
အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီးယားနားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် နယူးအော်လင်းမြို့၌ ၇၂ နာရီအတွင်း အနည်းဆုံးလူပေါင်း ၁၈ ဦးသေနတ်ပစ်ခတ်ခံရပြီး ယင်းတို့အနက် အနည်းဆုံး ၅ ဦးသေဆုံးသွားခဲ့ကြောင်း ၊ ထိုအရေအတွက်မှာ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စံချိန်တင်ပမာဏဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဧပြီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ယင်းပစ်ခတ်မှုများသည် သောကြာနေ့ (ဧပြီ ၈ ရက်) နံနက် ၇ နာရီ မှ တနင်္လာနေ့ ( ဧပြီ ၁၁ ရက်) နံနက် ၇ နာရီအထိ အချိန် ၇၂ နာရီအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။
နေရာမျိုးစုံ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချို့မှာ အိမ်ယာများ သို့မဟုတ် လူနေတိုက်ခန်းများ၌လည်းကောင်း ၊ အချို့မှာ လမ်းမများပေါ် ၌လည်းကောင်း၊ အချို့မှာ ကားမောင်းနှင်နေစဉ်တွင်လည်းကောင်း ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
စနေနေ့မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက် ကားပါကင်ကြမ်းပြင်ပေါ်၌ အမျိုးသားတစ်ဦးလဲကျသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုထားပြီး ယင်းအမျိုးသားသည် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရကြောင်းနှင့် အချင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့သည်။
စနေနေ့ မွန်းလွဲပိုင်းကဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုတွင် လမ်းဆုံလမ်းခွတစ်ခုအနီး ရပ်နေသော အသက် ၃၆ နှစ်အရွယ်နှင့် ၃၈ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ကားဖြင့်ရောက်ရှိလာသော အမည်မသိ လူ ၄ ဦးက စတင်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ကဆိုသည်။
လူနှစ်ယောက်မှာထွက်ပြေးသွားခဲ့သော်လည်း နောက်တွင်ကပ်ပါလာသည့် ကားပေါ်မှ လူများက အကြိမ်ကြိမ်ပစ်ခတ်ခဲ့သဖြင့် ထိုလူနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရသော်လည်း ယင်းအမျိုးသားနှစ်ဦး၏ အခြေအနေနှင့်ပတ်သက်၍ တနင်္လာနေ့အထိ မပြောနိုင်သေးပေ။
စနေနေ့ညပိုင်းကဖြစ်ပွားသော အခြားပစ်ခတ်မှုတစ်ခုတွင် ကားတစ်စီးဖြင့်ချဉ်းကပ်လာသော အမည်မသိ အမျိုးသားတစ်ဦးသည် မိန်းကလေးငယ်တစ်ဦး နှင့် အခြားသူ့အဖော်နှစ်ဦးကို ပစ်ခတ်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်မှာ ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
တနင်္လာနေ့ နံနက်အစောပိုင်းတွင်လည်း အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို သူ့အနားချဉ်းကပ်လာသည့် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ၊ သေနတ်သမားနှစ်ဦးမှ ထွက်ပြေးသွားခဲ့ကြောင်းနှင့် အပစ်ခံရသောအမျိုးသားမှာ သေနတ်ဒဏ်ရာဖြင့် ဆေးရုံတက်ကုသမှုခံယူနေရကြောင်း သိရသည်။
နယူးအော်လင်းရဲတပ်ဖွဲ့ဌာနပြောရေးဆိုခွင့်ရှိသူ Aaron Looney က ပြီးခဲ့သော တစ်ပတ်တာသည် “ ဖုန်းခေါ်ဆိုမှုအများဆုံးလက်ခံရရှိသော ရက်သတ္တပတ်ဖြစ်ကြောင်း” တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း အကြမ်းဖက်မှုများမည်သည့်အတွက်ကြောင့် မြင့်တက်လာခြင်းအပေါ် မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။
“ ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ တက်တက်ကြွကြွပြုလုပ်နေပါတယ်။ ပစ်မှုကျူးလွန်သူတွေကို ရှာဖွေတွေ့ရှိဖို့နဲ့သူတို့ကို တရားခွင်ပို့နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက တနင်္လာနေ့တွင်ပြောကြားခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။
