
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ လက်ခံတွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံစဉ် ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးမှုအခြေအနေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို ဖြေရှင်းနိုင်ရန် စေ့စပ်ညှိနှိုင်း ရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကာ နှစ်ဖက်သိရှိလိုသည်များကို အပြန်အလှန် ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ညွိႏွိုင္းေရးေကာ္မတီ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္ ကေမၻာဒီးယားနိုင္ငံ၊ နိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ႏွင့္ အာဆီယံအထူးကိုယ္စားလွယ္၏ ႐ုံးအဖြဲ႕အႀကီးအကဲ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ”
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညွိႏွိုင္းေရးေကာ္မတီ အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္သည္ ကေမၻာဒီးယားနိုင္ငံ၊ နိုင္ငံျခားေရးႏွင့္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးႏွင့္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္၏ ႐ုံးအဖြဲ႕အႀကီးအကဲျဖစ္သူ H.E.Dr.KUNG Phoak ဉီးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား ယေန႕မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈ ဗဟိုဌာန၌ လက္ခံေတြ႕ဆုံေၾကာင္း သိရသည္။
ေတြ႕ဆုံစဥ္ ညွိႏွိုင္းေရးေကာ္မတီအတြင္းေရးမႉးက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ေနမႈ၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ေတြ႕ဆုံ ေဆြးႏြေးမႈအေျခအေန၊ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ရွင္းလင္းေျပာၾကားသည္။
ယင္းေနာက္ ကေမၻာဒီးယားနိုင္ငံ ဒုတိယဝန္ႀကီးႏွင့္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္၏ ႐ုံးအဖြဲ႕အႀကီးအကဲျဖစ္သူ H.E.Dr.KUNG Phoak က ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီေပးေရးဆိုင္ရာကိစၥ၊ ျမန္မာနိုင္ငံ၏ လက္ရွိ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္အေပၚ ပံ့ပိုးေဆာင္႐ြက္ေပးနိုင္ေရးကိစၥ၊ ျမန္မာနိုင္ငံ၏ လက္ရွိ အေျခအေနကို ေျဖရွင္းနိုင္ရန္ ေစ့စပ္ညွိႏွိုင္း ေရးေဆြးႏြေးပြဲမ်ား က်င္းပနိုင္ေရးကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးႏြေးေျပာၾကားကာ ႏွစ္ဖက္သိရွိလိုသည္မ်ားကို အျပန္အလွန္ ရင္းရင္းႏွီးႏွီး အျမင္ခ်င္းဖလွယ္ ေဆြးႏြေး ညွိႏွိုင္းခဲ့ၾကေၾကာင္း သိရသည္။
#mhtnews
Recent Comments