
အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများအစည်းအဝေး (AFMGM Session with International Financial Institutions) ၊ (၁၈) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (18th ASEAN Central Bank Governors’ Meeting-ACGM) နှင့် (၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (8th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) များကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ယနေ့ နံနက် ၇ နာရီခွဲတွင် ကျင်းပသည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ များနှင့် အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့ အစည်းများအစည်းအဝေး (AFMGM Session with International Financial Institutions) သို့ အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လက်တလောကာလ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ စီးပွားရေးအခြေအနေ အလားအလာများနှင့် ပြန်လည်ဦးမော့မှုဆိုင်ရာ အားကောင်းစေရေး မူဝါဒဆိုင်ရာ အကြံပြုချက်များ နှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ (International Financial Institutions-IFIs) ဖြစ်သည့် အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank-AIIB)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank-ADB)၊ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macro Research Office-AMRO)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) နှင့် ကမ္ဘာ့ဘဏ် (World Bank-WB) တို့ကတင်ပြကြသည်။ ယင်းတို့၏ တင်ပြချက်များအပေါ် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက သုံးသပ်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် နံနက် ၁၀ နာရီတွင် ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်သည်။
ရှေးဦးစွာ (၁၈) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး သဘာပတိဖြစ်သူ ကမ္ဘောဒီးယားဗဟိုဘဏ်ဥက္ကဋ္ဌ Mr.CHEA Chanto က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးလုပ်ငန်းများ ကြီးကြပ်ထိန်းကျောင်းသည့် အာဆီယံ အဆင့်မြင့်ကော်မတီ (ASEAN Senior Level Committee-SLC) ၏ ပူးတွဲသဘာပတိက အာဆီယံငွေရေးကြေးရေး ပေါင်းစည်းမှုဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ငွေရေးကြေးရေးပူးပေါင်း ဆောင်ရွက်မှု နောက်ဆုံးတိုးတက်မှု အခြေအနေများကို တင်ပြသည်။
ဆက်လက်၍ “Interoperable Data Framework & ASEAN QR Cross-Border Payments” နှင့် “Digital Connectivity Enhancement across ASEAN Member States” နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းက အာဆီယံငွေကြေး ဖလှယ်မှု အစီအစဉ် (ASEAN Swap Arrangement – ASA) နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် (၈) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း