ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတစ်လျှောက်တွင် ပါဝင်လျက်ရှိသည့် နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းမှ ကျင်းပသွားမည့် 2022 Eacham Online Textile, Garment, Footwear Export Trade Fair (Southeast Asia Session) သို့ အထည်အလိပ်၊ ဖက်ရှင်၊ ဖိနပ်တို့နှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ ဝယ်ယူတင်သွင်းလိုသူများ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ ပြပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို Shengjin Lin, office@eacham.org, ဖုန်းနံပါတ် +86-17727625968, +86-64952381, Fax: +86-10-64968922 သို့ တိုက်ရိုက်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ပြီး ပါဝင်တက်ရောက်လိုသည့် ပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့အား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲနှင့် ကုန်သည်စက်မှုအသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်များသို့ မိတ္တူပေးပို့ပြီး ပြပွဲတက်ရောက်လိုသူများသည် ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရှိရသည်။

#mhtnews

(Zawgyi)

“အွန်လိုင်းမှ ကျင်းပမည့် 2022 EAcham Online Textile, Garment, Footwear Export Trade Fair (Southeast Asia Session) သို့ အထည်အလိပ်၊ ဖက်ရှင်၊ ဖိနပ်တို့နှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ ဝယ်ယူတင်သွင်းလိုသူများ ပါဝင်တက်ရောက်နိုင်”



#mhtnews