စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင် အပါအဝင် ပြည်​ထောင်စုဝန်ကြီး​ဟောင်း သုံးဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထားကြောင်း နိုင်​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ ​ပြော​ရေးဆိုခွင့်ရှိသူ၊ ပြန်ကြား​ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားကြောင်း EMG သတင်းဌာနက ဖော်ပြသည်။

” တီကျစ်မှာ သူတို့လုပ်​နေတဲ့ ​ကျောက်မီး​သွေးသုံး ​ရေ​နွေး​ငွေ့ဓါတ်အား​​ပေး စက်ရုံရယ်၊ ​ကျောက်မီး​သွေး ထုတ်လုပ်ခြင်း၊ ​ရောင်းချခြင်း၊ ဒါ​တွေနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု​တွေရှိတယ်ဆိုတာကို တိုင်ကြားခြင်းနဲ့စပ်လျဥ်းပြီး​တော့ အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်က စုံစမ်းစစ်​ဆေး​ရေးအဖွဲ့ ဖွဲ့ပြီး​​တော့ စစ်​ဆေးခဲ့တယ်” ဟု ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားသည်ဟုဆိုသည်။

တီကျစ်တွင် ​ဆောင်ရွက်ခဲ့သည့် ကျောက်မီး​သွေးသုံး ​ရေ​နွေး​ငွေ့ဓါတ်အား​​ပေး စက်ရုံ၊ ​ကျောက်မီး​သွေး ထုတ်လုပ်/ရောင်းချခြင်းများတွင် နိုင်ငံ​တော်သို့ ​ပေး​ဆောင်ရမည့် သတ္တုခွန်ကိစ္စရပ်များလည်း ရှိ​နေ​ကြောင်း ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားသည်။

ဗိုလ်ချုပ်​ဇော်မင်းထွန်းက ” အဲ့ဒီမှာ​တော့ နိုင်ငံ​တော်ကို ​ပေးသွင်းရမယ့် သတ္ထုခွန်​တွေ ရှိတယ်။ အဲ့ဒီ သတ္ထုခွန်​တွေနဲ့ပတ်သက်ပြီး ​လျော့နည်း ​ပေးသွင်းခဲ့တဲ့ ကိစ္စ​တွေရှိတယ်။ ပြီးရင်​တော့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ စာချုပ် ချုပ်ပြီး​​တော့ ​ဆောင်ရွက်တဲ့ ကိစ္စ​တွေရှိတယ်။ အဲ့မှာလည်း ကုမ္ပဏီက ​ပေး​ဆောင်ရမယ့် ဝင်​ငွေခွန်နဲ့ပတ်သက်ပြီး​​တော့ ကျွန်​တော်တို့ နစ်နာခဲ့တဲ့ဟာ​တွေ ရှိတယ်” ဟု ​ပြောကြားသည်။

” ဒါ​တွေနဲ့ပတ်သက်ပြီး ပြည်​ထောင်စုဝန်ကြီး​ဟောင်း ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး​ဟောင်း ​ဒေါက်တာထွန်းနိုင်နဲ့ တစ်ချို့ ညွှန်ကြား​ရေးမှူးချုပ်​တွေ အပါအဝင် ဦးချစ်ခိုင်ရယ်၊ သူ့ကုမ္ပဏီက မန်​နေးဂျင်းဒါရိုက်တာ ဦးဝင်းမင်းခိုင်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေဖြင့် ၂၅ ရက်​​နေ့က ပထမသတင်း​ပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး​တော့ တရားစွဲဆို အ​​ရေးယူနိုင်​ရေး ​ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ပြောကြားသည်ဟု EMG သတင်းဖော်ပြမှုအရ သိရသည်။

#mhtnews

===========================

(Zawgyi)

“ဦးခ်စ္ခိုင္ အပါအဝင္ ျပည္ေထာင္စုဝန္ႀကီးေဟာင္း သုံးဦးကို အဂတိျဖင့္ အမႈဖြင့္ထားဟုဆို”

စီးပြားေရးလုပ္ငန္းရွင္ ဦးခ်စ္ခိုင္ အပါအဝင္ ျပည္ေထာင္စုဝန္ႀကီးေဟာင္း သုံးဦးကို အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္ထားေၾကာင္း နိုင္ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ၊ ျပန္ၾကားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားေၾကာင္း EMG သတင္းဌာနက ေဖာ္ျပသည္။

” တီက်စ္မွာ သူတို႔လုပ္ေနတဲ့ ေက်ာက္မီးေသြးသုံး ေရႏြေးေငြ႕ဓါတ္အားေပး စက္႐ုံရယ္၊ ေက်ာက္မီးေသြး ထုတ္လုပ္ျခင္း၊ ေရာင္းခ်ျခင္း၊ ဒါေတြနဲ႕ပတ္သက္ၿပီး အဂတိလိုက္စားမႈေတြရွိတယ္ဆိုတာကို တိုင္ၾကားျခင္းနဲ႕စပ္လ်ဥ္းၿပီးေတာ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕ၿပီးေတာ့ စစ္ေဆးခဲ့တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္ဟုဆိုသည္။

တီက်စ္တြင္ ေဆာင္႐ြက္ခဲ့သည့္ ေက်ာက္မီးေသြးသုံး ေရႏြေးေငြ႕ဓါတ္အားေပး စက္႐ုံ၊ ေက်ာက္မီးေသြး ထုတ္လုပ္/ေရာင္းခ်ျခင္းမ်ားတြင္ နိုင္ငံေတာ္သို႔ ေပးေဆာင္ရမည့္ သတၱဳခြန္ကိစၥရပ္မ်ားလည္း ရွိေနေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ” အဲ့ဒီမွာေတာ့ နိုင္ငံေတာ္ကို ေပးသြင္းရမယ့္ သတၳဳခြန္ေတြ ရွိတယ္။ အဲ့ဒီ သတၳဳခြန္ေတြနဲ႕ပတ္သက္ၿပီး ေလ်ာ့နည္း ေပးသြင္းခဲ့တဲ့ ကိစၥေတြရွိတယ္။ ၿပီးရင္ေတာ့ လွ်ပ္စစ္ဝန္ႀကီးဌာနနဲ႕ စာခ်ဳပ္ ခ်ဳပ္ၿပီးေတာ့ ေဆာင္႐ြက္တဲ့ ကိစၥေတြရွိတယ္။ အဲ့မွာလည္း ကုမၸဏီက ေပးေဆာင္ရမယ့္ ဝင္ေငြခြန္နဲ႕ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ နစ္နာခဲ့တဲ့ဟာေတြ ရွိတယ္” ဟု ေျပာၾကားသည္။

” ဒါေတြနဲ႕ပတ္သက္ၿပီး ျပည္ေထာင္စုဝန္ႀကီးေဟာင္း ဦးအုန္းဝင္း၊ ဦးဝင္းခိုင္၊ ဒုတိယဝန္ႀကီးေဟာင္း ေဒါက္တာထြန္းနိုင္နဲ႕ တစ္ခ်ိဳ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ေတြ အပါအဝင္ ဦးခ်စ္ခိုင္ရယ္၊ သူ႕ကုမၸဏီက မန္ေနးဂ်င္းဒါရိုက္တာ ဦးဝင္းမင္းခိုင္တို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ ၂၅ ရက္ေန႕က ပထမသတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္ၿပီးေတာ့ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္ဟု EMG သတင္းေဖာ္ျပမႈအရ သိရသည္။

#mhtnews