
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျှက်ရှိရာ ပုံနှိပ်ခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရရှိထားသူ ဒေါ်ကြည်ပြာသွယ် (ဝင်းတိုးအောင် ပုံနှိပ်တိုက်) သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က) ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ ယခင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ၃၀- ၁၀- ၁၉၈၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၈၁) ဖြင့် “ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒကို ရိုက်နှိပ်ဖြန့်ချိခြင်း၊ ကူးယူဖြန့်ချိခြင်းမပြုရန်” တာမြစ်ပိတ်ပင်ထားပြီးဖြစ်သည့်စာအုပ်ကို ပုံနှိပ်ဆောင်ရွက်ခဲ့သည့်အတွက် ၎င်းအားထုတ်ပေးထားသည့် ပုံနှိပ်ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်းနှင့် ၎င်းပုံနှိပ်တိုက်အနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကိုအသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ပုံနှိပ်ဆောင်ရွက်ခြင်းမပြုရန် ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အရွင္ဥကၠ႒၏ “လူေသလူျဖစ္ဝါဒ” စာအုပ္ကို ထပ္မံပုံႏွိပ္ခဲ့သည့္ “ဝင္းတိုးေအာင္ ပုံႏွိပ္တိုက္” ကို လိုင္စင္႐ုပ္သိမ္း”
ျပန္ၾကားေရးဝန္ႀကီးဌာနအေနျဖင့္ ပုံႏွိပ္ျခင္းႏွင့္ ထုတ္ေဝျခင္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ လုပ္ငန္းအသိအမွတ္ျပဳလက္မွတ္ ေလွ်ာက္ထားလာသူမ်ားကို စိစစ္ခြင့္ျပဳေပးလွ်က္ရွိရာ ပုံႏွိပ္ျခင္းလုပ္ငန္းအသိအမွတ္ျပဳလက္မွတ္ ရရွိထားသူ ေဒၚၾကည္ျပာသြယ္ (ဝင္းတိုးေအာင္ ပုံႏွိပ္တိုက္) သည္ ပုံႏွိပ္ျခင္းႏွင့္ ထုတ္ေဝျခင္းလုပ္ငန္းဥပေဒပုဒ္မ ၈၊ ပုဒ္မခြဲ (က) ပါ စည္းကမ္းခ်က္ကို လိုက္နာျခင္းမရွိဘဲ ယခင္ ျပည္ထဲေရးႏွင့္ သာသနာေရးဝန္ႀကီးဌာနက ၃၀- ၁၀- ၁၉၈၁ ရက္စြဲပါ အမိန့္ေၾကာ္ျငာစာအမွတ္ (၂/၈၁) ျဖင့္ “ရွင္ဥကၠ႒၏ လူေသလူျဖစ္ဝါဒကို ရိုက္ႏွိပ္ျဖန့္ခ်ိျခင္း၊ ကူးယူျဖန့္ခ်ိျခင္းမျပဳရန္” တာျမစ္ပိတ္ပင္ထားၿပီးျဖစ္သည့္စာအုပ္ကို ပုံႏွိပ္ေဆာင္႐ြက္ခဲ့သည့္အတြက္ ၎အားထုတ္ေပးထားသည့္ ပုံႏွိပ္ျခင္းလုပ္ငန္း အသိအမွတ္ျပဳလက္မွတ္ကို ၂၀၂၂ ခုႏွစ္၊ ဧၿပီ ၇ ရက္မွစ၍ ႐ုပ္သိမ္းလိုက္ေၾကာင္းႏွင့္ ၎ပုံႏွိပ္တိုက္အေနျဖင့္ မီဒီယာအမ်ိဳးအစားတစ္ခုခုကို အသုံးျပဳ၍ျဖစ္ေစ၊ နည္းပညာတစ္ရပ္ရပ္ကိုအသုံးျပဳ၍ျဖစ္ေစ မည္သည့္ထုတ္ေဝစာကိုမွ် ပုံႏွိပ္ေဆာင္႐ြက္ျခင္းမျပဳရန္ ျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထုတ္ျပန္ထားေၾကာင္း သိရသည္။
#mhtnews
Recent Comments