#mhtnews

(Zawgyi)
“အေမရိကန္နိုင္ငံ နယူးေအာ္လင္းၿမိဳ႕၌ ၇၂ နာရီအတြင္း ပစ္ခတ္မႈ အနည္းဆုံး ၁၈ ႀကိမ္ျဖစ္ပြားရာ လူ ၅ ဦးေသဆုံး”
အေမရိကန္နိုင္ငံေတာင္ပိုင္း လူဝီစီးယားနားျပည္နယ္၏ အႀကီးဆုံးၿမိဳ႕ျဖစ္သည့္ နယူးေအာ္လင္းၿမိဳ႕၌ ၇၂ နာရီအတြင္း အနည္းဆုံးလူေပါင္း ၁၈ ဦးေသနတ္ပစ္ခတ္ခံရၿပီး ယင္းတို႔အနက္ အနည္းဆုံး ၅ ဦးေသဆုံးသြားခဲ့ေၾကာင္း ၊ ထိုအေရအတြက္မွာ ၿပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း စံခ်ိန္တင္ပမာဏျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာက ဧၿပီ ၁၁ ရက္တြင္ သတင္းေဖာ္ျပခဲ့သည္။
ယင္းပစ္ခတ္မႈမ်ားသည္ ေသာၾကာေန႕ (ဧၿပီ ၈ ရက္) နံနက္ ၇ နာရီ မွ တနလၤာေန႕ ( ဧၿပီ ၁၁ ရက္) နံနက္ ၇ နာရီအထိ အခ်ိန္ ၇၂ နာရီအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထုတ္ျပန္ခ်က္အရ သိရသည္။
ေနရာမ်ိဳးစုံ၌ ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး အခ်ိဳ႕မွာ အိမ္ယာမ်ား သို႔မဟုတ္ လူေနတိုက္ခန္းမ်ား၌လည္းေကာင္း ၊ အခ်ိဳ႕မွာ လမ္းမမ်ားေပၚ ၌လည္းေကာင္း၊ အခ်ိဳ႕မွာ ကားေမာင္းႏွင္ေနစဥ္တြင္လည္းေကာင္း ပစ္ခတ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္သည္။
စေနေန႕မြန္းလြဲပိုင္းက ေသနတ္ပစ္ခတ္မႈတစ္ခုျဖစ္ပြားၿပီးေနာက္ ကားပါကင္ၾကမ္းျပင္ေပၚ၌ အမ်ိဳးသားတစ္ဦးလဲက်ေသဆုံးေနသည္ကိုေတြ႕ရွိခဲ့ရသည္ဟု ရဲတပ္ဖြဲ႕က ေျပာဆိုထားၿပီး ယင္းအမ်ိဳးသားသည္ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခံခဲ့ရေၾကာင္းႏွင့္ အခ်င္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။
စေနေန႕ မြန္းလြဲပိုင္းကျဖစ္ပြားေသာ ပစ္ခတ္မႈတစ္ခုတြင္ လမ္းဆုံလမ္းခြတစ္ခုအနီး ရပ္ေနေသာ အသက္ ၃၆ ႏွစ္အ႐ြယ္ႏွင့္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသားႏွစ္ဦးကို ကားျဖင့္ေရာက္ရွိလာေသာ အမည္မသိ လူ ၄ ဦးက စတင္ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း ရဲတပ္ဖြဲ႕ကဆိုသည္။
လူႏွစ္ေယာက္မွာထြက္ေျပးသြားခဲ့ေသာ္လည္း ေနာက္တြင္ကပ္ပါလာသည့္ ကားေပၚမွ လူမ်ားက အႀကိမ္ႀကိမ္ပစ္ခတ္ခဲ့သျဖင့္ ထိုလူႏွစ္ဦး က်ည္ထိမွန္ခဲ့ေၾကာင္း သိရေသာ္လည္း ယင္းအမ်ိဳးသားႏွစ္ဦး၏ အေျခအေနႏွင့္ပတ္သက္၍ တနလၤာေန႕အထိ မေျပာနိုင္ေသးေပ။
စေနေန႕ညပိုင္းကျဖစ္ပြားေသာ အျခားပစ္ခတ္မႈတစ္ခုတြင္ ကားတစ္စီးျဖင့္ခ်ဥ္းကပ္လာေသာ အမည္မသိ အမ်ိဳးသားတစ္ဦးသည္ မိန္းကေလးငယ္တစ္ဦး ႏွင့္ အျခားသူ႕အေဖာ္ႏွစ္ဦးကို ပစ္ခတ္ခဲ့ရာ အသက္ ၁၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္မွာ ထိခိုက္ဒဏ္ရာရသြားေၾကာင္း သိရသည္။
တနလၤာေန႕ နံနက္အေစာပိုင္းတြင္လည္း အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို သူ႕အနားခ်ဥ္းကပ္လာသည့္ အမည္မသိလူႏွစ္ဦးက ေသနတ္ျဖင့္ပစ္ခတ္သြားေၾကာင္း ၊ ေသနတ္သမားႏွစ္ဦးမွ ထြက္ေျပးသြားခဲ့ေၾကာင္းႏွင့္ အပစ္ခံရေသာအမ်ိဳးသားမွာ ေသနတ္ဒဏ္ရာျဖင့္ ေဆး႐ုံတက္ကုသမႈခံယူေနရေၾကာင္း သိရသည္။
နယူးေအာ္လင္းရဲတပ္ဖြဲ႕ဌာနေျပာေရးဆိုခြင့္ရွိသူ Aaron Looney က ၿပီးခဲ့ေသာ တစ္ပတ္တာသည္ ဖုန္းေခၚဆိုမႈအမ်ားဆုံးလက္ခံရရွိေသာ ရက္သတၱပတ္ျဖစ္ေၾကာင္း တနလၤာေန႕တြင္ ေျပာၾကားခဲ့ေသာ္လည္း အၾကမ္းဖက္မႈမ်ားမည္သည့္အတြက္ေၾကာင့္ ျမင့္တက္လာျခင္းအေပၚ မွတ္ခ်က္ေပးရန္ျငင္းဆိုခဲ့သည္။
ဒီပစ္ခတ္မႈေတြနဲ႕ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးမႈေတြ တက္တက္ႂကြႂကြျပဳလုပ္ေနပါတယ္။ ပစ္မႈက်ဴးလြန္သူေတြကို ရွာေဖြေတြ႕ရွိဖို႔နဲ႕သူတို႔ကို တရားခြင္ပို႔နိုင္ဖို႔ အစြမ္းကုန္ႀကိဳးပမ္းလုပ္ေဆာင္ေနပါတယ္ ဟု ၎က တနလၤာေန႕တြင္ေျပာၾကားခဲ့ေၾကာင္း သတင္းေဖာ္ျပမႈမ်ားအရ သိရသည္။
#mhtnews
Recent Comments