
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သည့် တရားခံအမျိုးသမီးနှစ်ဦးအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည်။
ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ ရပ်ကွက်နေ ဒေါ်သောင်းဟန်နှင့် ဒေါ်ကရင်မ (ခ)ဝင်းဝင်းမော် တို့က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နေ မ — ၊ ၄၀ နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောကျ်ားယူပါက ငွေကျပ် ၁၈ သိန်းရမည်။ ကလေးတစ်ယောက်မွေးပြီးလျှင် ပြန်လာ၍ရသည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် သန်လျင်မြို့မရဲစခန်း (ပ) ၄၀၂၈ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်သောင်းဟန်နှင့် ဒေါ်ကရင်မ(ခ)ဝင်းဝင်းမော်တို့အား ဧပြီ ၇ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သည့် အမျိုးသမီးနှစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီချမှတ်”
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ ရပ်ကွက်နေ ဒေါ်သောင်းဟန်နှင့် ဒေါ်ကရင်မ (ခ)ဝင်းဝင်းမော် တို့က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နေ မ — ၊ ၄၀ နှစ်ကို တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက ငွေကျပ် ၁၈ သိန်းရမည်။ ကလေးတစ်ယောက်မွေးပြီးလျှင် ပြန်လာ၍ရသည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောက်ျားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် သန်လျင်မြို့မရဲစခန်း (ပ) ၄၀၂၈ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်သောင်းဟန်နှင့် ဒေါ်ကရင်မ(ခ)ဝင်းဝင်းမော်တို့အား ဧပြီ ၇ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments