ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ (Roscosmos) က အနောက်တိုင်းနိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများ ရပ်တန့်လိုက်ကြောင်း Roscosmos ညွှန်ကြားရေးမှူးချုပ် Dmitry Rogozin က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဖော်ပြမှုအရ သိရသည်။

ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ရုရှားဖက်ဒရယ် အာကာသအေဂျင်စီက အနောက်နိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများကို ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ယူကရိန်းအာဏာပိုင်များကို လက်နက်နှင့် နိုင်ငံရေးထောက်ပံ့မှုပေးသည့် နိုင်ငံများနှင့် မည်သည့်ပူးပေါင်းဆောင်ရွက်မှုမျှ လုပ်ဆောင်မည်မဟုတ်ကြောင်း Rogozin က ဧပြီ ၃ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။
#mhtnews

(Zawgyi)
“အနောက်နိုင်ငံများနှင့် ပူးတွဲဆောင်ရွက်သော စီမံကိန်းများ ရပ်တန့်လိုက်ကြောင်း ရုရှားဖက်ဒရယ် အာကာသအေဂျင်စီ Roscosmos တာဝန်ရှိသူပြော”


#mhtnews