အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ ဟိန္ဒူဘာသာရေး စီတန်းလှည့်လည်ပွဲအတွင်း ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ပြင်းထန်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့ အခြားသူ အများအပြား ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့က လူ ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပြီး ဖြစ်စဥ်အတွင်း သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်းကလည်း နိုင်ငံအနှံ့အပြားမှာ ဘာသာရေးစီတန်းလှည့်လည်စဉ်အတွင်း ဟိန္ဒူနဲ့ မူဆလင် အသိုင်းအဝိုင်းအကြား ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဝန်ကြီးချုပ်မိုဒီရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီ Bharatiya Janata ပါတီဟာ မကြာသေးမီနှစ်များအတွင်း သဘောထားတင်းမာတဲ့ ဘာသာရေးအုပ်စုတွေကို တွန်းအားပေးခဲ့ပြီး ၎င်းရဲ့ပါတီက မိုဒီ အစိုးရလက်ထက်မှာ လူမျိုးရေးတင်းမာမှုများ တိုးလာတာမျိုး မရှိဘူးလို့ ပြောဆိုကြောင်း သိရပါတယ်။

လူနည်းစုရေးရာဝန်ကြီး Mukhtar Abbas Naqvi က မကြာသေးမီက ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်များကို လျှော့ပေါ့ ပြောဆိုခဲ့ပြီး ဘာသာရေးအသိုင်းအဝိုင်းအကြား သည်းမခံနိုင်မှု ပိုမိုဆိုးရွားလာခြင်း မရှိကြောင်း၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့သာယာဝပြောမှုကို ချေဖျက်နိုင်စွမ်းမရှိတဲ့ အစွန်းအထင်းတွေဟာ အိန္ဒိယရဲ့အားလုံးပါဝင်နိုင်တဲ့ ယဉ်ကျေးမှုနဲ့ ကတိကဝတ်တွေကို အသရေဖျက်ဖို့ကြိုးစားနေကြောင်း The Economic Times သတင်းစာသို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက နယူးဒေလီရှိ တက္ကသိုလ်တစ်ခုမှာ ကျောင်းဝင်းအတွင်း ဟိန္ဒူဘာသာဝင်များ သတ်သတ်လွတ် အစားအသောက်များ ကျွေးမွေးခြင်းနဲ့ပတ်သက်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့တာကိုလည်း ဟိန္ဒူဘာသာဝင်များအတွက် အစားအသောက် အလေ့အကျင့်များကို ညွှန်ကြားဖို့ဟာ အစိုးရရဲ့အလုပ်မဟုတ်ကြောင်း၊ နိုင်ငံသားတိုင်း ၎င်းတို့ နှစ်သက်ရာ အစားအစာကို စားသုံးဖို့ လွတ်လပ်မှု ရှိကြောင်း လူနည်းစုရေးရာဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“အိႏၵိယနိုင္ငံ ၿမိဳ႕ေတာ္နယူးေဒလီမွာ ဟိႏၵဴဘာသာေရး စီတန္းလွည့္လည္ပြဲအတြင္း ဟိႏၵဴဘာသာဝင္ေတြနဲ႕ မြတ္စလင္ေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္မႈေတြျဖစ္ပြားခဲ့ၿပီး ရဲ ၆ ဦးအျပင္ အျခားသူအမ်ားအျပား ဒဏ္ရာရရွိ”

အိႏၵိယနိုင္ငံ ၿမိဳ႕ေတာ္နယူးေဒလီမွာ ဟိႏၵဴဘာသာေရး စီတန္းလွည့္လည္ပြဲအတြင္း ဟိႏၵဴဘာသာဝင္ေတြနဲ႕ မြတ္စလင္ေတြအၾကား ျပင္းထန္တဲ့ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈေတြျဖစ္ပြားခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ ၆ ဦးနဲ႕ အျခားသူ အမ်ားအျပား ဒဏ္ရာရရွိခဲ့ကာ ရဲတပ္ဖြဲ႕က လူ ၁၄ ဦးကို ဖမ္းဆီးထိန္းသိမ္းလိုက္တယ္လို႔ ေဒသတြင္း သတင္းေတြအရ သိရၿပီး ျဖစ္စဥ္အတြင္း ေသဆုံးသူေတာ့ မရွိဘူးလို႔ သိရပါတယ္။

မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္းကလည္း နိုင္ငံအႏွံ႕အျပားမွာ ဘာသာေရးစီတန္းလွည့္လည္စဥ္အတြင္း ဟိႏၵဴနဲ႕ မူဆလင္ အသိုင္းအဝိုင္းအၾကား ဘာသာေရးပဋိပကၡေတြ ျဖစ္ပြားခဲ့ပါေသးတယ္။

ဝန္ႀကီးခ်ဳပ္မိုဒီရဲ႕ဟိႏၵဴအမ်ိဳးသားေရးဝါဒီ Bharatiya Janata ပါတီဟာ မၾကာေသးမီႏွစ္မ်ားအတြင္း သေဘာထားတင္းမာတဲ့ ဘာသာေရးအုပ္စုေတြကို တြန္းအားေပးခဲ့ၿပီး ၎ရဲ႕ပါတီက မိုဒီ အစိုးရလက္ထက္မွာ လူမ်ိဳးေရးတင္းမာမႈမ်ား တိုးလာတာမ်ိဳး မရွိဘူးလို႔ ေျပာဆိုေၾကာင္း သိရပါတယ္။

လူနည္းစုေရးရာဝန္ႀကီး Mukhtar Abbas Naqvi က မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့အျဖစ္အပ်က္မ်ားကို ေလွ်ာ့ေပါ့ ေျပာဆိုခဲ့ၿပီး ဘာသာေရးအသိုင္းအဝိုင္းအၾကား သည္းမခံနိုင္မႈ ပိုမိုဆိုး႐ြားလာျခင္း မရွိေၾကာင္း၊ တိုင္းျပည္ရဲ႕ ၿငိမ္းခ်မ္းေရးနဲ႕သာယာဝေျပာမႈကို ေခ်ဖ်က္နိုင္စြမ္းမရွိတဲ့ အစြန္းအထင္းေတြဟာ အိႏၵိယရဲ႕အားလုံးပါဝင္နိုင္တဲ့ ယဥ္ေက်းမႈနဲ႕ ကတိကဝတ္ေတြကို အသေရဖ်က္ဖို႔ႀကိဳးစားေနေၾကာင္း The Economic Times သတင္းစာသို႔ ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီက နယူးေဒလီရွိ တကၠသိုလ္တစ္ခုမွာ ေက်ာင္းဝင္းအတြင္း ဟိႏၵဴဘာသာဝင္မ်ား သတ္သတ္လြတ္ အစားအေသာက္မ်ား ေကြၽးေမြးျခင္းနဲ႕ပတ္သက္ၿပီး ခိုက္ရန္ျဖစ္ပြားခဲ့တာကိုလည္း ဟိႏၵဴဘာသာဝင္မ်ားအတြက္ အစားအေသာက္ အေလ့အက်င့္မ်ားကို ၫႊန္ၾကားဖို႔ဟာ အစိုးရရဲ႕အလုပ္မဟုတ္ေၾကာင္း၊ နိုင္ငံသားတိုင္း ၎တို႔ ႏွစ္သက္ရာ အစားအစာကို စားသုံးဖို႔ လြတ္လပ္မႈ ရွိေၾကာင္း လူနည္းစုေရးရာဝန္ႀကီးက ထပ္ေလာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

#mhtnews