ရခိုင်ပြည်နယ်၊ အမ်းမြိုနယ်၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ ယမန်နေ့ (မတ် ၃၁ ရက်) ညနေပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲဝင်များမှ ယာဉ်အဝင်/အထွက်များအား စစ်ဆေးနေစဉ် စစ်တွေမြိုမှ ထွက်ခွာလာသည့် မိတ္ထီလာမြိုနယ်၊ ချည်ဆက်ကျေးရွာနေ ထွန်းလင်းအောင် မောင်းနှင်ပြီး ယာဥ်နောက်လိုက်များဖြစ်ကြသည့် မိတ္ထီလာမြိုနယ်၊ အိုင်ကြီးလယ်ကျေးရွာနေ ထွန်းလင်း၊ တောင်ငူမြို၊ မင်းကြီးရပ်နေ ဝေယံကျော်၊ သာကေတမြိုနယ်နေ ကျော်ရဲအောင်တို လိုက်ပါလာသော “ကစ္စပနဒီ” ခရီးသည်တင်ယာဉ်လိုင်းမှ မှန်လုံယာဉ်၊ ယာဉ်အမှတ် 4P-6468 အား စစ်ဆေးခဲ့ရာ ယာဉ်အောက်ပိုင်းရှိ ကုန်ပစ္စည်းများထားသည့် အခန်းအတွင်း သိုဝှက်တင်ဆောင်လာသော ဘင်္ဂါလီ ကျား ၄ ဦး၊ မ ၆ ဦး၊ ပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘင်္ဂါလီများအား လဝကအက်-၁၃(၁)ဖြင့် လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#mhtnews

(Zawgyi)
“အမ်းမြို့နယ် ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ မှန်လုံယာဉ်အောက်ရှိ ကုန်ပစ္စည်းများထားသည့်အခန်းအတွင်း သိုဝှက်တင်ဆောင်လာသော ဘင်္ဂါလီ (၁၀) ဦးကို ဖမ်းဆီးရမိ”

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်၌ ယမန်နေ့ (မတ် ၃၁ ရက်) ညနေပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များမှ ယာဉ်အဝင်/အထွက်များအား စစ်ဆေးနေစဉ် စစ်တွေမြို့မှ ထွက်ခွာလာသည့် မိတ္ထီလာမြို့နယ်၊ ချည်ဆက်ကျေးရွာနေ ထွန်းလင်းအောင် မောင်းနှင်ပြီး ယာဉ်နောက်လိုက်များဖြစ်ကြသည့် မိတ္ထီလာမြို့နယ်၊ အိုင်ကြီးလယ်ကျေးရွာနေ ထွန်းလင်း၊ တောင်ငူမြို့၊ မင်းကြီးရပ်နေ ဝေယံကျော်၊ သာကေတမြို့နယ်နေ ကျော်ရဲအောင်တို့ လိုက်ပါလာသော “ကစ္စပနဒီ” ခရီးသည်တင်ယာဉ်လိုင်းမှ မှန်လုံယာဉ်၊ ယာဉ်အမှတ် 4P-6468 အား စစ်ဆေးခဲ့ရာ ယာဉ်အောက်ပိုင်းရှိ ကုန်ပစ္စည်းများထားသည့် အခန်းအတွင်း သိုဝှက်တင်ဆောင်လာသော ဘင်္ဂါလီ ကျား ၄ ဦး၊ မ ၆ ဦး၊ ပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။

#mhtnews