လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲခများ နောက်ဆုံးပေးဆောင်ရမည့် (Last Date)များကို နောက်ဆုတ်ပေးခြင်းဖြင့် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အသိပေးပန်ကြားချက် ထုတ်ပြန်ထားသည်။
ယခင်က လစဥ်ပေးဆောင်ရမည့် လျှပ်စစ်ဓာတ်အားခများအတွက် လစဥ် လဆန်း ၁ ရက်မှ ၅ ရက်နေ့အထိ မီတာဖတ်ခြင်း၊ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘေထုတ်ခြင်း၊ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘေပေးဝေခြင်းများဆောင်ရွက်ပြီး ငွေလက်ခံခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့် (Last Date) များကို လ၏ ၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၅ ရက်များမှာ နောက်ဆုံးထားပေးဆောင်ရန် သတ်မှတ်ကောက်ခံခဲ့ပြီး ယခုအခါ မဟာသင်္ကြန်ပိတ်ရက်များကြောင့် မတ်လအတွက် ပေးဆောင်ရမည့် ဓာတ်အားသုံးစွဲခကို ဧပြီ ၁၇ ရက်အစား ဧပြီ ၂၀ ရက်၊ ၁၉ ရက်အစား ၂၂ ရက်၊ ၂၁ ရက်အစား ၂၄ ရက်၊ ၂၃ ရက်အစား ၂၆ နှင့် ၂၅ ရက်အစား ၂၈ ရက်သို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews
(Zawgyi)
“ဧပြီလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲခ နောက်ဆုံးပေးဆောင်ရမည့် (Last Date)များကို နောက်ဆုတ်ပေးခြင်းဖြင့် ပြင်ဆင်သတ်မှတ်”
ယခင်က လစဉ်ပေးဆောင်ရမည့် လျှပ်စစ်ဓာတ်အားခများအတွက် လစဉ် လဆန်း ၁ ရက်မှ ၅ ရက်နေ့အထိ မီတာဖတ်ခြင်း၊ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘေထုတ်ခြင်း၊ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘေပေးဝေခြင်းများဆောင်ရွက်ပြီး ငွေလက်ခံခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိရာ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့် (Last Date) များကို လ၏ ၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၅ ရက်များမှာ နောက်ဆုံးထားပေးဆောင်ရန် သတ်မှတ်ကောက်ခံခဲ့ပြီး ယခုအခါ မဟာသင်္ကြန်ပိတ်ရက်များကြောင့် မတ်လအတွက် ပေးဆောင်ရမည့် ဓာတ်အားသုံးစွဲခကို ဧပြီ ၁၇ ရက်အစား ဧပြီ ၂၀ ရက်၊ ၁၉ ရက်အစား ၂၂ ရက်၊ ၂၁ ရက်အစား ၂၄ ရက်၊ ၂၃ ရက်အစား ၂၆ နှင့် ၂၅ ရက်အစား ၂၈ ရက်သို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#mhtnews
Recent Comments