
မြန်မာနိုင်ငံမှ လုပ်သားများကို ကိုရီးယားနိုင်ငံမှ လုပ်သားလိုအပ်ချက်အရ တရားဝင်ခေါ်ယူလျှက်ရှိရာ ယနေ့ (ဧပြီ ၁၂ ရက်) တွင် တောင်ကိုရီးယားအစိုးရက ခေါ်ယူခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား (၉၁) ဦးတို့သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရောက်ရှိခဲ့သည့် မြန်မာလုပ်သားများမှာ Re-entry လုပ်သား (၁၇)ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် (၁၃) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၁၉)ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ်(၄၂)ဦး စုစုပေါင်း (၉၁)ဦးဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ဧပြီ ၁၂ တွင်သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ် သို့ရောက်ရှိခဲ့သည့် မြန်မာလုပ်သားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆိုခဲ့ကာအလုပ်သမားများ သိရှိလိုက်နာသင့်သည့်အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် ပြီးခဲ့သည့် ဧပြီ ၄ ရက်ကလည်း Re-entry လုပ်သား (၂၈)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် (၃၆)ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၃၄) ဦး၊ စုစုပေါင်း မြန်မာလုပ်သား(၉၈)ဦးကို ခေါ်ယူလက်ခံခဲ့သေးသဖြင့် ယခုလ ၁ ပတ်ကျော်ကာလအတွင်း မြန်မာလုပ်သား စုစုပေါင်း ၁၈၉ ဦးအထိ ခေါ်ယူခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် ၎င်း၏နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁)ရက်မှစ၍ ပြည်ဝင်ခွင့်အား ပိတ်ပင်ထားခဲ့သော်လည်း နိုင်ငံ၏လုပ်သားလိုအပ်ချက်အရ အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံမှ လုပ်သားများကို ပြန်လည်ခေါ်ယူလာခဲ့ခြင်းလည်းဖြစ်ပြီးသည်။
#mhtnews

(Zawgyi)
“ဧၿပီလအတြင္း ဒုတိယအသုတ္အျဖစ္ ေတာင္ကိုရီးယားနိုင္ငံသို႔ ျမန္မာလုပ္သား(၉၀)ေက်ာ္ ထပ္မံေရာက္ရွိ”
ျမန္မာနိုင္ငံမွ လုပ္သားမ်ားကို ကိုရီးယားနိုင္ငံမွ လုပ္သားလိုအပ္ခ်က္အရ တရားဝင္ေခၚယူလွ်က္ရွိရာ ယေန႕ (ဧၿပီ ၁၂ ရက္) တြင္ ေတာင္ကိုရီးယားအစိုးရက ေခၚယူခဲ့သည့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား (၉၁) ဦးတို႔သည္ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေရာက္ရွိခဲ့သည့္ ျမန္မာလုပ္သားမ်ားမွာ Re-entry လုပ္သား (၁၇)ဦး၊ ကုန္ထုတ္လုပ္သားအျဖစ္ အသစ္ဝင္ေရာက္လုပ္ကိုင္မည့္ လုပ္သားသစ္ (၁၃) ဦး၊ ေဆာက္လုပ္ေရးလုပ္သားသစ္ (၁၉)ဦးႏွင့္ စိုက္ပ်ိဳးေရးလုပ္သားသစ္(၄၂)ဦး စုစုေပါင္း (၉၁)ဦးျဖစ္ေၾကာင္း ေတာင္ကိုရီးယားနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႕ဧၿပီ ၁၂ တြင္သတင္းထုတ္ျပန္ခဲ့သည္။
ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္မွ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္ သို႔ေရာက္ရွိခဲ့သည့္ ျမန္မာလုပ္သားမ်ားအား ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕မွ အလုပ္သမားသံအရာရွိက ႀကိဳဆိုခဲ့ကာအလုပ္သမားမ်ား သိရွိလိုက္နာသင့္သည့္အခ်က္မ်ားကို မွာၾကားခဲ့ၿပီး လိုအပ္သည္မ်ား ကူညီပံ့ပိုးေပးခဲ့ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အလားတူ ေတာင္ကိုရီးယားနိုင္ငံအစိုးရအေနျဖင့္ ၿပီးခဲ့သည့္ ဧၿပီ ၄ ရက္ကလည္း Re-entry လုပ္သား (၂၈)ဦးႏွင့္ ကုန္ထုတ္လုပ္သားအျဖစ္ ဝင္ေရာက္လုပ္ကိုင္မည့္လုပ္သားသစ္ (၃၆)ဦး၊ ေဆာက္လုပ္ေရးလုပ္သားသစ္ (၃၄) ဦး၊ စုစုေပါင္း ျမန္မာလုပ္သား(၉၈)ဦးကို ေခၚယူလက္ခံခဲ့ေသးသျဖင့္ ယခုလ ၁ ပတ္ေက်ာ္ကာလအတြင္း ျမန္မာလုပ္သား စုစုေပါင္း ၁၈၉ ဦးအထိ ေခၚယူခဲ့ျခင္းျဖစ္သည္။
ေတာင္ကိုရီးယားနိုင္ငံအစိုးရအေနျဖင့္ ၎၏နိုင္ငံအတြင္း ကိုဗစ္-၁၉ ကူးစက္ေရာဂါျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္နိုင္ရန္အတြက္ ၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ (၁)ရက္မွစ၍ ျပည္ဝင္ခြင့္အား ပိတ္ပင္ထားခဲ့ေသာ္လည္း နိုင္ငံ၏လုပ္သားလိုအပ္ခ်က္အရ အျခားနိုင္ငံမ်ားႏွင့္ ျမန္မာနိုင္ငံမွ လုပ္သားမ်ားကို ျပန္လည္ေခၚယူလာခဲ့ျခင္းလည္းျဖစ္ၿပီးသည္။
#mhtnews
Recent Comments