ယနေ့ ဧပြီ ၁၁ ရက် နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က အများပြည်သူ အသုံးပြုသွားလာနေတဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၂လမ်း လမ်း၃ဝနှင့်၂၉လမ်းကြား၊ လမ်းလယ်ကျွန်း ပန်းခုံအတွင်းမှာ PDF တွေထောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အိမ်စီးကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်ပါလာသူ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်

အဆိုပါ ပေါက်ကွဲမှုကြောင့် Wish မော်တော်ယာဉ်ဟာ မိုင်းစထိမှန်ပျက်စီးခဲ့တဲ့အပြင် ယာဥ်ပေါ်ပါလာတဲ့ အမျိုးသား၊ အမျိုးသမီး ၈ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ပြင်းထန်ဒဏ်ရာရရှိသူ ငါးဦးဟာ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

အဲဒီ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက်စစ်ဆေးခဲ့ရာမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်ခုကိုလည်း တွေ့ရှိခဲ့ရတဲ့အတွက် သက်မဲ့ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#mhtnews

(Zawgyi)

“အများပြည်သူ အသုံးပြုသွားလာနေတဲ့ မန္တလေးမြို့ ၊ ၆၂ လမ်းရဲ့ လမ်းလယ်ကျွန်းမှာ PDF တွေတောင်ထားတဲ့ လက်လုပ်မိုင်းပေါက်ကွဲတာကြောင့် ယာဉ်တစ်စီပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါလာသူ ၈ ဦး ဒဏ်ရာရ”




#mhtnews