
“အားကစားအောင်မြင်မှုနဲ့ နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာ့အားကစားအဖွဲ့ဝင်အားလုံးရဲ့ ပုခုံးထက်မှာရှိတာကိုသတိပြုရမှာဖြစ်တယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်တယ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာအားကစားအဖွဲ့ကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ B မှာ ယနေ့ (ဧပြီ ၂၉ ရက်) နံနက်ပိုင်းက သွားရောက်တွေ့ဆုံပြီး အောင်နိုင်ငံရေးအလံ အပ်နှင်းခဲ့တဲ့အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက အားကစားနည်း ၂၀ မျိုးအတွက် နိုင်ငံ့ကိုယ်စားပြု အားကစားသမား ၂၉၃ ဦး ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။
အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်အလံဂုဏ်ပြုလွှင့်ထူခံရခြင်းကို နိုင်ငံသားတိုင်းက လိုလားကြတာဖြစ်တဲ့အတွက် အားသွန်ခွန်စိုက်ကြိုးစားကြဖို့ တိုက်တွန်းပြီး အောင်နိုင်ရေးအလံကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ထံအပ်နှင်းကာ အားကစားအဖွဲ့များအတွက် ဂုဏ်ပြုဆုငွေများပေး အပ်ခဲ့တယ်လို့ သိရပါတယ်။
#mhtnews

(Zawgyi)
“အားကစားေအာင္ျမင္မႈနဲ႕ နိုင္ငံေတာ္ရဲ႕ဂုဏ္သိကၡာျမႇင့္တင္နိုင္ေရးအတြက္ ၿပိဳင္ပြဲတိုင္းအနိုင္ရရွိေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ျမန္မာ့အားကစားအဖြဲ႕ဝင္အားလုံးရဲ႕ ပုခုံးထက္မွာရွိတာကိုသတိျပဳရမွာျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ေျပာၾကား”
“အားကစားေအာင္ျမင္မႈနဲ႕ နိုင္ငံေတာ္ရဲ႕ဂုဏ္သိကၡာျမႇင့္တင္နိုင္ေရးအတြက္ ၿပိဳင္ပြဲတိုင္းအနိုင္ရရွိေရးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ျမန္မာ့အားကစားအဖြဲ႕ဝင္အားလုံးရဲ႕ ပုခုံးထက္မွာရွိတာကိုသတိျပဳရမွာျဖစ္တယ္” လို႔ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာၾကားလိုက္တယ္လို႔ သိရပါတယ္။
ဗီယက္နမ္နိုင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ ၃၁ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျမန္မာအားကစားအဖြဲ႕ကို ေနျပည္ေတာ္၊ ဝဏၰသိဒၶိ အားကစား႐ုံ B မွာ ယေန႕ (ဧၿပီ ၂၉ ရက္) နံနက္ပိုင္းက သြားေရာက္ေတြ႕ဆုံၿပီး ေအာင္နိုင္ငံေရးအလံ အပ္ႏွင္းခဲ့တဲ့အခမ္းအနားမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
၃၁ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲကို ေမ ၁၂ ရက္မွ ၂၃ ရက္အထိ ဗီယက္နမ္နိုင္ငံမွာ က်င္းပသြားမွာျဖစ္ၿပီး ျမန္မာနိုင္ငံက အားကစားနည္း ၂၀ မ်ိဳးအတြက္ နိုင္ငံ့ကိုယ္စားျပဳ အားကစားသမား ၂၉၃ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
အခမ္းအနားမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က နိုင္ငံေတာ္အလံဂုဏ္ျပဳလႊင့္ထူခံရျခင္းကို နိုင္ငံသားတိုင္းက လိုလားၾကတာျဖစ္တဲ့အတြက္ အားသြန္ခြန္စိုက္ႀကိဳးစားၾကဖို႔ တိုက္တြန္းၿပီး ေအာင္နိုင္ေရးအလံကို အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနျပည္ ေထာင္စုဝန္ႀကီး ဦးမင္းသိန္းဇံ ထံအပ္ႏွင္းကာ အားကစားအဖြဲ႕မ်ားအတြက္ ဂုဏ္ျပဳဆုေငြမ်ားေပး အပ္ခဲ့တယ္လို႔ သိရပါတယ္။
#mhtnews
Recent Comments