အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ ဓာတုဗေဒစက်ရုံတစ်ရုံ၌ ဧပြီ ၁၁ ရက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ စက်ရုံလုပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားထားသည်။

ယင်းပေါက်ကွဲမှုသည် ဂူဂျာရတ်ပြည်နယ်၏ မြို့တော် Gandhinagar မြို့၏ တောင်ဘက် ၂၅၅ ကီလိုမီတာအကွာရှိ Bharuch ခရိုင်၏ Dahej စက်မှုဇုန်အတွင်းရှိ စက်ရုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပေါက်ကွဲမှုနောက်ပိုင်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Bharuch ခရိုင်၏ အဆင့်မြင့်ရဲအရာရှိတစ်ဦးဖြစ်သူ Leena Patil က “သေဆုံးသွားတဲ့ အလုပ်သမား ၆ ဦးက ဓာတ်ပေါင်းဖိုအနီးမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဗြုန်းခနဲဆိုသလို ပျော်ဝင်မှုအားပေးတဲ့အရည် ပေါင်းခံတာ ပြုလုပ်နေတုန်းမှာ ပေါက်ကွဲထွက်သွားတာပါ”ဟု ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်မှုအား ထိန်းချုပ်ဟန့်တားရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရဲတပ်ဖွဲ့ နှင့် မီးသတ်အဖွဲ့များက အခင်းဖြစ်နေရာသို့ အလျှင်အမြန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

#mhtnews

(Zawgyi)

“အိႏၵိယနိုင္ငံအေနာက္ပိုင္း ဂူဂ်ာရတ္ျပည္နယ္၌ ဓာတုစက္႐ုံအတြင္း ေပါက္ကြဲမႈေၾကာင့္ လူ ၆ ဦး ေသဆုံး”

အိႏၵိယနိုင္ငံအေနာက္ပိုင္း ဂူဂ်ာရတ္ျပည္နယ္ရွိ ဓာတုေဗဒစက္႐ုံတစ္႐ုံ၌ ဧၿပီ ၁၁ ရက္တြင္ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားရာ စက္႐ုံလုပ္သား ၆ ဦး ေသဆုံးခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕က ေျပာၾကားထားသည္။

ယင္းေပါက္ကြဲမႈသည္ ဂူဂ်ာရတ္ျပည္နယ္၏ ၿမိဳ႕ေတာ္ Gandhinagar ၿမိဳ႕၏ ေတာင္ဘက္ ၂၅၅ ကီလိုမီတာအကြာရွိ Bharuch ခရိုင္၏ Dahej စက္မႈဇုန္အတြင္းရွိ စက္႐ုံ၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္အရ ေပါက္ကြဲမႈေနာက္ပိုင္းတြင္ မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Bharuch ခရိုင္၏ အဆင့္ျမင့္ရဲအရာရွိတစ္ဦးျဖစ္သူ Leena Patil က ေသဆုံးသြားတဲ့ အလုပ္သမား ၆ ဦးက ဓာတ္ေပါင္းဖိုအနီးမွာ လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။ ျဗဳန္းခနဲဆိုသလို ေပ်ာ္ဝင္မႈအားေပးတဲ့အရည္ ေပါင္းခံတာ ျပဳလုပ္ေနတုန္းမွာ ေပါက္ကြဲထြက္သြားတာပါ”ဟု ေျပာၾကားခဲ့သည္။

ေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ မီးေလာင္မႈအား ထိန္းခ်ဳပ္ဟန႔္တားရန္ႏွင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ရဲတပ္ဖြဲ႕ ႏွင့္ မီးသတ္အဖြဲ႕မ်ားက အခင္းျဖစ္ေနရာသို႔ အလွ်င္အျမန္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

#mhtnews