တက်ရောက်သည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားနိုင်ငံမှ တင်ပြဆွေးနွေးသည်။ ယင်းနောက် အာဆီယံ စီးပွားရေးလုပ်ငန်းများ အကြံပေးကောင်စီ (ASEAN Business Advisory Council-ABAC)၊ ဥရောပ-အာဆီယံ စီးပွားရေးလုပ်ငန်းကောင်စီ (EU-ASEAN Business Council-ABC) နှင့် အမေရိကန်-အာဆီယံ စီးပွားရေးလုပ်ငန်းကောင်စီ (US-ASEAN Business Council-US-ABC) တို့မှ ကိုယ်စားလှယ်များက ၎င်းတို့ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ရာ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်က ကြီးကြပ်ထိန်းကျောင်းမှုနှင့် အကဲဖြတ်သုံးသပ်မှု လုပ်ငန်းစဉ်များ၊ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအပါအဝင် ၂၀၂၅ အာဆီယံ စီးပွားရေး အသိုက်အဝန်းလမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လတ်တလော လုပ်ငန်းတိုးတက်မှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး ပူးတွဲသဘာပတိက အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်းရေး လမ်းပြမြေပုံ (Roadmap for Monetary and Financial Integration of ASEAN-RIA-Fin)အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် အာဆီယံစဉ်ဆက်မပြတ် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု (ASEAN Sustainable Finance Cooperation) ဆိုင်ရာ လုပ်ငန်းစဉ်များ၏ လုပ်ငန်းတိုးတက်မှုကို တင်ပြကြသည်။
အစည်းအဝေးတွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းအစီအစဉ်များ (ASEAN Chair 2022 Priorities)၊ အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတိုးတက်မှု (Progress of the AEC Blueprint) ၊ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှု (Progress of Cooperation under the ASEAN Finance Ministers’ and Central Bank Governors’ Process) နှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် (၈) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (8th AFMGM) ၏ ပူးတွဲကြေညာချက် မူကြမ်းကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုခဲ့ကြကြောင်း သိရသည်။

(Zawgyi)
“အာဆီယံဘ႑ာေရးဝန္ႀကီးမ်ား၊ ဗဟိုဘဏ္ဥကၠ႒မ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ား အစည္းအေဝး၊ (၁၈) ႀကိမ္ေျမာက္ အာဆီယံဗဟိုဘဏ္ဥကၠ႒မ်ား အစည္းအေဝးႏွင့္ (၈) ႀကိမ္ေျမာက္ အာဆီယံဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ားအစည္းအေဝးသို႔ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္း တက္ေရာက္”
အာဆီယံဘ႑ာေရးဝန္ႀကီးမ်ား၊ ဗဟိုဘဏ္ဥကၠ႒မ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ေငြေရးေၾကးေရး အဖြဲ႕အစည္းမ်ားအစည္းအေဝး (AFMGM Session with International Financial Institutions) ၊ (၁၈) ႀကိမ္ေျမာက္ အာဆီယံဗဟိုဘဏ္ဥကၠ႒မ်ားအစည္းအေဝး (18thASEAN Central Bank Governors Meeting-ACGM) ႏွင့္ (၈) ႀကိမ္ေျမာက္ အာဆီယံ ဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ား အစည္းအေဝး (8thASEAN Finance Ministers and Central Bank Governors Meeting-AFMGM) မ်ားကို ယေန႕တြင္ ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ က်င္းပသည္။
