အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) ၏အဖွဲဝင်တွေဟာ အမေရိကန်ရဲ့ အကြီးဆုံး အရန်ရေနံထုတ်ရောင်းချမှုမှာ ပါဝင်ဖို သဘောတူပြီး နောက်ရက်မှာပဲ ရေနံစျေးနှုန်းဟာ ၂ နှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းကို ကျဆင်းသွားခဲ့တယ်လို နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အရန်ရေနံရောင်းချမယ့်အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် ဘရင့်နှင့် အမေရိကန်ရေနံစိမ်းစျေးနူန်အညွှန်းဟာ နှစ်နှစ်အတွင်း ၎င်းတိုရဲ့ အပတ်စဉ် အကြီးမားဆုံးကျဆင်းမှုအဖြစ် ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဘရင့်ရေနံစိမ်းဟာ ကြိုရောင်းမှာ ၃၂ ဆင့် သိုမဟုတ် ၀.၃ ရာခိုင်နှုန်း၊ တစ်စည်ကို ၁၀၄.၃၉ ဒေါ်လာနဲ့ ကျဆင်းခဲ့ပြီး အမေရိကန်အနောက်တက္ကဆက် (WTI)ရေနံစိမ်းရဲ့ ကြိုရောင်းမှာ ၁.၀၁ ဒေါ်လာ သိုမဟုတ် ၁ ရာခိုင်နှုန်း၊ ၉၉.၂၇ ဒေါ်လာနဲ့ ကျဆင်းသွားခဲ့တာဖြစ်တယ်လို သတင်းများက ဆိုပါတယ်။
#mhtnews

(Zawgyi)
“အမေရိကန်က အရန်ရေနံထုတ်ရောင်းရန် အမိန့်ထွက်လာပြီးနောက် ၂ နှစ်အတွင်း ရေနံဈေးအနိမ့်ဆုံးအဖြစ် ၁၃ ရာခိုင်နှုန်းခန့်ကျဆင်း”

အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) ၏အဖွဲ့ဝင်တွေဟာ အမေရိကန်ရဲ့ အကြီးဆုံး အရန်ရေနံထုတ်ရောင်းချမှုမှာ ပါဝင်ဖို့ သဘောတူပြီး နောက်ရက်မှာပဲ ရေနံဈေးနှုန်းဟာ ၂ နှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်းကို ကျဆင်းသွားခဲ့တယ်လို့ နိုင်ငံတကာသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အရန်ရေနံရောင်းချမယ့်အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိးဘိုင်ဒင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာပြီးနောက် ဘရင့်နှင့် အမေရိကန်ရေနံစိမ်းဈေးနူန်အညွှန်းဟာ နှစ်နှစ်အတွင်း ၎င်းတို့ရဲ့ အပတ်စဉ် အကြီးမားဆုံးကျဆင်းမှုအဖြစ် ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဘရင့်ရေနံစိမ်းဟာ ကြိုရောင်းမှာ ၃၂ ဆင့် သို့မဟုတ် ၀.၃ ရာခိုင်နှုန်း၊ တစ်စည်ကို ၁၀၄.၃၉ ဒေါ်လာနဲ့ ကျဆင်းခဲ့ပြီး အမေရိကန်အနောက်တက္ကဆက် (WTI)ရေနံစိမ်းရဲ့ ကြိုရောင်းမှာ ၁.၀၁ ဒေါ်လာ သို့မဟုတ် ၁ ရာခိုင်နှုန်း၊ ၉၉.၂၇ ဒေါ်လာနဲ့ ကျဆင်းသွားခဲ့တာဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။
#mhtnews