ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ ဒုတိယသမ္မတ ကာမာလာ ဟဲရစ် (Kamala Harris) နှင့် Facebook (Meta) အမှုဆောင်အရာရှိချုပ် မာ့ခ် ဇူကာဘတ် (Mark Zuckerberg) အပါအဝင် အမေရိကန်နိုင်ငံသား ၂၉ ဦးနှင့် ကနေဒါနိုင်ငံသား ၆၁ ဦးတို့အား လူပုဂ္ဂိုလ်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းက ဖော်ပြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရမှ သတ်မှတ်ထားသော ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုမျာအား တုံ့ပြန်သည့်အနေဖြင့် ရုရှား၏ “ရပ်ဆိုင်းစာရင်း” ၌ အမေရိကန်နိုင်ငံသား ၂၉ ဦး ပါဝင်လာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် ရုရှားဆန့်ကျင်ရေးအစီအစဉ်များ လုပ်ဆောင်နေသည့် အမေရိကန် ထိပ်တန်းခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ ကျွမ်းကျင်ပညာရှင်များနှင့် သတင်းထောက်များအပြင် အဆင့်မြင့်အရာရှိ အမြောက်အများ၏ ဇနီးများကိုလည်း ရပ်ဆိုင်းစာရင်း၌ ထည့်သွင်းထားကြောင်းနှင့် အချိန်ကာလအကန့်အသတ်မရှိ ရုရှားနိုင်ငံသို့ ပြည်ဝင်ခွင့် ငြင်းပယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ကနေဒါနိုင်ငံ၏ ရုရှာဆန့်ကျင်ရေးလုပ်ဆောင်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံ၏ “ရပ်နားစာရင်း” တွင် ကနေဒါအစိုးရ၊ ကာကွယ်ရေးအဖွဲ့ဝင်များနှင့် မီဒီယာကိုယ်စာလှယ်များကိုလည်း ထည့်သွင်းလိုက်ကြောင်းနှင့် ကနေဒါနိုင်ငံသား ၆၁ ဦးကို ရုရုားသို့ ပြည်ဝင်ခွင့် တားမြစ်လိုက်သည်။

အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံမှ ရန်လိုသောလုပ်ဆောင်မှုများ ဆောင်ရွက်နေသည်ကို လက်တုံ့ပြန်သောအားဖြင့် “ရပ်နားစာရင်း” ကို နောက်ပိုင်းတွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောခဲ့သည်သည်ဟု သိရသည်။

#mhtnews

============================

(Zawgyi)

“အေမရိကန္ဒုတိယသမၼတႏွင့္ Facebook (Meta) အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ ဇူကာဘတ္တို႔အပါအဝင္ အေမရိကန္နိုင္ငံသား၊ ကေနဒါနိုင္ငံသား ၉၀ ေက်ာ္တို႔ကို ႐ုရွားက လူပုဂၢိုလ္ဆိုင္ရာ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားျပဳလုပ္”

႐ုရွားနိုင္ငံက အေမရိကန္နိုင္ငံ ဒုတိယသမၼတ ကာမာလာ ဟဲရစ္ (Kamala Harris) ႏွင့္ Facebook (Meta) အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ ဇူကာဘတ္ (Mark Zuckerberg) အပါအဝင္ အေမရိကန္နိုင္ငံသား ၂၉ ဦးႏွင့္ ကေနဒါနိုင္ငံသား ၆၁ ဦးတို႔အား လူပုဂၢိုလ္ဆိုင္ရာ ဒဏ္ခတ္ပိတ္ဆို႔မႈ ျပဳလုပ္ခဲ့ေၾကာင္း ႐ုရွား နိုင္ငံျခားေရးဝန္ႀကီးဌာနက ဧၿပီ ၂၁ ရက္က ေျပာၾကားခဲ့သည္ဟု ဆင္ဟြာသတင္းက ေဖာ္ျပသည္။

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ အစိုးရမွ သတ္မွတ္ထားေသာ ႐ုရွားဆန႔္က်င္ေရး ဒဏ္ခတ္ပိတ္ဆို႔မႈမ်ာအား တုံ႕ျပန္သည့္အေနျဖင့္ ႐ုရွား၏ ရပ္ဆိုင္းစာရင္း ၌ အေမရိကန္နိုင္ငံသား ၂၉ ဦး ပါဝင္လာျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

ထို႔အျပင္ ႐ုရွားဆန႔္က်င္ေရးအစီအစဥ္မ်ား လုပ္ေဆာင္ေနသည့္ အေမရိကန္ ထိပ္တန္းေခါင္းေဆာင္မ်ား၊ စီးပြားေရးသမားမ်ား၊ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ သတင္းေထာက္မ်ားအျပင္ အဆင့္ျမင့္အရာရွိ အေျမာက္အမ်ား၏ ဇနီးမ်ားကိုလည္း ရပ္ဆိုင္းစာရင္း၌ ထည့္သြင္းထားေၾကာင္းႏွင့္ အခ်ိန္ကာလအကန႔္အသတ္မရွိ ႐ုရွားနိုင္ငံသို႔ ျပည္ဝင္ခြင့္ ျငင္းပယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ ကေနဒါနိုင္ငံ၏ ႐ုရွာဆန႔္က်င္ေရးလုပ္ေဆာင္ခ်က္မ်ားကို တုံ႕ျပန္သည့္အေနျဖင့္ ႐ုရွားနိုင္ငံ၏ ရပ္နားစာရင္း တြင္ ကေနဒါအစိုးရ၊ ကာကြယ္ေရးအဖြဲ႕ဝင္မ်ားႏွင့္ မီဒီယာကိုယ္စာလွယ္မ်ားကိုလည္း ထည့္သြင္းလိုက္ေၾကာင္းႏွင့္ ကေနဒါနိုင္ငံသား ၆၁ ဦးကို ႐ု႐ုားသို႔ ျပည္ဝင္ခြင့္ တားျမစ္လိုက္သည္။

အေမရိကန္နိုင္ငံႏွင့္ ကေနဒါနိုင္ငံမွ ရန္လိုေသာလုပ္ေဆာင္မႈမ်ား ေဆာင္႐ြက္ေနသည္ကို လက္တုံ႕ျပန္ေသာအားျဖင့္ ရပ္နားစာရင္း ကို ေနာက္ပိုင္းတြင္ တိုးခ်ဲ့သြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ေျပာခဲ့သည္သည္ဟု သိရသည္။

#mhtnews