အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်၊ မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားသည်။

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဥ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် မြန်မာနိုင်ငံတို့အနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စ သက်သက်ကိုသာ အလေးထား လုပ်ဆောင်သင့်ကြောင်းနှင့် တူညီဆန္ဒ (၅)ချက်အား အကောင်အထည်ဖော် ဆောင်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် အထူးအလေးထားသင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ (၅)ချက် အကောင်အထည် ဖော်ဆောင်ရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စိတ်ရှည်သည်းခံမှု၊ နားလည်ပေးမှုနှင့် ခိုင်မာသော ထောက်ခံမှုကို မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅)ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆန္ဒရှိပါကြောင်းနှင့် အသင့်ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak က ခရီးစဉ်အတွက် စီစဉ်ထားရှိမှုများနှင့် အစည်းအဝေးများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကို လေးစားပါကြောင်း၊ အခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုသည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန် ဖြစ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အလားတူ သမိုင်းနောက်ခံရှိသည့်အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများကို နားလည်ပါကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံနှင့် မြန်မာ နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေသည့် နည်းလမ်းဖြင့် မြန်မာအား ကူညီရန်အသင့်ရှိပါကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ၏ အစည်းအဝေးတိုင်းတွင် အာဆီယံအဖွဲ့ဝင်အားလုံးပါဝင်သည့် အာဆီယံတစ်ပေါင်း တစ်စည်းတည်းဖြစ်မှုကို ပြန်လည်တည်ဆောက် လိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅)ချက်အား အကောင်အထည် ဖော်ဆောင်ရန်ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်နေမှုကို ပြသလိုကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

#mhtnews

(Zawgyi)

“အာဆီယံႏွင့္ ျပင္ပမိတ္ဖက္အဖြဲ႕အစည္းမ်ား၏ လုပ္ငန္းမ်ားႏွင့္ ဦးေဆာင္ဦး႐ြက္ျပဳမႈအားလုံးသည္ ျမန္မာနိုင္ငံအစိုးရ၏ လုပ္ငန္းစဥ္၊ မူေဘာင္ႏွင့္အညီသာ ျဖစ္သင့္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္ ေျပာၾကား”

အာဆီယံႏွင့္ ျပင္ပမိတ္ဖက္အဖြဲ႕အစည္းမ်ား၏ လုပ္ငန္းမ်ားႏွင့္ ဦးေဆာင္ဦး႐ြက္ျပဳမႈအားလုံးသည္ ျမန္မာနိုင္ငံအစိုးရ၏ လုပ္ငန္းစဥ္၊ မူေဘာင္ႏွင့္အညီသာ ျဖစ္သင့္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္က ေျပာၾကားသည္။