ယေန႕ နံနက္ ၇ နာရီခြဲတြင္ က်င္းပသည့္ အာဆီယံဘ႑ာေရးဝန္ႀကီးမ်ား၊ ဗဟိုဘဏ္ဥကၠ႒ မ်ားႏွင့္ အျပည္ျပည္ဆိုင္ရာေငြေရးေၾကးေရးအဖြဲ႕ အစည္းမ်ားအစည္းအေဝး (AFMGM Session with International Financial Institutions) သို႔ အာဆီယံ ဗဟိုဘဏ္ဥကၠ႒မ်ားႏွင့္အတူ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္း တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ လက္တေလာကာလ ကမၻာလုံးဆိုင္ရာႏွင့္ ေဒသဆိုင္ရာ စီးပြားေရးအေျခအေန အလားအလာမ်ားႏွင့္ ျပန္လည္ဦးေမာ့မႈဆိုင္ရာ အားေကာင္းေစေရး မူဝါဒဆိုင္ရာ အႀကံျပဳခ်က္မ်ား ႏွင့္စပ္လ်ဥ္း၍ အျပည္ျပည္ဆိုင္ရာေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား (International Financial Institutions-IFIs) ျဖစ္သည့္ အာရွအေျခခံအေဆာက္အဦ ရင္းႏွီးျမႇုပ္ႏွံမႈဘဏ္ (Asian Infrastructure Investment Bank-AIIB)၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (Asia Development Bank-ADB)၊ အာဆီယံ+၃ ေမခရိုစီးပြားေရးသုေတသန႐ုံး (ASEAN+3 Macro Research Office-AMRO)၊ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (International Monetary Fund-IMF) ႏွင့္ ကမၻာ့ဘဏ္ (World Bank-WB) တို႔ကတင္ျပၾကသည္။ ယင္းတို႔၏ တင္ျပခ်က္မ်ားအေပၚ အာဆီယံဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ားက သုံးသပ္ေဆြးႏြေး ေျပာၾကားၾကသည္။
ထို႔ေနာက္ နံနက္ ၁၀ နာရီတြင္ က်င္းပသည့္ (၁၈) ႀကိမ္ေျမာက္ အာဆီယံဗဟိုဘဏ္ဥကၠ႒မ်ား အစည္းအေဝးသို႔ အာဆီယံဗဟိုဘဏ္ဥကၠ႒မ်ားႏွင့္အတူ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္း တက္ေရာက္သည္။
ေရွးဦးစြာ (၁၈) ႀကိမ္ေျမာက္ အာဆီယံဗဟိုဘဏ္ဥကၠ႒မ်ား အစည္းအေဝး သဘာပတိျဖစ္သူ ကေမၻာဒီးယားဗဟိုဘဏ္ဥကၠ႒ Mr.CHEA Chanto က အဖြင့္အမွာစကား ေျပာၾကားသည္။
ထို႔ေနာက္ အာဆီယံေငြေရးေၾကးေရး ေပါင္းစည္းေရးလုပ္ငန္းမ်ား ႀကီးၾကပ္ထိန္းေက်ာင္းသည့္ အာဆီယံ အဆင့္ျမင့္ေကာ္မတီ (ASEAN Senior Level Committee-SLC) ၏ ပူးတြဲသဘာပတိက အာဆီယံေငြေရးေၾကးေရး ေပါင္းစည္းမႈဆိုင္ရာ လုပ္ငန္းေကာ္မတီမ်ား၏ ေငြေရးေၾကးေရးပူးေပါင္း ေဆာင္႐ြက္မႈ ေနာက္ဆုံးတိုးတက္မႈ အေျခအေနမ်ားကို တင္ျပသည္။
ဆက္လက္၍ Interoperable Data Framework & ASEAN QR Cross-Border Payments ႏွင့္ Digital Connectivity Enhancement across ASEAN Member States ႏွင့္ စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ားအေပၚ အာဆီယံဗဟိုဘဏ္ဥကၠ႒မ်ားက အျမင္ခ်င္းဖလွယ္ေဆြးႏြေးခဲ့ၾကသည္။
အစည္းအေဝးတြင္ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္းက အာဆီယံေငြေၾကး ဖလွယ္မႈ အစီအစဥ္ (ASEAN Swap Arrangement ASA) ႏွင့္စပ္လ်ဥ္း၍ တင္ျပေဆြးႏြေးခဲ့ၿပီး အာဆီယံ ဗဟိုဘဏ္ဥကၠ႒မ်ားက အျပန္အလွန္ေဆြးႏြေးခဲ့ၾကသည္။
