ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်းလှိုင်းပေါ်တွင် ရေးပန်းစားပြီး ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည့် ညစ်ညမ်းစာအုပ်ထုတ်ဝေသူကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း NP News က ဖော်ပြလာခဲ့သည်။

“ထုတ်ဝေသူကို ထိန်းသိမ်းလိုက်ပါပြီ။ လိုအပ်တာများ စစ်မေးနေကြပါပြီ။ ပုံနှိပ်ဥပဒေေနေဲ့ရာ၊ ရာဇသတ်ကြီးနဲ့ရော၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေအေရရော ထိထိရောက်ရောက် အရေးယူပါမယ်။ စံပြ အနေနဲ့ အရေးယူပါမယ် ” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ထိပ်တန်းသတင်းရင်းမြစ်တစ်ဦးကပြောကြားကြောင်း ၎င်းသတင်းကဆိုသည်။

My Possessive Step-Bro ဟု အမည်ပေးထားသောစုအုပ်ကို “ရွှေလာဘ်” အမည်ရှိ စာအုပ်တိုက်က ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်ပြိုင်တည်း ရောင်းချခဲ့ရာ လာရောက်ဝယ်ယူသူ ကြိတ်ကြိတ်တိုးနေသည်ကို အွန်လိုင်းဓာတ်ပုံများအရ သိရပြီး ယင်းစာအုပ်သည် အမျိုးသားချင်း လိင်တူအဓမ္မပြုကျင့်ခြင်းကို ချစ်ခြင်းမေတ္တာအဖြစ် ပုံဖော်ထားသော စာအုပ်အမျိုးအစားဖြစ်ကြောင်း သိရသည်။

အဆိုပါစုပ်နှင့်ပတ်သက်၍ ဝေဖန်မှုများစွာ မြင့်တက်ခဲ့ရာက. ဧပြီ ၄ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက တားမြစ်ချက် ၄ ချက်ပါဝင်သည့် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ လိုက်နာရမည့် ဥပဒေပါပြဌာန်းချက်ကို အသိပေးထုတ်ပြန်ခဲ့သည်။ ယင်းအချက် ၄ ချက်ထဲတွင် (ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်းဟူသည့်အချက်ပါဝင်ကာ တားမြစ်ချက်များကို မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု ဖော်ပြထားသည်။

#mhtnews

(Zawgyi)

“အြန္လိုင္းေပၚတြင္ ေရပန္းစားၿပီး ေဝဖန္မႈျမင့္တက္ခဲ့သည့္ ညစ္ညမ္းစာအုပ္ထုတ္ေဝသူကို ဖမ္းဆီးစစ္ေဆးေနဟုဆို”

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အြန္းလွိုင္းေပၚတြင္ ေရးပန္းစားၿပီး ေဝဖန္မႈမ်ားစြာ ျမင့္တက္ခဲ့သည့္ ညစ္ညမ္းစာအုပ္ထုတ္ေဝသူကို သက္ဆိုင္ရာက ဖမ္းဆီးထားၿပီး လိုအပ္သည့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္လွ်က္ရွိေၾကာင္း NP News က ေဖာ္ျပလာခဲ့သည္။

“ထုတ္ေဝသူကို ထိန္းသိမ္းလိုက္ပါၿပီ။ လိုအပ္တာမ်ား စစ္ေမးေနၾကပါၿပီ။ ပုံႏွိပ္ဥပေဒေေနဲ႕ရာ၊ ရာဇသတ္ႀကီးနဲ႕ေရာ၊ အီလက္ထေရာနစ္ ဆက္သြယ္ေရးဥပေဒေအရေရာ ထိထိေရာက္ေရာက္ အေရးယူပါမယ္။ စံျပ အေနနဲ႕ အေရးယူပါမယ္ ” ဟု ျပန္ၾကားေရးဝန္ႀကီးဌာနမွ ထိပ္တန္းသတင္းရင္းျမစ္တစ္ဦးကေျပာၾကားေၾကာင္း ၎သတင္းကဆိုသည္။

My Possessive Step-Bro ဟု အမည္ေပးထားေသာစုအုပ္ကို “ေ႐ႊလာဘ္” အမည္ရွိ စာအုပ္တိုက္က ရန္ကုန္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕တို႔တြင္ တစ္ၿပိဳင္တည္း ေရာင္းခ်ခဲ့ရာ လာေရာက္ဝယ္ယူသူ ႀကိတ္ႀကိတ္တိုးေနသည္ကို အြန္လိုင္းဓာတ္ပုံမ်ားအရ သိရၿပီး ယင္းစာအုပ္သည္ အမ်ိဳးသားခ်င္း လိင္တူအဓမၼျပဳက်င့္ျခင္းကို ခ်စ္ျခင္းေမတၱာအျဖစ္ ပုံေဖာ္ထားေသာ စာအုပ္အမ်ိဳးအစားျဖစ္ေၾကာင္း သိရသည္။

အဆိုပါစုပ္ႏွင့္ပတ္သက္၍ ေဝဖန္မႈမ်ားစြာ ျမင့္တက္ခဲ့ရာက. ဧၿပီ ၄ ရက္တြင္ ျပန္ၾကားေရးဝန္ႀကီးဌာနက တားျမစ္ခ်က္ ၄ ခ်က္ပါဝင္သည့္ ပုံႏွိပ္သူမ်ားႏွင့္ ထုတ္ေဝသူမ်ား လိုက္နာရမည့္ ဥပေဒပါျပဌာန္းခ်က္ကို အသိေပးထုတ္ျပန္ခဲ့သည္။ ယင္းအခ်က္ ၄ ခ်က္ထဲတြင္ (ဂ)ညစ္ညမ္းစာမ်ားကို ေဖာ္ျပျခင္းဟူသည့္အခ်က္ပါဝင္ကာ တားျမစ္ခ်က္မ်ားကို မလိုက္နာပါက ဥပေဒအရ အေရးယူမည္ဟု ေဖာ္ျပထားသည္။

#mhtnews