AHA Centre မွတစ္ဆင့္ လႉဒါန္းမည့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီ စီမံခန႔္ခြဲေရးလုပ္ငန္းအဖြဲ႕ (Task Force)ဥကၠ႒ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလွိုင္သည္ ကေမၻာဒီးယားနိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္႐ုံး အဖြဲ႕ေခါင္းေဆာင္ H.E. Dr. KUNG Phoak ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား ယမန္ေန႕ နံနက္ ၁၁ နာရီ ၄၅ မိနစ္တြင္ ေနျပည္ေတာ္ရွိ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံစဥ္ ထိုသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုဝန္ႀကီးက အာဆီယံႏွင့္ ျမန္မာနိုင္ငံတို႔အေနျဖင့္ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးေရးကိစၥ သက္သက္ကိုသာ အေလးထား လုပ္ေဆာင္သင့္ေၾကာင္းႏွင့္ တူညီဆႏၵ (၅)ခ်က္အား အေကာင္အထည္ေဖာ္ ေဆာင္ရာတြင္ လက္ေတြ႕က်က် လုပ္ေဆာင္ရန္ အထူးအေလးထားသင့္ေၾကာင္း၊ ျမန္မာနိုင္ငံအေနျဖင့္ မည္သူ႕ကိုမွ် ခ်န္လွပ္မထားေစေရးမူဝါဒကို အေလးထားၿပီး တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအား ကာကြယ္ေဆးထိုးႏွံေပးျခင္းကို ေဆာင္႐ြက္ေပးလ်က္ရွိသည့္အတြက္ အာဆီယံႏွင့္ ျပင္ပမိတ္ဖက္အဖြဲ႕အစည္းမ်ား၏ လုပ္ငန္းမ်ားႏွင့္ ဦးေဆာင္ဦး႐ြက္ျပဳမႈအားလုံးသည္ ျမန္မာနိုင္ငံအစိုးရ၏ လုပ္ငန္းစဥ္ႏွင့္ မူေဘာင္ႏွင့္အညီသာ ျဖစ္သင့္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္၍လည္း ျပည္ေထာင္စုဝန္ႀကီးက တူညီဆႏၵ (၅)ခ်က္ အေကာင္အထည္ ေဖာ္ေဆာင္ရန္ႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံအေနျဖင့္ အာဆီယံ၏ စိတ္ရွည္သည္းခံမႈ၊ နားလည္ေပးမႈႏွင့္ ခိုင္မာေသာ ေထာက္ခံမႈကို ေမွ်ာ္လင့္ပါေၾကာင္း၊ ျမန္မာနိုင္ငံအေနျဖင့္ တူညီဆႏၵ (၅)ခ်က္ကို ထိေရာက္စြာ အေကာင္အထည္ေဖာ္နိုင္ေရး ဆႏၵရွိပါေၾကာင္းႏွင့္ အသင့္ရွိပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ ဒုတိယဝန္ႀကီးႏွင့္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္႐ုံး အဖြဲ႕ေခါင္းေဆာင္ H.E. Dr. KUNG Phoak က ခရီးစဥ္အတြက္ စီစဥ္ထားရွိမႈမ်ားႏွင့္ အစည္းအေဝးမ်ားတြင္ ပြင့္ပြင့္လင္းလင္း ေဆြးႏြေးမႈမ်ားအတြက္ ျမန္မာအစိုးရကို ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားၿပီး ကေမၻာဒီးယားနိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံ၏ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ ခိုင္ၿမဲမႈကို ေလးစားပါေၾကာင္း၊ အျခားနိုင္ငံတစ္ခု၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္လိုသည့္ ဆႏၵမပါဘဲ ျမန္မာနိုင္ငံအား ကူညီရန္ ျဖစ္နိုင္မည့္ နည္းလမ္းမ်ားကို ရွာေဖြလ်က္ရွိပါေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ ကေမၻာဒီးယားနိုင္ငံအေနျဖင့္ ျမန္မာနိုင္ငံႏွင့္ အလားတူ သမိုင္းေနာက္ခံရွိသည့္အတြက္ ျပည္တြင္းကိစၥရပ္မ်ား၏ ရႈပ္ေထြးမႈမ်ားကို နားလည္ပါေၾကာင္းႏွင့္ ကေမၻာဒီးယားနိုင္ငံအေနျဖင့္ အာဆီယံႏွင့္ ျမန္မာ ႏွစ္ဦးႏွစ္ဖက္လုံးအတြက္ အဆင္ေျပသည့္ နည္းလမ္းျဖင့္ ျမန္မာအား ကူညီရန္အသင့္ရွိပါေၾကာင္း၊ ကေမၻာဒီးယားအေနျဖင့္ အာဆီယံ၏ အစည္းအေဝးတိုင္းတြင္ အာဆီယံအဖြဲ႕ဝင္အားလုံးပါဝင္သည့္ အာဆီယံတစ္ေပါင္း တစ္စည္းတည္းျဖစ္မႈကို ျပန္လည္တည္ေဆာက္ လိုပါေၾကာင္းႏွင့္ ျမန္မာနိုင္ငံအေနျဖင့္ တူညီဆႏၵ (၅)ခ်က္အား အေကာင္အထည္ ေဖာ္ေဆာင္ရန္ျဖစ္နိုင္သည့္ နည္းလမ္းေပါင္းစုံျဖင့္ ကူညီေဆာင္႐ြက္ေနမႈကို ျပသလိုေၾကာင္း ေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးထြဋ္၊ အၿမဲတမ္း အတြင္းဝန္ ဦးခ်မ္းေအးႏွင့္ အာဆီယံေရးရာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

#mhtnews