ယင္းေန႕မြန္းလြဲပိုင္းတြင္ (၈) ႀကိမ္ေျမာက္ အာဆီယံဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ား အစည္းအေဝးကို က်င္းပရာ အစည္းအေဝးသို႔ ျမန္မာနိုင္ငံေတာ္ ဗဟိုဘဏ္ဥကၠ႒ ဦးသန္းညိန္း တက္ေရာက္သည္။
အစည္းအေဝးတြင္ ကေမၻာဒီးယားနိုင္ငံစီးပြားေရးႏွင့္ ဘ႑ာေရးဝန္ႀကီးက အဖြင့္အမွာစကား ေျပာၾကားၿပီး ၂၀၂၂ ခုႏွစ္တြင္ အာဆီယံအလွည့္က်ဥကၠ႒အေနျဖင့္ ဦးစားေပး ေဆာင္႐ြက္မည့္ လုပ္ငန္းအစီအစဥ္မ်ားႏွင့္စပ္လ်ဥ္း၍ ကေမၻာဒီးယားနိုင္ငံမွ တင္ျပေဆြးႏြေးသည္။ ယင္းေနာက္ အာဆီယံ စီးပြားေရးလုပ္ငန္းမ်ား အႀကံေပးေကာင္စီ (ASEAN Business Advisory Council-ABAC)၊ ဥေရာပ-အာဆီယံ စီးပြားေရးလုပ္ငန္းေကာင္စီ (EU-ASEAN Business Council-ABC) ႏွင့္ အေမရိကန္-အာဆီယံ စီးပြားေရးလုပ္ငန္းေကာင္စီ (US-ASEAN Business Council-US-ABC) တို႔မွ ကိုယ္စားလွယ္မ်ားက ၎တို႔ ဦးစားေပးေဆာင္႐ြက္မည့္လုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ တင္ျပေဆြးႏြေးခဲ့ရာ အာဆီယံဘ႑ာေရး ဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ားက အျမင္ခ်င္း ဖလွယ္ေဆြးႏြေးၾကသည္။
ထို႔ေနာက္ အာဆီယံအတြင္းေရးမႉးခ်ဳပ္က ႀကီးၾကပ္ထိန္းေက်ာင္းမႈႏွင့္ အကဲျဖတ္သုံးသပ္မႈ လုပ္ငန္းစဥ္မ်ား၊ ေငြေရးေၾကးေရးပူးေပါင္းေဆာင္႐ြက္မႈ လုပ္ငန္းမ်ားအပါအဝင္ ၂၀၂၅ အာဆီယံ စီးပြားေရး အသိုက္အဝန္းလမ္းျပေျမပုံအရ ေဆာင္႐ြက္လ်က္ရွိသည့္ လတ္တေလာ လုပ္ငန္းတိုးတက္မႈႏွင့္ ပတ္သက္၍ ေဆြးႏြေးတင္ျပသည္။
ဆက္လက္၍ အာဆီယံဘ႑ာေရးႏွင့္ ဗဟိုဘဏ္ဒုတိယအႀကီးအကဲမ်ား အစည္းအေဝး ပူးတြဲသဘာပတိက အာဆီယံေငြေၾကးႏွင့္ ေငြေရးေၾကးေရးေပါင္းစည္းေရး လမ္းျပေျမပုံ (Roadmap for Monetary and Financial Integration of ASEAN-RIA-Fin)အရ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းစဥ္မ်ားႏွင့္ အာဆီယံစဥ္ဆက္မျပတ္ ဘ႑ာေရးပူးေပါင္း ေဆာင္႐ြက္မႈ (ASEAN Sustainable Finance Cooperation) ဆိုင္ရာ လုပ္ငန္းစဥ္မ်ား၏ လုပ္ငန္းတိုးတက္မႈကို တင္ျပၾကသည္။
အစည္းအေဝးတြင္ အာဆီယံဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ားက ၂၀၂၂ ခုႏွစ္အတြက္ အာဆီယံအလွည့္က်ဥကၠ႒အေနျဖင့္ ေဆာင္႐ြက္မည့္ ဦးစားေပး လုပ္ငန္းအစီအစဥ္မ်ား (ASEAN Chair 2022 Priorities)၊ အာဆီယံစီးပြားေရးအသိုက္အဝန္း လမ္းျပေျမပုံအရ ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းတိုးတက္မႈ (Progress of the AEC Blueprint) ၊ အာဆီယံဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ တိုးတက္မႈ (Progress of Cooperation under the ASEAN Finance Ministers and Central Bank Governors Process) ႏွင့္စပ္လ်ဥ္း၍လည္း အျမင္ခ်င္းဖလွယ္ ေဆြးႏြေးခဲ့ၾကသည္။
ယင္းေနာက္ (၈) ႀကိမ္ေျမာက္ အာဆီယံ ဘ႑ာေရးဝန္ႀကီးမ်ားႏွင့္ ဗဟိုဘဏ္ဥကၠ႒မ်ား အစည္းအေဝး (8thAFMGM) ၏ ပူးတြဲေၾကညာခ်က္ မူၾကမ္းကို အၿပီးသတ္ေဆြးႏြေး၍ အတည္ျပဳခဲ့ၾကေၾကာင္း သိရသည္။
Recent Comments