲ့ရသော အတွေ့အကြုံများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အခက်အခဲများပေါ်တွင် မူတည်၍ လည်းကောင်း၊ လေယာဉ်စီးခရီးသည်များ အနေဖြင့် စောင့်ဆိုင်းချိန်နည်းပါးခြင်း၊ ကုန်ကျစားရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများရရှိစေမည့် COVID19 Antigen Rapid Diagnostic Test (RDT)နည်းဖြင့်ပြောင်းလဲစစ်ဆေး၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လမ်းညွှန်မှုခံယူ၍ နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါ ပြည်ဝင် ခွင့်လိုအပ်ချက်များနှင့်အညီ ၁၇-၄-၂၀၂၂ ရက်မှစတင်၍ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ပုံမှန် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ရာ ပြန်လည် ရောက်ရှိလာသူများ၌ ရောဂါပိုးတွေ့ရှိမှု နည်းပါး ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ် များဖြင့် ပြန်လည် ရောက်ရှိလာသူမျခရီးသည်များအတွက်လွယ်ကူမြန်ဆန်ပြီး ကုန်ကျစရိတ်သက်သာစေမည့် RDT နည်းဖြင့် ပြောင်းလဲ စစ်ဆေးခြင်းအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်၍ မကြာမီ စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
#mhtnews
===========================
(Zawgyi)
“ဧၿပီ ၁၇ ရက္မွ ၂၆ ရက္အတြင္း Commercial flight ျဖင့္ ဝင္ေရာက္လာသည့္ ခရီးသည္ ၄၄၁၂ ဦးအနက္ ကိုဗစ္- ၁၉ ေရာဂါပိုးေတြ႕ရွိသူ ၁၅ ဦးႏွင့္ Relief flight ျဖင့္ ဝင္ေရာက္လာသည့္ ခရီးသည္ (၉၉၀) ဦးအနက္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိရသူ (၆) ဦးရွိခဲ့”
နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္မ်ား Commercial flight မ်ား စတင္ေျပးဆြဲခဲ့သည့္ ဧၿပီ ၁၇ ရက္ေန႕ ၂၆ ရက္ ေန႕အထိ ဝင္ေရာက္လာသူ ခရီးသည္ (၄,၄၁၂) ဦးအနက္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိရသူ (၁၅) ဦး၊ ပိုးေတြ႕ရာခိုင္ႏႈန္း (၀.၃၄) ရာခိုင္ႏႈန္းရွိေၾကာင္းႏွင့္ အဆိုပါ ကာလအတြင္း ကယ္ဆယ္ေရးေလယာဥ္ Relief flight ျဖင့္ ဝင္ေရာက္လာသူ ခရီးသည္ (၉၉၀) ဦးအနက္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိရသူ (၆) ဦး၊ ပိုးေတြ႕ရာခိုင္ႏႈန္း (၀.၆၁) ရာခိုင္ႏႈန္းရွိေၾကာင္းေတြ႕ရွိရသျဖင့္ ေရာဂါပိုးေတြ႕ရွိမႈ နည္းပါးလာသည္ကိုေတြ႕ရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာသက္ခိုင္ဝင္း၏ ေျပာၾကားခ်က္အရ သိရသည္။
ျပည္ပမွ ေလေၾကာင္းခရီးစဥ္မ်ားျဖင့္ဝင္ေရာက္ရာတြင္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးစည္း ကမ္းခ်က္မ်ားႏွင့္အညီ စနစ္တက်ထပ္မံ၍ေျဖေလ်ာ့ေပးနိုင္ေရးအတြက္ နိုင္ငံတကာ ပုံမွန္ေလေၾကာင္း ခရီးစဥ္မ်ား ေျပးဆြဲရာတြင္ RDT ျဖင့္ေျပာင္းလဲစစ္ေဆးေဆာင္႐ြက္မည့္ အစီအစဥ္ႏွင့္ ပတ္သက္၍ လုပ္ငန္း ညွိႏွိုင္းအစည္းအေဝးျပဳလုပ္ရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက နိုင္ငံတကာ ပုံမွန္ေလေၾကာင္းခရီးစဥ္မ်ား Commercial flight မ်ားေျပးဆြဲခြင့္ျပဳရာတြင္ ေတြ႕ရွိခဲ့ရေသာ အေတြ႕အႀကဳံမ်ား၊ လုပ္ငန္းလိုအပ္ခ်က္မ်ားႏွင့္ အခက္အခဲမ်ားေပၚတြင္ မူတည္၍ လည္းေကာင္း၊ ေလယာဥ္စီးခရီးသည္မ်ား အေနျဖင့္ ေစာင့္ဆိုင္းခ်ိန္နည္းပါးျခင္း၊ ကုန္က်စားရိတ္ သက္သာျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားရရွိေစမည့္ COVID19 Antigen Rapid Diagnostic Test (RDT)နည္းျဖင့္ေျပာင္းလဲစစ္ေဆး၍ ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး ဗဟိုေကာ္မတီ၏ လမ္းၫႊန္မႈခံယူ၍ နိုင္ငံတကာ ေလေၾကာင္းခရီးစဥ္မ်ားအား ကိုဗစ္-၁၉ ေရာဂါ ျပည္ဝင္ ခြင့္လိုအပ္ခ်က္မ်ားႏွင့္အညီ ၁၇-၄-၂၀၂၂ ရက္မွစတင္၍ သတ္မွတ္ စည္းကမ္းခ်က္မ်ား ႏွင့္ အညီ ပုံမွန္ ျပန္လည္ေျပးဆြဲခြင့္ျပဳခဲ့ရာ ျပန္လည္ ေရာက္ရွိလာသူမ်ား၌ ေရာဂါပိုးေတြ႕ရွိမႈ နည္းပါး ေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ နိုင္ငံတကာပုံမွန္ေလေၾကာင္း ခရီးစဥ္ မ်ားျဖင့္ ျပန္လည္ ေရာက္ရွိလာသူမ်ခရီးသည္မ်ားအတြက္လြယ္ကူျမန္ဆန္ၿပီး ကုန္က်စရိတ္သက္သာေစမည့္ RDT နည္းျဖင့္ ေျပာင္းလဲ စစ္ေဆးျခင္းအား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ စတင္၍ မၾကာမီ စတင္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိပါသည္။
#mhtnews
Recent Comments